iPhone X ထုတ်လုပ်မှုကို Apple က တစ်ဝက်တိတိ လျော့ချခဲ့တာကြောင့် OLED Display တွေဝယ်ယူမယ့် ကုမ္ပဏီကို အပူတပြင်း လိုက်ရှာနေရတဲ့ Samsung

date_range 19 February 2018

iPhone X ထုတ်လုပ်မှုကို Apple က တစ်ဝက်တိတိ လျော့ချခဲ့တာကြောင့် OLED Display တွေဝယ်ယူမယ့် ကုမ္ပဏီကို အပူတပြင်း လိုက်ရှာနေရတဲ့ Samsung

visibility 2140 Views

                Apple အနေနဲ့ အားလပ်ရက် ဈေးဝယ်မှာသီမှာ ထင်သလောက် ရောင်းအားမကောင်းခဲ့တာကြောင့် iPhone X ထုတ်လုပ်မှုကို တစ်ဝက်တိတိ လျော့ချပစ်ခဲ့ပါတယ်။ အဲ့တုန်းကလည်း iPhone X အတွက် Component ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတွေ ဒုက္ခရောက်ခဲ့ကြရသလို iPhone X တစ်လုံးအတွက် ကန်ဒေါ်လာ ၁၁၀ လောက် အကျိုးအမြတ် ရရှိနေမယ့် Samsung လည်း တိုင်ပါတ်ရပြီ ဖြစ်ပါတယ်။

                Nikkei ကနေ ဒီနေ့ ပေးပို့ထားတဲ့ Report တစ်ခုအရ Samsung ဟာ iPhone X ရဲ့ ဝယ်လိုအားကို အမှီလိုက်နိုင်ဖို့အတွက် OLED Display တွေကို အမြောက်အများ ထုတ်လုပ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း Apple ဘက်က iPhone X ထုတ်လုပ်မှုကို တစ်ဝက်တိတိ လျော့ချလိုက်တဲ့ အချိန်မှာ Samsung လက်ထဲမှာ OLED Display တွေ ပိုသွားပြီ ဖြစ်တာကြောင့် ပိုပြီးတိုင်ပါတ်သွားပါတယ်။

                Samsung ဘက်ကတော့ လက်ရှိ လက်ထဲမှာပိုနေတဲ့ OLED Panel တွေကို Apple ဘက်က မဝယ်တော့ဘူး ဆိုရင်လည်းပဲ အခြားဝယ်ယူတပ်ဆင်မယ့် စမတ်ဖုန်းကုမ္ပဏီတွေ ရှိဦးမှာပဲလို့ မျှော်လင့်ထားပေမယ့်လည်း တကယ့်အတကယ်မှာတော့ စမတ်ဖုန်းကုမ္ပဏီတွေကလည်း OLED Display တွေက ဈေးကြီးတာကြောင့် LCD Panel တွေနဲ့ပဲ နှစ်ပါးသွားနေကြတဲ့အတွက် Samsung မျှော်လင့်ထားသလိုတော့ ဖြစ်လာဖို့ အလားအလာ နည်းနေပါတယ်။

                နောက်ပြီး လက်ရှိမှာ တရုတ်နိုင်ငံက OLED Display ထုတ်လုပ်သူတွေဟာ OLED Display တွေကို Samsung ထက် အမြောက်အများ ထုတ်လုပ်နိုင်တာ ဖြစ်တဲ့အတွက် Samsung ထုတ် OLED Display တွေကို ဈေးလျော့ရောင်းချရဖို့အတွက် Samsung ကို ဖိအားတွေ ပေးနေသလို ဖြစ်နေပါတယ်။

                ဒါ့အပြင် LG ကလည်း မျိုးဆက်သစ် iPhone တွေအတွက် OLED Display တွေ ထုတ်လုပ်ပေးဖို့ Apple ဘက်က အော်ဒါမှာယူလာအောင် ကြိုးစားနေပါသေးတယ်။ Apple ဘက်ကလည်း လက်ရှိအချိန်မှာ ကုမ္ပဏီ တော်တော်များများက OLED Display တွေကို Samsung လောက်နီးပါး ကောင်းမွန်အောင် ထုတ်လုပ်လာနိုင်ကြပြီ ဖြစ်တာကြောင့် Samsung နဲ့ လက်တွဲဖြုတ်ဖို့ ရာခိုင်နှုန်း တော်တော်များနေပါတယ်။

                လက်ရှိမှာတော့ လက်ထဲမှာ OLED Display တွေ ပိုနေတဲ့ Samsung အနေနဲ့ ဝယ်ယူမယ့် ကုမ္ပဏီကို အပူတပြင်း လိုက်လံရှာဖွေ နေရပါသေးတယ်။ အကယ်လို့ မရောင်းရခဲ့ရင်တော့ Samsung ဘက်က တော်တော်လေး အထိနာသွားမယ်လို့ ကျွမ်းကျင်သူများ သုံးသပ်ထားကြပါတယ်။

References
9to5Mac Brecorder
About Author
Assinged Tags
Samsung LG OLED Display OLED Display Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed