5G ကြိုးမဲ့ကွန်ရက်ကို Support လုပ်နိုင်မယ့် Prototype စမတ်ဖုန်းတစ်မျိုးကို ထိုင်ဝမ် 5G Event မှာ HTC ပြသ

date_range 06 February 2018

5G ကြိုးမဲ့ကွန်ရက်ကို Support လုပ်နိုင်မယ့် Prototype စမတ်ဖုန်းတစ်မျိုးကို ထိုင်ဝမ် 5G Event မှာ HTC ပြသ

visibility 1140 Views

                HTC အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှုကို လျှော့ချပစ်မယ်လို့ ပြောကြား ထားခဲ့ပေမယ့် မနှစ်က ထွက်ရှိထားတဲ့ Flagship စမတ်ဖုန်း HTC U11 ကို အဆင့်မြှင့်တင်ထားတဲ့ HTC U12 ကို ယခုနှစ် အတွင်းမှာ မိတ်ဆက်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ HTC ဘက်ကတော့ U12 Flagship စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး တရားဝင် အတည်ပြုပေးခြင်း မရှိသေးပါဘူး။


                ဒါပေမယ့် မကြာသေးမီ အချိန်က ကျင်းပသွားခဲ့တဲ့ ထိုင်ဝမ် 5G Event မှာ HTC အနေနဲ့ 5G ကြိုးမဲ့ကွန်ရက် ကို Support လုပ်ပေးမယ့် Prototype စမတ်ဖုန်းတစ်မျိုးကို ပြသသွားခဲ့ပါတယ်။ HTC ဘက်ကတော့ 5G Event မှာ ပြသသွားခဲ့တဲ့ Prototype စမတ်ဖုန်းကို ကုမ္ပဏီရဲ့ နောက်ထပ် ထွက်ရှိလာမယ့် Flagship စမတ်ဖုန်းအဖြစ် အတည်မပြုပေးခဲ့ပေမယ့် ကျွမ်းကျင်သူများကတော့ ဒီ Prototype စမတ်ဖုန်းကို HTC ရဲ့ နောက်ထွက်လာမယ့် Flagship စမတ်ဖုန်း HTC U12 ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။


                နာမည်ကြီး Tipster တစ်ယောက်ဖြစ်တဲ့ Evan Blass ကလည်း သူ့ရဲ့ Twitter အကောင့်မှာ အခုမိတ်ဆက် ပြသသွားတဲ့ Prototype စမတ်ဖုန်းကို ကုမ္ပဏီရဲ့ အသစ်ထွက်လာမယ့် HTC Imagine လို့ Codename ပေးထားတဲ့ Flagship စမတ်ဖုန်း HTC U12 ဖြစ်လာနိုင်တယ်လို့ Tweet လုပ်သွားခဲ့ပါတယ်။

                ထိုင်ဝမ် 5G Event မှာ ပြသသွားခဲ့တဲ့ Prototype အရ HTC U12 ကို Bezel-Less Display၊ 18:9 Aspect Ratio နဲ့ မိတ်ဆက် လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အရင်တုန်းက ထွက်ရှိထားတဲ့ ကောလာဟလများအရ HTC U12 Flagship စမတ်ဖုန်းမှာ 4K Display ကို အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။


                ဒါ့အပြင် မကြာသေးမီ အချိန်က HTC U12 နဲ့ ပက်သတ်ပြီး ထွက်ရှိထားတဲ့ Render Image များအရ HTC U12 မှာ Fingerprint Sensor ပါဝင်မှာ မဟုတ်ပဲ Samsung ရဲ့ Flagship စမတ်ဖုန်းတွေမှာလို Iris Scanner ကို အစားထိုး အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။ အခုခေတ် Flagship စမတ်ဖုန်း တော်တော်များများမှာ Facial Recognition Feature တွေ ပါဝင်လာပြီ ဖြစ်တာကြောင့် ဒီကိစ္စက သိပ်တော့ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။


                HTC အနေနဲ့ အခု ပြသသွားခဲ့တဲ့ Prototype အနေနဲ့ Download Speed 809.58 Mbps အထိ ရရှိမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မကြာသေးမီ အချိန်က မိတ်ဆက်သွားခဲ့တဲ့ Qualcomm Snapdragon 845 Processor မှာ Download Speed 1.2 Gbps အထိ Support ပေးမယ့် X20 LTE Modem ပါဝင်တာကြောင့် အသစ်ထွက်ရှိလာမယ့် HTC U12 မှာ Snapdragon 845 Processor ကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                ထိုင်ဝမ် စမတ်ဖုန်း Website တစ်ခုဖြစ်တဲ့ Sogi မှ ဖော်ပြချက်များအရ HTC အနေနဲ့ Data Access လျှင်မြန်တဲ့ စမတ်ဖုန်းတစ်လုံးကို ယခုနှစ်အတွင်းမှာ ထုတ်လုပ်ဖြန့်ချီသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

                တစ်ဖက်မှာလည်း တရုတ်နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Lenovo, Xiaomi, ZTE, OPPO နဲ့ Vivo တို့ကလည်း Qualcomm နဲ့ ပူးပေါင်းပြီး 5G စမတ်ဖုန်းတွေကို ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ် ရောင်းချနိုင်ဖို့ အတွက် ကြိုးစားနေပြီ ဖြစ်တာကြောင့် HTC ကသာ ၂၀၁၈ အတွင်းမှာ ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ ပထမဆုံး 5G Support စမတ်ဖုန်း ထုတ်လုပ်နိုင်တဲ့ စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV Sogi
About Author
Assinged Tags
Smartphones HTC HTC U11 5G Network 5G Smartphones
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed