Cryptocurrency Mining လုပ်နိုင်မယ့် ASIC Processor တွေ ထုတ်လုပ်ရောင်းချဖို့ ကြံစည်နေတဲ့ Samsung

date_range 01 February 2018

Cryptocurrency Mining လုပ်နိုင်မယ့် ASIC Processor တွေ ထုတ်လုပ်ရောင်းချဖို့ ကြံစည်နေတဲ့ Samsung

visibility 460 Views

                Intel ကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးမားဆုံး Chip ထုတ်လုပ်သူ ဖြစ်လာခဲ့တဲ့ Samsung အနေနဲ့ Intel က ပြန်ပြီးကျော်တက်မလာစေဖို့ ရည်ရွယ်ပြီး လက်ရှိအချိန်မှာ ရေပန်းစားနေတဲ့ Cryptocurrency Mining လုပ်နိုင်မယ့် သီးသန့် Processor တွေ ထုတ်လုပ်ရောင်းချဖို့ ကြံစည်နေပြီ ဖြစ်ပါတယ်။ TechCrunch ရဲ့ ဖေါ်ပြချက်များအရ Samsung အနေနဲ့ Bitcoin, Ethereum စတဲ့ Cryptocurrency အမျိုးအစားတွေကို Mining လုပ်နိုင်မယ့် ASIC Processor တွေ ထုတ်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

                Samsung ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ Samsung ရဲ့ အခြေခံ စီးပွားရေး အုတ်မြစ်ကို ချဲ့ထွင်ဖို့အတွက် အခုအချိန်မှာ Cryptocurrency Mining Chips တွေ ထုတ်လုပ်ရေးပိုင်းကို Samsung အနေနဲ့ စတင် ဝင်ရောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Cryptocurrency Mining Chips တွေနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖေါ်ပြောကြားခဲ့ခြင်း မရှိပါဘူး။

                Cryptocurrency Mining လုပ်ဖို့အတွက် အသုံးပြုနိုင်တဲ့ Chips တွေကို Application-Specific Integrated Circuits (ASICs) လို့ ခေါ်ဆိုတယ်လို့ သိရပါတယ်။ သာမာန် ကွန်ပြူတာတွေ၊ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုတဲ့ Processor တွေနဲ့ ASICs တွေနဲ့ကြား အဓိကကွာခြားချက်ကတော့ ASICs တွေဟာ Computational Task တစ်ခုထဲကို အဓိက လုပ်ဆောင်ရန်အတွက် အထူး ဒီဇိုင်းဆွဲထားတဲ့ Processor တွေ ဖြစ်ပြီး ကွန်ပြူတာတွေ၊ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုတဲ့ Processor တွေကတော့ Multi-Purpose Processor တွေပဲ ဖြစ်ပါတယ်။

                Cryptocurrency Mining လုပ်ဖို့အတွက် အရင်တုန်းက Integrated Graphics Cards တွေကို အသုံးပြုခဲ့ကြပြီး Cryptocurrency တွေရေပန်းစားလာတာနဲ့အမျှ Mining လုပ်တဲ့ လူဦးရေလည်း ပိုမို တိုးပွားလာတာကြောင့် Cryptocurrency တွေ ပိုမို ရရှိနိုင်ဖို့အတွက် High-End Gaming Graphic Card တွေကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် High-End GPU တွေထက် Cryptocurrency ပိုမို ရရှိနိုင်တဲ့ ASICs တွေကို စတင် အသုံးပြုလာကြတာကြောင့်လည်း Samsung အနေနဲ့  အခုလို Cryptocurrency Mining Chips တွေ ထုတ်လုပ်ရေးဘက်ကို စတင် ဝင်ရောက်လာတာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                တောင်ကိုရီးယား Media တစ်ခုရဲ့ ရေးသားဖေါ်ပြချက်များအရ Samsung အနေနဲ့ Cryptocurrency Mining Chips တွေ ထုတ်လုပ်ရန်အတွက် ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သလို ပြိုင်ဘက်လည်းဖြစ်တဲ့ TSMC နဲ့ ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ TSMC အနေနဲ့ လက်ရှိအချိန်မှာ Cryptocurrency Mining Chips တွေကို Mining လုပ်နေတဲ့သူတွေဆီ ဖြန့်ချီရောင်းချနေတဲ့အပြင် တရုတ်နိုင်ငံရဲ့ နာမည်ကြီး Bitcoin Mining Hardware များ ထုတ်လုပ်ဖြန့်ချီရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Bitmain ကုမ္ပဏီ အတွက်ပါ Mining Chips တွေ ထုတ်လုပ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ TSMC ရဲ့ အဆိုအရ Cryptocurrency Mining Chips တွေ ရောင်းချမှုကနေ သုံးလအတွင်း အမြတ်အစွန်း ကန်ဒေါ်လာ သန်း ၃၅၀ ကနေ ၄၀၀ ကြား အမြတ်အစွန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

                လက်ရှိအချိန်မှာ ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူ ဖြစ်လာတဲ့ Samsung အနေနဲ့ ၂၀၁၇ ခုနှစ်အတွက်တောင်မှ Chip ထုတ်လုပ်ရေးလုပ်ငန်း တစ်ခုထဲကတင် အကျိုးအမြတ် ကန်ဒေါ်လာ ၆၉.၁ ဘီလီယံ အထိအောင် ရရှိနေပြီ ဖြစ်တာကြောင့် တကယ်လို့ TSMC နဲ့ ပူးပေါင်းပြီး Cryptocurrency Mining Chips တွေသာ ထုတ်လုပ်ရောင်းချသွားမယ်ဆိုရင်တော့ Samsung ရဲ့ အကျိုးအမြတ်ဟာ ၂၀၁၈ မှာ အဆပေါင်းများစွာ ပိုပြီး တိုးလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge Mashable
About Author
Assinged Tags
Samsung TSMC BitCoin Cryptocurrency Mining Chip Maker Cryptocurrency Mining Cryptocurrency Mining Chips ASIC Processor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed