အားလပ်ရက် ဈေးဝယ်ရာသီမှာ ထင်သလောက် ရောင်းအားမကောင်းခဲ့တာကြောင့် iPhone X ထုတ်လုပ်မှုကို တစ်ဝက်တိတိ လျော့ချလိုက်တဲ့ Apple

date_range 30 January 2018

အားလပ်ရက် ဈေးဝယ်ရာသီမှာ ထင်သလောက် ရောင်းအားမကောင်းခဲ့တာကြောင့် iPhone X ထုတ်လုပ်မှုကို တစ်ဝက်တိတိ လျော့ချလိုက်တဲ့ Apple

visibility 1380 Views

                Apple အနေနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကျရင် စတင် ရောင်းချတော့မယ့် HomePod ကတော့ အစောဆုံး Review တွေအရ အခြေအနေ တော်တော်ကောင်းနေပေမယ့် iPhone X ကတော့ ၂၀၁၇ နှစ်ကုန်ပိုင်း အားလပ်ရက် ဈေးဝယ်ရာသီမှာ မျှော်မှန်းထားသလောက် ရောင်းအားမကောင်းခဲ့ပါဘူး။ ဒါကြောင့်လည်း iPhone X ထုတ်လုပ်မှုကို တစ်ဝက်တိတိ လျော့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                ဒီသတင်းကိုတော့ Nikkei ကနေ ရရှိထားတာဖြစ်ပြီး အမည်မဖော်လိုတဲ့ iPhone X Component ထုတ်လုပ်သူဆီက ရရှိထားတယ်လို့လည်း သိရပါတယ်။ Apple အနေနဲ့ ဒီနှစ်အစောပိုင်းအတွက် မျှော်မှန်းထုတ်လုပ်သွားမယ့် iPhone X အရေအတွက် အလုံးရေ သန်း ၄၀ ကနေ သန်း ၂၀ အထိ လျော့ချသွားမှာဖြစ်ကြောင်း ထုတ်လုပ်သူတွေဆီ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

                Apple ရဲ့ အဓိက ဈေးကွက်တွေဖြစ်တဲ့ ဥရောပနိုင်ငံတွေ၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေမှာ ၂၀၁၇ နှစ်ကုန်ပိုင်း အားလပ်ရက် ဈေးဝယ်ရာသီအတွင်း iPhone X က ထင်သလောက် အရောင်းမသွက်ခဲ့တာကြောင့် Apple ရဲ့ ရှယ်ယာတွေလည်း ၂% ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

                Apple အနေနဲ့ iPhone 7, 7 Plus, 8, 8 Plus ထုတ်လုပ်မှုကိုတော့ အရင်တုန်းက ပစ်မှတ်ထားခဲ့တဲ့အတိုင်းပဲ အလုံးရေ သန်း ၃၀ ထုတ်လုပ်သွားမှာပါ။ ဒါပေမယ့် iPhone X Component ထုတ်လုပ်သူတွေကတော့ အခုလို ထုတ်လုပ်မှု လျော့ချလိုက်တဲ့အတွက် ကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိဖို့အတွက် အဆင်သင့် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone HomePod Apple HomePod Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed