Performance ကောင်းကောင်းနဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Honor 9

date_range 13 June 2017

Performance ကောင်းကောင်းနဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Honor 9

visibility 20940 Views

                Huawei ကုမ္ပဏီရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ရဲ့ နောက်ဆုံးမော်ဒယ် Honor 9 စမတ်ဖုန်းကို မနေ့က ( 12.6.2017 ) မှာ တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့တွင် စတင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

                Honor 9 ကိုတော့ အစောပိုင်းသတင်းတွေ ထွက်ပေါ်နေသလို  ၅.၁၅ လက်မရှိတဲ့ Display  1080x1920 Full HD resolution နဲ့ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ Huawei ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Hisilicon ကထုတ်လုပ်ပေးထားတဲ့ Kirin 960 SoC ကိုအသုံးပြုပြီးပွဲထွက်လာတာဖြစ်ပါတယ်။ Kirin 960 SoC ဟာ Huawei P10 မှာ အသုံးပြုထားတဲ့ SoC ဖြစ်တာကြောင့်၊ Honor 9 ဟာ Performance ပိုင်းမှာအတော်လေးကို ကောင်းမွန်စွာနဲ့ ထွက်ရှိလာတာလို့ ဆိုရမှာပါ။

                Performance ကောင်းသလို၊ ဒီဇိုင်းပိုင်းကလည်း စွဲမက်စရာပါ။၊ Metal ကိုယ်ထည်၊ Glass ကျောဘက်တို့နဲ့ ဖြစ်ပြီး၊ Glass က တော်တော်လေး တောက်ပကြည်လင်တာကို တွေ့ရပါတယ်။


                Honor 9 ကို Version 3 မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး၊ RAM 4GB / ROM 64GB , RAM 6GB/ROM 64GB Version တို့အပြင် RAM 6GB/128 GB Version ပါ ထွက်ရှိလာမှာပါ။

                Camera ပိုင်းမှာတော့ Huawei P10 အတိုင်း Dual Camera ကိုတပ်ဆင်ပေးထားပြီး၊ 20MP ရှိတဲ့ Black & White Camera Sensor နဲ့ 12MP ရှိတဲ့ RGB Sensor တို့ကနေ Aperture f/2.2 ထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Hybrid Zoom စနစ်ကို ထောက်ပံ့ပေးထားပြီး၊ အဝေးမှာရှိတဲ့အရာဝတ္ထု ပုံရိပ်တွေကို Zoom ဆွဲယူရာမှာ အလျင်အမြန် ဆွဲယူနိုင်မှာဖြစ်သလို Zoom ဆွဲယူရာတွင်လည်း Dual Camera Sensor ကြောင့်ရုပ်ထွက်အရည်အသွေးတွေ ကောင်းမွန်မှာလည်းဖြစ်ပါတယ်။ Portrait Mode , Bokeh Mode အစရှိတာတွေကိုလည်းရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ Secondary Camera အနေနဲ့တော့ 8MP , Aperture 2.0 ကိုတပ်ဆင်ပေးထားတာကြောင့် Selfie ရိုက်တဲ့ဝါသနာရှင်တွေအတွက်တော့ အကြိုက်တွေ့ဦးမှာအသေအချာပဲဖြစ်ပါတယ်။


                Battery အနေနဲ့တော့ 3200 mhA ပါဝင်လာမှာဖြစ်ပြီး Audio ပိုင်းအတွက် Hifi Chip တပ်ဆင်ပေးထားတဲ့အတွက်ကြောင့် အသံပိုင်းဆိုင်ရာအရည်အသွေးလည်းကောင်းမွန်မှာဖြစ်ပါတယ်။ အသံထွက်ပိုင်းကိုတော့ Grammy ဆုရ အသံဖမ်း အင်ဂျင်နီယာ Rainer Maillard က ချိန်ညှိပေးထားတဲ့အတွက် ဖုန်းနဲ့သီချင်းနားထောင်တဲ့သူတွေအတွက်တော့ အတော်လေးကိုအကြိုက်တွေ့စေမယ့် ဖုန်းစာရင်းထဲ မဖြစ်မနေထည့်သွင်းထားသင့်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

                Finger Print Sensor ကတော့ ဖုန်းရဲ့ရှေ့မျက်နာပြင် Home Button မှာပဲ ပါဝင်လာမှာပါ။ OS အနေနဲ့ Android 7.1.1 Nougat နဲ့ Huwei ရဲ့နောက်ဆုံးထွက် Theme OS ဖြစ်တဲ့ EMUI 5.1 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး၊ NFC သုံး Mobile Payment စနစ်တစ်ခုဖြစ်တဲ့ Huawei Pay ကိုလည်းအသုံးပြုနိုင်မှာပါ။

                ဒါ့အပြင် ဒီနှစ်အစောပိုင်းမှာထွက်ရှိထားတဲ့ High End ဖုန်း တစ်ချို့မှာ ဖြုတ်ပစ်လိုက်ပြီဖြစ်တဲ့ 3.5 mm Headphone Jack ပေါက်ကို Honor 9 မှာ မဖြုတ်ပစ်ပဲ ဆက်လက်ပါရှိလာပါတယ်။

                Honor 9 ကို Amber Gold, Seagull Gray, Sea Blue နဲ့ Black ဆိုပြီး အရောင် ၄ ရောင်နဲ့ ဝယ်ယူနိုင်မှာပါ။


                ဈေးနှုန်းတွေကတော့

RAM 4GB/ROM 64GB အတွက်ကို $323
RAM 6GB/ROM 64GB အတွက်ကို $398 နဲ့
RAM 8GB/ROM 128GB အတွက်ကိုတော့ $441 

ကျသင့်မှာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ June လ ၁၂ ရက်နေ့ကနေ စတင်ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

This Article is Contributed by AK
References
GSM Arena Phone Arena
About Author
Assinged Tags
Huawei Huawei P10 Honor Smarphones Dual Camera Smartphones Honor 9 Kirin 960
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed