Camera ၄ လုံး၊ 18:9 Bezel-less Display နဲ့ ထွက်ရှိလာမယ့် Honor 9 Lite

date_range 15 December 2017

Camera ၄ လုံး၊ 18:9 Bezel-less Display နဲ့ ထွက်ရှိလာမယ့် Honor 9 Lite

visibility 2820 Views

                Huawei ရဲ့ Brand အခွဲတစ်ခု ဖြစ်တဲ့ Honor အနေနဲ့ Honor 7X ကို ယခုနှစ် အောက်တိုဘာလထဲမှာ ထုတ်လုပ် ဖြန့်ချိရောင်းချနိုင်ခဲ့သလို၊ Honor V10 ကိုလည်း ယခုနှစ် ဒီဇင်ဘာလ အတွင်း နိုင်ငံတကာစျေးကွက်အတွင်း ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။

                ယခုအခါမှာတော့ Honor ရဲ့ နောက်ထပ် Model အသစ်တစ်ခု ဖြစ်တဲ့ Honor 9 Lite ကို ထပ်မံရောင်းချနိုင်ဖို့ အတွက် TENAA Certification Test ကို အောင်မြင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။


                ယခုနှစ် ဖေဖော်ဝါရီလထဲမှာ ထုတ်လုပ်ရောင်းချသွားခဲ့တဲ့ Honor 8 Lite ဟာဆိုရင် Honor 8 ရဲ့ Mid-Range Alternative ဖုန်းတစ်လုံး ဖြစ်သလို၊ ယခုထွက်ရှိလာမယ့် Honor 9 Lite ဟာ ဆိုရင် လည်း စွမ်းဆောင်ရည်မြင့်တဲ့ Honor 9 ရဲ့  Mid-Range Version အဖြစ် စျေးကွက်ထဲကို ရောက်ရှိလာဖွယ် ရှိပါတယ်။

                TENNA ရဲ့ ဖေါ်ပြချက်အရ Honor 9 Lite ရဲ့ Display ပိုင်းမှာ 5.6 Inch Screen With 18:9 Aspect Ratio နဲ့ 1080+ Resolution IPS LCD Display ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့အရင် မော်ဒယ် Honor 9 နဲ့ မတူတာက Honor 9 Lite မှာ Bezel-less Display ကို ပြောင်းလဲအသုံးပြုထားတာကြောင့် ဖုန်းရှေ့ဘက်မှာ ဘောင်တွေ ပိုနည်းသွားပြီး၊ စခရင်အပြည့်နဲ့ ပိုဖြစ်သွားပါတယ်။

                Processor ပိုင်းနဲ့ ပတ်သတ်ပြီးတော့ TENAA က Octa-Core Chipset ကို အသုံးပြုသွားမယ်လို့ ဖေါ်ပြထားတာ ဖြစ်တာကြောင့် Kirin 659 Processor ကို အသုံးပြုသွားဖွယ် ရှိပါတယ်။ Android Version 8.0 Oreo ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး RAM 3GB/ Memory 32GB Version အပြင် RAM 4GB/ Memory 64GB Version ကိုပါ ရောင်းချ သွားဖွယ် ရှိပါတယ်။ microSD Card Slot လည်း ပါ၀င်မှာပါ။

                ဒီဖုန်းရဲ့ အဓိက Trademark Feature ကတော့ Huawei Nova 2i တို့ Nova 2s တို့လိုပဲ ကင်မရာ ၄လုံး ပါတာပဲဖြစ်ပါတယ်။ Front Camera အတွက် ၂လုံး Back Camera အတွက် ၂လုံး ပါ၀င်မှာ ဖြစ်ပြီး Front Camera ရော Back Camera ရောရဲ့  Specifications တွေကတော့ Primary Sensor 13MP + Secondary Sensor 2MP ပဲ ဖြစ်ပါတယ်။  Secondary Sensor ကို ထည့်သွင်း ထားရတဲ့ ရည်ရွယ်ချက်ကတော့ Portrait Images တွေ ရိုက်ကူးတဲ့အခါမှာ Primary Sensor ကို အထောက်အပံ့ပေးရန်အတွက်လို့ ယူဆရပါတယ်။

                Battery ပိုင်းမှာတော့ 2900 mAh Battery ကိုအသုံးပြု သွားမှာ ဖြစ်ပြီး ဖုန်းရဲ့ microUSB Port ကနေတစ်ဆင့် အားပြန်သွင်းလို့ ရမှာပဲ ဖြစ်ပါတယ်။ USB Type-C ကို အသုံးပြုလိုက်တဲ့ အတွက် Battery အားသွင်းရတာ ပိုမို မြန်ဆန်လာမှာပါ။ 3.5 mm Headphone Jack လည်း ပါ၀င်ဦးမှာပါ။

                Honor 9 Lite ကို အဖြူ၊ အမဲ၊ အပြာ စတဲ့ အရောင်သုံးမျိုးနဲ့ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။ တရား၀င်ရောင်းချမယ့်စျေးနှုန်းကို အသိအကျ မသိရသေးပေမယ့် 3GB RAM /32GB Internal Storage Version ကို ၁၉၆ ဒေါ်လာ ( မြန်မာငွေ ၂ သိန်း ၆ သောင်း ) ၊ 4GB /64GB Version ကို ၂၄၁ ဒေါ်လာ ( မြန်မာငွေ ၃သိန်း ၂သောင်း ) ဝန်းကျင်နဲ့ ရောင်းချသွားဖွယ် ရှိပါတယ်။ Huawei အနေနဲ့ Honor 9 Lite ကို December 21 ရက်နေ့ Event မှာ တရား၀င်မိတ်ဆက်သွားဖို့ ရှိပါတယ်။


This Article is Contributed by Phyo Kyaw Zwar
References
Android Authority The Chinese Phones Gizmo China
About Author
Assinged Tags
Huawei Honor 9 Bezel-Less Display TENAA 18:9 Aspect Ratio Honor Honor 9 Lite
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed