5.99-inch 18:9 Display ၊ 3D Face Unlock စနစ်၊ Animoji တို့နဲ့ ထွက်ရှိလာတဲ့ Huawei Honor V10

date_range 30 November 2017

5.99-inch 18:9 Display ၊ 3D Face Unlock စနစ်၊ Animoji တို့နဲ့ ထွက်ရှိလာတဲ့ Huawei Honor V10

visibility 33600 Views

                အင်္ဂါနေ့က Huawei ဟာ သူတို့ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ရဲ့ Flagship မော်ဒယ်အသစ် Honor V10 ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

                Honor Mate 10 မှာ အသုံးပြုခဲ့တဲ့ သီးသန့် Neural Processing Unit ပါ HiSilicon Kirin 970 SoC ကို Honor V10 မှာ ပြန်လည်အသုံးပြုထားတာ တွေ့ရပြီး၊ V10 ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Huawei Mate 10 နဲ့ Mate 10 Pro စမတ်ဖုန်းနှစ်မျိုးကို ဒီဇိုင်းပေါင်းစပ်ထားတာလို့ ဆိုနိုင်ပါတယ်။ Mate 10 Pro လို 18:9 Ratio "FullView" Display နဲ့ ဖြစ်ပေမယ့်၊ AMOLED Display မဟုတ်တော့ဘဲ Mate 10 လို LCD Display နဲ့ ဖြစ်သွားပါတယ်။ ပြီးတော့ Mate 10 အတိုင်း ဖုန်းအရှေ့ဘက်မှာ Fingerprint Sensor ပါ Home Button ကို တွေ့မြင်ရမှာပါ။


                နောက်ကျောဘက်မှာ Dual Camera ပါဝင်ပြီး၊ Leica အမှတ်တံဆိပ် Lens တွေတာ့ မဟုတ်ပါဘူး။ Screen size အနေနဲ့ ဘောင်မဲ့ 5.99 Inch နှင့် 18:9 Aspect Ratio ၊ 1080 x 2160 pixels (Full HD+) Display နဲ့ ဖြစ်ပါတယ်။ Honor V10 ကို တရုတ်ပြည်မှာ စတင်ရောင်းချနေပြီဖြစ်ပေမယ့်၊ တစ်ကမ္ဘာလုံးမှာတော့ ဒီဇင်ဘာ (၅) ရက်နေ့ London မှာပြုလုပ်မယ့် Event ပြီးမှ ရောင်းချသွားဖို့ ရှိပါတယ်။ Huawei ဟာ ဒီဇင်ဘာ (၅) ရက်နေ့မှာပဲ Honor 7X စမတ်ဖုန်းကိုလည်း အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

                Honor V10 မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Feature နှစ်ခုက iPhone X မှာ စတင်မြင်တွေ့ခဲ့ရတဲ့ 3D Facial Recognition စနစ်ဖြစ်တဲ့ Face ID နဲ့ Animoji တို့ ပါဝင်လာတာ ဖြစ်ပါတယ်။

                Huawei ဟာ Honor V10 မှာ iPhone X ရဲ့ Face ID စနစ်လိုမျိုး 3D Face Unlock စနစ်တစ်ခုကိုလည်း ထည့်သွင်းအသုံးပြုထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတာဆိုတော့ သတင်းအချက်အလက်အကုန်လုံးတော့ သေချာမသိရသေးဘဲ၊ Honor V10 က 3D Facial Recognition စနစ်ဟာ RGB LED နှစ်ခု၊ IR Camera၊ RGB Camera၊ Proximity Light Sensor နဲ့ မျက်နှာကို Point ပေါင်း ၃ သိန်းအထိ ထိုးပြီး၊ 3D မျက်နှာပုံစံဖမ်းနိုင်တယ်လို့ဆိုတဲ့ VCSEL Projector တို့ ပါဝင်ပါတယ်။ iPhone X ရဲ့ Face ID ကတောင် Points ၃ သောင်းပဲ ထိုးနိုင်တာဆိုတော့ Points ထိုးနိုင်တာပဲကြည့်မယ်ဆိုရင် Honor V10 က ဆယ်ဆပိုများနေတယ်လို့ ဆိုရမှာပါ။


                Huawei ဟာ Face ID တစ်ခုတည်းတင်မဟုတ်ဘဲ၊ Animoji ကိုလည်း Front Camera System အကူအညီနဲ့ အခု Honor V10 မှာ ထည့်သွင်းပေးထားပါတယ်။ စင်ပေါ်မှာ Demo ပြထားတဲ့ပုံကို ကြည့်မယ်ဆိုရင်တော့ iPhone X ရဲ့ Animoji မှာ လျှာထုတ်လို့မရသေးပေမယ့်၊ Honor ရဲ့ Animoji မှာတော့ လျှာပါ ထုတ်ပြနိုင်တာ တွေ့ရမှာပါ။ တကယ်တမ်း Performance က ဘယ်လိုအနေအထားရှိမလဲဆိုတာကတော့ ကိုယ်တိုင်စမ်းသပ် သုံးကြည့်မှ သိနိုင်မှာပါ။


                Honor V10 ကို RAM နဲ့ Storage မော်ဒယ်သုံးမျိုး ဝယ်ယူရရှိနိုင်မှာပါ။ 4GB RAM/ 64GB Internal Storage မော်ဒယ်ကို တရုတ်ယွမ် 2,699 ကျသင့်မှာဖြစ်ပြီး၊ 6GB RAM/ 64GB Storage နဲ့ V10 ကတော့ တရုတ်ယွမ် 2,999 ကျသင့်မှာဖြစ်ပါတယ်။ 6GB RAM/ 128GB Storage မော်ဒယ် လိုချင်ရင်တော့ 3,499 ယွမ် ပေးရမှာပါ။ ဒီဇင်ဘာ၅ရက်နေ့မှာ ရောင်းချမယ့် Honor V10 ကို Pre-Order အနေနဲ့ Vmall.com၊ JD.com၊ Tmall.com၊ Suning.com နဲ့ Gome.com တွေကနေ စတင်မှာယူနိုင်ပြီဖြစ်ပါတယ်။


                Honor V10 ရဲ့ နောက်ထပ် Specifications တွေကေတာ့ Dual-SIM (Nano) နှစ်ကတ်အသုံးပြုနိုင်မယ်။ Andriod 8.0 ကို အခြေခံထားတဲ့ EMUI 8.0 ပါလာမယ်။ 

                ကင်မရာပိုင်းမှာတော့ 16-megapixel RGB Sensor နဲ့ 20-megapixel Monochrome Sensor သုံး Dual ကျောကင်မရာ ၂ လုံးကို တွေ့မြင်ရမှာဖြစ်ပြီး၊ f/1.8 Aperture၊ PDAF၊ Dual-LED Flash တို့ ပါဝင်မှာပါ။

                Ports တွေအနေနဲ့ USB Type-C(2.0) နဲ့ 3.5mm Headphone Jack တို့ပါဝင်ပါတယ်။ ဘက်ထရီက 3750mAh Battery နဲ့ဖြစ်ပြီး၊ 5V/4.5A သုံး Fast Charging စနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။


This Article is Contributed by KHY
References
Gadgets 360 9to5 Google
About Author
Assinged Tags
Huawei Smartphones 3D Facial Recognition Face ID Animoji Honor V10 Honor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed