Radeon Vega Graphics Built-in ပါဝင်တဲ့ Ryzen 5 2400G နဲ့ Ryzen 3 2200G Desktop CPU သစ်နှစ်မျိုးကို AMD မိတ်ဆက်

date_range 15 February 2018

Radeon Vega Graphics Built-in ပါဝင်တဲ့ Ryzen 5 2400G နဲ့ Ryzen 3 2200G Desktop CPU သစ်နှစ်မျိုးကို AMD မိတ်ဆက်

visibility 200 Views

                AMD (Advanced Micro Device) အနေနဲ့ စွမ်းဆောင်ရည်မြင့် Radeon Vega Graphics Built-in ပါဝင်တဲ့ Ryzen 5 2400G နဲ့ Ryzen 3 2200G Quad Core Desktop Processor ၂ မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Mid-Range Desktop CPU အမျိုးအစားဖြစ်တဲ့ Ryzen 5 2400G မှာ စွမ်းဆောင်ရည်မြင့် Radeon Vega 11 Graphics ပါဝင်မှာဖြစ်ပြီး Budget Desktop CPU အမျိုးအစားဖြစ်တဲ့ Ryzen 3 2200G မှာတော့ Radeon Vega 8 Graphics ပါဝင်လာမှာ ဖြစ်ပါတယ်။

                Ryzen 5 2400G မှာ Core ၄ လုံး၊ Thread ၈ ခု ရှိမှာဖြစ်ပြီး ကန်ဒေါ်လာ ၁၆၉ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Ryzen 3 2200G မှာတော့ Core ၄ လုံး၊ Thread ၄ ခု ရှိမှာဖြစ်ကာ ကန်ဒေါ်လာ ၉၉ ခန့် ကျသင့်မယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် AMD အဆိုအရ Ryzen 5 2400 G ရဲ့ စွမ်းဆောင်ရည်ဟာ ကန်ဒေါ်လာ ၂၇၀ လောက်ကျသင့်မယ့် Intel ရဲ့ 8th Generation Core i5-8400 Processor ကို Nvidia ရဲ့ Dedicated GT 1030 GPU နဲ့ တွဲသုံးထားတဲ့ စွမ်းဆောင်ရည်လောက် ကောင်းမွန်တယ်လို့ သိရပါတယ်။


                Ryzen 5 2400G နဲ့ Ryzen 3 2200G တို့ဟာ ၂၀၁၇ တုန်းက Intel နဲ့ AMD တို့ ပူးပေါင်းပြီး မိတ်ဆက်ပြသပေးခဲ့တဲ့ Kaby Lake-G လိုမျိုးပါပဲ။ ဒါပေမယ့် Kaby Lake-G ဟာ Intel ရဲ့ 8th Generation Core i5 ဒါမှမဟုတ် Core i7 Processor ကို AMD ရဲ့ Radeon RX Vega M Graphics နဲ့ ပေါင်းစပ်ထားပြီး Graphics Performance ကောင်းမွန်သလို စွမ်းအင်ပိုမိုချွေတာနိုင်တဲ့ အားသာချက်ရှိကြောင့် High-End Laptop တွေနဲ့ပဲ ကိုက်ညီသလို ဖြစ်နေပါတယ်။

                ဒါကြောင့် AMD အနေနဲ့ Ryzen 5 2400G နဲ့ Ryzen 3 2200G တို့ကို Graphics Performance ကောင်းကောင်းလိုချင်ပေမယ့် Dedicated Graphics Card ဝယ်ယူလို့ အဆင်မပြေတဲ့ Gamer တွေအတွက် အကုန်အကျသက်သာပြီး CPU ရော၊ GPU ရော တခါတည်းရရှိမှာ ဖြစ်သလို Graphics Performance လည်း ကောင်းကောင်းမွန်မွန် ရရှိနိုင်စေဖို့အတွက် မိတ်ဆက်ပေးခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် AMD ရဲ့ High-End Processor Series တွေဖြစ်တဲ့ Ryzen 7 နဲ့ Threadripper တို့ကိုလည်း Ryzen 5 2400G နဲ့ Ryzen 3 2200G တို့လို ထုတ်လုပ်ရောင်းချပေးဖို့ အစီအစဉ် ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

                Ryzen 5 2400G နဲ့ Ryzen 3 2200G တို့ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အောက်ကဇယားမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။


This Article is contributed by 2puu.
References
The Verge
About Author
Assinged Tags
Intel AMD AMD Processor AMD Graphics AMD Ryzen Ryzen Ryzen 5 2400G Ryzen 3 2200G Kaby Lake G
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed