၂၀၁၉ ခုနှစ်အတွင်း Snapdragon X50 5G NR Modem အသုံးပြု 5G စမတ်ဖုန်း ထုတ်လုပ်မယ့် ကုမ္ပဏီစာရင်းကို ထုတ်ပြန်ကြေငြာလိုက်တဲ့ Qualcomm

date_range 09 February 2018

၂၀၁၉ ခုနှစ်အတွင်း Snapdragon X50 5G NR Modem အသုံးပြု 5G စမတ်ဖုန်း ထုတ်လုပ်မယ့် ကုမ္ပဏီစာရင်းကို ထုတ်ပြန်ကြေငြာလိုက်တဲ့ Qualcomm

visibility 1340 Views

                ပြီးခဲ့လ ၂၉ ရက်နေ့တုန်းက Qualcomm အနေနဲ့ 5G စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့အတွက် Lenovo, Xiaomi, ZTE, Oppo, Vivo တို့နဲ့ လက်တွဲသွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။ ယနေ့မှာတော့ 5G စမတ်ဖုန်း ထုတ်လုပ်ဖို့အတွက် Qualcomm နဲ့ ပူးပေါင်းသွားမယ့် ကုမ္ပဏီ အနည်းဆုံး ၁၈ ခု ရှိတယ်ဆိုတဲ့ အကြောင်းကို  တရားဝင် ထုတ်ပြန်ကြေငြာ သွားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့တစ်ဝှမ်းက Telecom Service Provider တွေ အနေနဲ့လည်း 5G ကွန်ရက်ကို မကြာခင် အချိန်အတွင်းမှာ စတင် စမ်းသပ်သွားမှာ ဖြစ်တဲ့အကြောင်းကို Qualcomm က အတည်ပြု ပေးခဲ့ပါတယ်။

                စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီတွေ အနေနဲ့ 5G ကွန်ရက်ကို Support လုပ်ဖို့အတွက် Qualcomm ရဲ့ Snapdragon X50 5G Modem ကို အသစ်ထုတ်လုပ်မယ့် စမတ်ဖုန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Snapdragon X50 5G Modem ဆိုတာကတော့ Qualcomm က ဒီဇိုင်း ရေးဆွဲထားပြီး 5G ကွန်ရက်ကို Support လုပ်ပေးနိုင်မယ့် Modem ပဲ ဖြစ်ပါတယ်။ Snapdragon X50 5G NR (New Radio) Mobile Modem ကို 5G ကွန်ရက်မှာ အသုံးပြုမယ်ဆိုရင် Download Speed ကို Gigabit နဲ့ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Qualcomm အနေနဲ့ Snapdragon X50 5G Modem ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက စတင် မိတ်ဆက် ပေးခဲ့တာဖြစ်ပြီး ၂၀၁၉ နှစ်အစပိုင်းမှာ စျေးကွက်ထဲကို ရောက်ရှိလာမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ Snapdragon X50 5G Modem ဟာ Password ခံမထားတဲ့ Public Wi-Fi တွေကိုလည်း အလိုအလျောက် ချိတ်ဆက်ပေးနိုင်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် Download Speed လည်း တော်တော်ကြီးကို မြန်သွားမှာဖြစ်ပြီး Web Browsing, Video Call, Voice Call တို့ကို လည်း အခုထက် ပိုမို အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

                360-Degree Video တွေကိုလည်း ထစ်ငေါ့ခြင်းမရှိပဲ တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် Instant Cloud Access လည်း ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ Qualcomm အနေနဲ့ 5G Modem တွေကို စမတ်ဖုန်းတွေအတွက် သာမကပဲ ARM Laptop တွေ၊ VR Product တွေ၊ AR Product တွေ အတွက်ပါ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                5G ကွန်ရက်ကို စတင် စမ်းသပ်သွားမယ့် Global Mobile Operator တွေကတော့

  • AT&T
  • British Telecom
  • China Telecom
  • China Mobile
  • China Unicom
  • Deutsche Telekom
  • KDDI
  • KT Corporation
  • LG Uplus
  • NTT DOCOMO
  • Orange
  • Singtel
  • SK Telecom
  • Sprint
  • Telstra
  • TIM
  • Verizon
  • Vodafone Group

တို့ပဲ ဖြစ်ပါတယ်။

                Qualcomm ရဲ့ Snapdragon X50 Modem ကို အသုံးပြုပြီး 5G စမတ်ဖုန်းတွေ ထုတ်လုပ်သွားမယ့် ကုမ္ပဏီတွေကတော့ 

  • Asus
  • Fujitsu Limited
  • Fujitsu Connected Technologies Limited
  • HMD Global (Nokia)
  • HTC
  • Inseego/ Novatel Wireless
  • LG
  • NetComm Wireless
  • NETGEAR
  • OPPO
  • Sharp Corporation
  • Sierra Wireless
  • Sony Mobile
  • Telit
  • Vivo
  • Wingtech
  • WNC
  • Xiaomi
  • ZTE 

တို့ပဲ ဖြစ်ပါတယ်။

                Apple နဲ့ Huawei တို့ကတော့ ယခုစာရင်းထဲမှာ ပါဝင်လာခဲ့ခြင်း မရှိသလို အရင်လတုန်းက Qualcomm နဲ့ ပူးပေါင်းမယ်လို့ ပြောကြားခဲ့တဲ့ Lenovo လည်း အခုစာရင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။ Samsung အနေနဲ့ကတော့ Qualcomm နဲ့ သီးသန့် စာချုပ်ချုပ်ဆိုပြီး ဖြစ်တာကြောင့် Samsung ထုတ် 5G စမတ်ဖုန်းတွေကိုလည်း ၂၀၁၉ ခုနှစ်အတွင်းမှာ မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် 5G ကြိုးမဲ့ကွန်ရက်ကို Support လုပ်နိုင်မယ့် Prototype စမတ်ဖုန်းတစ်မျိုးကို ထိုင်ဝမ် 5G Event မှာ HTC က ပြသသွားခဲ့တာကြောင့် HTC ရဲ့ 5G စမတ်ဖုန်းကိုလည်း မကြာမီ အချိန်အတွင်း မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina
About Author
Assinged Tags
Samsung Xiaomi Asus Huawei Nokia Qualcomm Qualcomm Modems LG Lenovo OPPO HTC Vivo ZTE Apple 5G Network 5G Smartphones
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed