ကင်မရာ ၄ လုံး၊ 18:9 Bezel-Less Display နဲ့ ပွဲထွက်လာတဲ့ Honor 9 Lite

date_range 07 February 2018

ကင်မရာ ၄ လုံး၊ 18:9 Bezel-Less Display နဲ့ ပွဲထွက်လာတဲ့ Honor 9 Lite

visibility 1660 Views

                နာမည်ကြီး တရုတ်စမတ်ဖုန်း ကုမ္ပဏီ Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor အနေနဲ့ ပြီးခဲ့နှစ် ဇွန်လတုန်းက Performance ကောင်းမွန်တဲ့ Honor 9 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် Honor 7X ကို ၂၀၁၇၊ အောက်တိုဘာလမှာ ဖြန့်ချီရောင်းချပေးခဲ့ပြီး Honor V10 ကိုလည်း ဒီဇင်ဘာလအတွင်း နိုင်ငံတကာ စျေးကွက်ကို ထုတ်လုပ် ရောင်းချနိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ Honor အနေနဲ့ ၂၀၁၇ ဒီဇင်ဘာလတုန်းက TENNA ကနေတစ်ဆင့် အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ Honor 9 Lite ကို ဥရောပစျေးကွက်မှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။


                Honor 9 Lite စမတ်ဖုန်းကို တရုတ်နဲ့ အိန္ဒိယ စျေးကွက်တွေအတွက် မိတ်ဆက်ပေးအပြီး တစ်ပတ် အကြာမှာ ဥရောပစျေးကွက်အတွက် စတင် မိတ်ဆက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ Honor 9 Lite စမတ်ဖုန်းကို ဂျာမနီ၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ UK စတဲ့ နိုင်ငံတွေမှာ ၂၂၉ ယူရို နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Midnight Black, Sapphire Blue, Glacier Grey စတဲ့ အရောင်သုံးမျိုး အနေနဲ့ HiHonor.com ကနေတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။


                တရုတ်နဲ့ အိန္ဒိယမှာ Honor 9 Lite ကို မိတ်ဆက်ပေးခဲ့တုန်းက ကန်ဒေါ်လာ ၁၇၂ ဒေါ်လာ ဝန်းကျင် (မြန်မာငွေ ၂သိန်း ၃သောင်း ဝန်းကျင်) နဲ့ ရောင်းချပေးခဲ့ပြီး 3GB RAM/ 32GB Internal Storage မော်ဒယ်အပြင် 4GB RAM/ 64GB Internal Storage မော်ဒယ်ကိုပါ မိတ်ဆက် ပေးခဲ့ပေမယ့် ဥရောပမှာတော့ 3GB RAM/ 32GB Internal Storage မော်ဒယ် တစ်မျိုးထဲကိုသာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Honor ကတော့ Honor 9 Lite စမတ်ဖုန်းကို Honor Series စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။


                Honor 9 Lite မှာ ၅.၆၅ လက်မ အရွယ်အစားရှိတဲ့ Full HD+ (1080 X 2160 Pixels) IPS Display ကို အသုံးပြုထားပါတယ်။ Honor 9 နဲ့ မတူတော့တဲ့ အချက်ကတော့ Honor 9 Lite မှာ 18:9 Bezel-Less Display ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ Bezel-Less စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း Fingerprint Sensor ကိုတော့ ဖုန်းရဲ့ ကျောဘက်ခြမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။


                Honor 9 Lite မှာ Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် SIM ကတ် ၂ ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် Dual-SIM (Nano) Support လည်း Honor 9 Lite မှာ ပါဝင်မှာ ဖြစ်ပါတယ်။ Processor ပိုင်းမှာတော့ Huawei ရဲ့ ကိုယ်ပိုင် Processor ဖြစ်တဲ့ Octa-Core 2.36 GHz Huawei HiSilicon Kirin 659 SoC ကို Honor 9 Lite မှာ အသုံးပြုထား ပါတယ်။


                ဒီဖုန်းရဲ့ အဓိက Trademark Feature ကတော့ Huawei Nova 2i တို့ Nova 2s တို့လို ကင်မရာ ၄ လုံး ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ရှေ့ဘက်နဲ့ ကျောဘက်မှာ Primary Sensor 13MP + Secondary Sensor 2MP ကင်မရာ ၂ လုံးစီ ပါဝင်ပြီး ကျောဘက်မှာ LED Flash နဲ့ PDAF Autofocus Lens လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ Secondary Sensor ကို ထည့်သွင်း ထားရတဲ့ ရည်ရွယ်ချက်ကတော့ Portrait Mode ရိုက်ကူးတဲ့အခါမှာ Primary Sensor ကို အထောက်အပံ့ပေးဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။


                Storage Space မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့အတွက် microSD Card Slot တစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Hybrid Dual-SIM Configuration ဖြစ်တာကြောင့် microSD Card အသုံးပြုမယ်ဆိုရင်တော့ SIM ကတ် ၁ ကတ်ပဲ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

                Honor 9 Lite မှာ Connectivity Options တွေအနေနဲ့ 4G VoLTE, Bluetooth, WI-FI 802.11 b/g/n, GPS/A-GPS, Micro-USB with OTG Support, 3.5mm Headphone Jack တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Accelerometer, Ambient Light, Magnetometer (Digital Compass), Proximity Sensor စတဲ့ Sensor တွေလည်း ပါဝင်ပါတယ်။ 3000 mAh Battery ကို အသုံးပြုထားပြီး တစ်ခါ အားအပြည့်သွင်းထားရုံနဲ့ Standby Time ၂၄ ရက် အထိ ရရှိနိုင်မယ်လို့ Honor က ကြွေးကြော်ထားပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Huawei Honor Smarphones Honor 9 Honor Honor 9 Lite
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed