Meltdown နဲ့ Spectre Patch တွေကြောင့် Broadwell, Haswell Processor အသုံးပြုထားတဲ့ စက်တွေမှာ ခဏခဏ Reboot ကျတဲ့ ပြဿနာရှိမယ်လို့ Intel ပြောကြား

date_range 12 January 2018

Meltdown နဲ့ Spectre Patch တွေကြောင့် Broadwell, Haswell Processor အသုံးပြုထားတဲ့ စက်တွေမှာ ခဏခဏ Reboot ကျတဲ့ ပြဿနာရှိမယ်လို့ Intel ပြောကြား

visibility 580 Views

                Intel Processor တွေမှာ Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw နှစ်ခုရှိနေတာကြောင့် Intel အနေနဲ့ Intel Processor တွေအတွက် Security Patch တွေ ထုတ်ပေးနေရပါတယ်။ ဒါပေမယ့် ထုတ်ပေးလိုက်တဲ့ Security Patch တွေကြောင့် Broadwell နဲ့ Haswell အသုံးပြုထားတဲ့ စက်တွေမှာ သာမန်ထက်ပိုပြီး ခဏခဏ Reboot ကျတဲ့ ပြဿနာရှိမယ်လို့ Intel Newsroom မှာ ကြေငြာခဲ့ပါတယ်။

            “Firmware Update တွေ တင်ပြီးတဲ့အခါမှာ စက်တွေက ခဏခဏ Reboot ကျသွားတယ် ဆိုတာကို အသုံးပြုနေသူတွေရဲ့ Report တွေကတစ်ဆင့် သိရှိထားပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဒီပြဿနာက Intel ရဲ့ Broadwell နဲ့ Haswell Processsor တွေမှာ ဖြစ်နေတာဖြစ်ပြီး Data Center တွေမှာရော PC တွေမှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။”

လို့ Intel Data Center Group ရဲ့ General Manager ဖြစ်သူ Navin Shenoy က Intel Newsroom မှာ ပြောထားပါတယ်။

                သူကပဲ ဆက်လက်ပြီး

                “Intel အနေနဲ့ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ အကယ်လို့ Intel ဘက်ကနေ Bug Fix ထပ် ထုတ်ပေးရမယ် ဆိုရင်လည်း ထုတ်ပေးသွားမှာပါ”

လို့ ပြောကြားထားပါတယ်။

                အခုအချိန်မှာတော့ Intel အနေနဲ့ Cloud Computing အသုံးပြုသူတွေကို Bug ရှိနေသေးတဲ့ Security Patch ကို Update မလုပ်ကြဖို့ ပိတ်ပင်ထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Meltdown နဲ့ Spectre အတွက် Security Patch တွေဟာ ဘယ်ကုမ္ပဏီကပဲ ထုတ်ပေးပေး Bug တွေ ရှိနေသေးတာကို တွေ့နေရပါတယ်။

                ဒါပေမယ့် အပြစ်သွားပြောလို့တော့ မရပါဘူး။ ရှင်းရှင်းပြောရရင် Meltdown နဲ့ Spectre က အဆိုးရွားဆုံး Security Flaw တွေ ဖြစ်နေတဲ့အပြင် တွေ့တွေ့ခြင်းပဲ Security Patch တွေကို အသည်းအသန် ထုတ်ပေးနေရတာဆိုတော့ ကြားထဲမှာ အမှားတွေကတော့ ရှိနေဦးမှာပါပဲ။

References
Gadget NDTV Intel Newsroom
About Author
Assinged Tags
Security Intel Intel Core Security Flaw Meltdown Spectre CPU Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed