Cryptocurrency ဆိုတာဘာလဲ?

date_range 13 December 2017

Cryptocurrency ဆိုတာဘာလဲ?

visibility 18940 Views

                အခုအချိန်မှာ Cryptocurrency ဟာ အစိုးရပိုင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သာမန်လုပ်သားပြည်သူတွေကြားမှာ တဖြည်းဖြည်းနဲ့ ခေတ်စားလာခဲ့ပါပြီ။ အဲ့တော့ Cryptocurrency နဲ့ပတ်သတ်ပြီး အခြေခံကျတဲ့ သိသင့်သိထိုက်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

                Cryptocurrencies ဆိုတာ ဒေါ်လာတွေ ယူရိုတွေလိုမျိုး အသုံးပြုလို့ရတဲ့ ပိုက်ဆံတစ်မျိုးပါပဲ။ ဒါပေမယ့် တကယ့်ပိုက်ဆံတွေနဲ့မတူတဲ့အချက်တစ်ခုက Cryptocurrency ဖြစ်ပေါ်လာပုံနဲ့ အသုံးပြုပုံပဲဖြစ်ပါတယ်။

                Cryptocurrency ဆိုတာ ရှင်းရှင်းပြောရရင် Digital Money/Online Money တစ်မျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် Cryptocurrency ကိုအသုံးပြုမယ်ဆိုရင်တော့ Online Purchase အဖြစ်နဲ့ပဲ အသုံးပြုလို့ရမှာပါ။

                တခြားပုံမှန် Currencies တွေနဲ့မတူတဲ့အချက်ကတော့ Cryptocurrency ကို Online မှာပဲမြင်တွေ့နိုင်မှာပါ။ အဲ့အတွက် ကောင်းသွားတဲ့အချက်ကတော့ အစိုးရနဲ့ဘဏ်တွေအနေနဲ့ တခြား ပုံမှန်ပိုက်ဆံ (Currencies) တွေလို ထိန်းချုပ်လို့မရတော့ပါဘူး။ Cryptocurrency ကိုအသုံးပြုခြင်းအတွက် ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။Cryptocurrencies ကို လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် Company အစုအဖွဲ့တစ်ခုထဲက ထိန်းချုပ်ထားတာမျိုးမဟုတ်ပါဘူး။ Cryptocurrencies ကိုချုပ်ကိုင်ထားတဲ့သူ၊ Cryptocurrencies ဆိုတာကို ဖြစ်လာစေတဲ့သူကတော့ ကွန်ပြူတာကွန်ရက်အစုအဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။


                ကျွန်တော်တို့အနေနဲ့ Cryptocurrency ပိုက်ဆံတွေကို Digital Wallet အထဲမှာသိမ်းထားနိုင်ပါတယ်။ အဲ့ Digital Wallet ကို Online ကနေတစ်ဆင့် Cloud ထဲမှာလည်းသိမ်းထားနိုင်တယ်။ ဒါမှမဟုတ် PC ထဲမှာပဲ Offline အနေနဲ့လည်း သိမ်းဆည်းထားနိုင်ပါတယ်။ ငွေအလွှဲအပြောင်းလုပ်ချင်တယ် ဒါမဟုတ် ပစ္စည်းတွေဘာတွေ Online ကနေ ၀ယ်ချင်တယ်ဆိုရင်တော့ Computer သို့မဟုတ် ဖုန်းကနေတစ်ဆင့် လုပ်ဆောင်လို့ရမှာပဲဖြစ်ပါတယ်။ ငွေအသွင်းအထုတ်စာရင်းကိုတော့ Blockchain မှာ ပြန်ကြည့်လို့ ရမှာပဲဖြစ်ပါတယ်။ Blockchain ဆိုတာကတော့ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဘဏ်စာအုပ်မှာလို ငွေအသွင်းအထုတ်မှတ်တဲ့ ဇယားတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် Blockchain ရဲ့အားနည်းချက်က ကျတော့ Digital Wallet User တွေအားလုံးရဲ့ ငွေအသွင်းအထုတ် စာရင်းကိုမြင်နေရတာပါပဲ။

Mining ဆိုတာဘာလဲ?

                Crypotocurrency ပိုက်ဆံကိုရှာဖွေချင်တယ်ဆိုရင် Mining လုပ်ပြီးရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ Mining ဆိုတာကတော့ Online ကနေတစ်ဆင့် ကွန်ပြူတာကိုအသုံးပြုပြီး Hash လို့ခေါ်တဲ့ ရှပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းရတာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက Miners တွေထဲကမှ Hash ပုစ္ဆာတွေကို အရင်ဆုံးဖြေရှင်းနိုင်တဲ့သူတွေက Cryptocurrency Amount တစ်ခုကို ဆုငွေအနေနဲ့ရရှိမှာပဲဖြစ်ပါတယ်။


                Mining ကနေပိုက်ဆံ ရှာချင်တယ်ဆိုရင်တော့ Mining Special Hardware Setup တစ်ခုကို တစ်နေကုန်တစ်ညလုံး Run ပေးထားဖို့ လိုအပ်ပါတယ်။ High-End PC တစ်လုံးပိုင်ဆိုင်ထားတယ်ဆိုရင်တောင် Mining လုပ်ဖို့အတွက်အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးက Miners တွေဟာ Hash ပုစ္ဆာတွေကိုဖြေရှင်းနိုင်ဖို့အတွက် High-end Device မြောက်မြားစွာနဲ့ ကြိုးပမ်းနေတာကြောင့်ပဲဖြစ်ပါတယ်။ အခုဆို Bitcoin Mining အတွက် စွမ်းအင်အသုံးပြုမှုက ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၉ နိုင်ငံရဲ့ တစ်နိုင်ငံချင်းစီ စွမ်းအင်အသုံးပြုမှုထက်တောင် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ 


                Cryptocurrencies တွေကိုရရှိဖို့အတွက် Mining လုပ်တဲ့နည်းလမ်းတစ်ခုထဲရှိတာတော့မဟုတ်ပါဘူး။ အလွယ်ဆုံးနည်းလမ်းကတော့ Local Currency ကိုအသုံးပြုပြီး Online စျေးကွက်ကနေတစ်ဆင့် ၀ယ်ယူတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ၀ယ်ပြီးဘာလုပ်ရမှာလဲ။ Online ကနေ စျေး၀ယ်ဖို့အတွက်ကတော့ Master/Visa Card ကနေ၀ယ်လည်းရနေတာပဲဆိုပြီး ပြောမယ်ဆိုလည်းပြောလို့တော့ရပါတယ်။

                စီးပွားရေးသမားတွေအတွက်ကျတော့ ရွှေစျေးကစားသလို Stock ကစားသလိုမျိုး တက်တဲ့အချိန်ကျမှ ပြန်ရောင်းထုတ်မယိဆိုရင်အမြတ်အစွန်းများစွာရနိုင်ပါတယ်။ Cryptocurrency စျေးအတက်အကျကို အဆုံးအဖြတ်ပေးတာကကျတော့ ၀ယ်လိုအားနဲ့ရောင်းလိုအားအပေါ်မှာပဲ မူတည်နေပါတယ်။ ဒါပေမယ့်  ၀ယ်လိုအားနဲ့ရောင်းလိုအားကလည်း အချိန်နဲ့တစ်ပြေးညီပြောင်းလဲတာကိုတော့ သတိပြုထားဖို့တော့ လိုအပ်ပါတယ်။

                အခုအချိန်မှာ စျေးအကောင်းဆုံး Cryptocurrency ကတော့ Bitcoin ပဲဖြစ်ပါတယ်။ 1 Bitcoin ရဲ့ပေါက်စျေးဟာ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၁၄၀၀၀ ကျော်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ Bitcoin ရဲ့စျေးနှုန်းဟာနှစ်စဉ်နှစ်တိုင်း အဆမတန်မြင့်တက်သွားခဲ့တာပဲဖြစ်ပါတယ်။ Bitcoin ကို စတင်မိတ်ဆက်ခဲ့တဲ့ Jan 2009 ခုနှစ်တုန်းကဆိုရင် Bitcoin တန်ဖိုးဟာ US Dollar 0 သာတန်ဖိုးရှိခဲ့ပြီး March 2010 ခုနှစ်အထိ 1 Bitcoin ကို US Dollar $ 0.003 သာတန်ဖိုးရှိခဲ့တာပဲ ဖြစ်ပါတယ်။


Cryptocurrencies ၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

                Cryptocurrencies ရဲ့ကောင်းကျိုးတွေထဲကမှ အဓိကအကျဆုံးအချက်တစ်ချက်ကတော့ Digital Wallet User ဘယ်သူလဲဆိုတာကို လျှို့၀ှက်ထားနိုင်တာပဲဖြစ်ပါတယ်။ ငွေအလွှဲအပြောင်းအားလုံးကို Block Chain မှာမြင်တွေ့နေရတယ်ဆိုပေမယ့် ကျွန်တော်တို့အနေနဲ့ Digital Wallet ပြုလုပ်ရာမှာ နာမည်အရင်းတွေ နေရပ်လိပ်စာအမှန်တွေထည့်သွင်းစရာမလိုပါဘူး။ အဲ့တော့ ငွေအလွှဲအပြောင်း လုပ်တဲ့အခါကျရင် ဘယ်သူက ဘယ်သူ့ကိုလွှဲလိုက်တယ်ဆိုတာကို နောက်ယောင်ခံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

                အခုလိုနောက်ယောင်ခံလို့မရတဲ့အတွက် ဆိုးကျိုးများလည်း ပေါ်ပေါက်လာပါတော့တယ်။ အခုအချိန်မှာဆိုရင် Cryptocurrency ဟာ မှောင်ခိုအဖွဲ့အစည်းတွေကြားမှာ တော်တော်ကို ခေတ်စားနေပြီပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ငွေအလွဲအပြောင်းရာဇ၀င်ကို နောက်ယောက်ခံဖို့ မဖြစ် နိုင်လို့ပါပဲ။ အဲ့ဒါကြောင့်လည်း နိုင်ငံတကာအစိုးရက Cryptocurrency ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာတာကို သဘောမကျနိုင်တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတကာမှာ Cryptocurrency Transaction ကို ပိုမိုမြင်သာတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ရန် လိုလားနေကြပြီပဲဖြစ်ပါတယ်။ အခုလို မှောင်ခိုအဖွဲ့အစည်းတွေ Cryptocurrency ကို တွင်တွင်ကျယ်ကျယ်သုံးလာတာကြောင့်လည်း အခုလို နှစ်အနည်းငယ်အတွင်းမှာ Cryptocurrency စျေးတွေ အဆမတန်ထိုးတက်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

                Cryptocurrencies ကိုအသုံးပြုပြီး စီးပွားရေးလုပ်ရမှာ အားသာတဲ့အချက် နောက်တစ်ခုကတော့ Transaction Fees နည်းပါးတာပဲဖြစ်ပါတယ်။ ဘဏ်တွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့  Transaction Fees နဲ့ယှဥ်မယ်ဆိုရင် သိသိသာသာကိုနည်းပါးနေပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ ကိုင်တွယ်အသုံးပြုလို့ရတဲ့ Currencies တွေလို Cryptocurrency ကို အတုပြုလုပ်လို့မရနိုင်ပါဘူး။

                Security ပိုင်းမှာကျတော့ Cryptocurrency ရဲ့ ဆိုးကျိုးက သိသိသာသာကို ကြီးမားနေပါတယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ Cryptocurrency တွေရှိတဲ့ Digital Wallet ကို Cloud ထဲမှာသာသိမ်းထားခဲ့မယ်ဆိုရင် တစ်စုံတစ်ယောက်က Account ကို Hack ပြီး Wallet ကို ခိုးသွားလို့ရနိုင်ပါတယ်။ ဒါမှမဟုတ် Digital Wallet ကို Offline အနေနဲ့ ကွန်ပြူတာထဲမှာပဲ သိမ်းထားမယ်ဆိုရင်လည်း Computer ပျက်သွားတာ ဒါမှမဟုတ်တစ်ယောက်ယောက်က ကွန်ပြူတာကို ခိုးသွားခဲ့မယ်ဆိုရင်လည်း ရှာထားသမျှအကုန်ပါသွားမှာပဲ ဖြစ်ပါတယ်။ 

လူသုံးအများဆုံး စျေးအမြင့်မားဆုံး Cryptocurrencies များ

                Bitcoin ဟာအခုအချိန်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းအသုံးပြုသူ လူဦးရေသန်းပေါင်းမြောက်များစွာရှိနေပြီး လူသိအများဆုံး Cryptocurrency တစ်ခုအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Bitcoin ကို Satoshi Nakamoto ဆိုတဲ့ အမည်ဝှက်နဲ့သူတစ်ဦးက 2009 ခုနှစ်က တီထွင်ခဲ့တာပဲဖြစ်ပါတယ်။

                လက်ရှိအချိန်မှာလူသုံးအများဆုံး Cryptocurrency အမျိုးအစားများကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


This Article is Contributed by Phyo Kyaw Zwar
References
Android Authority
About Author
Assinged Tags
Featured Articles BitCoin Digital Coins Cryptocurrency Digital Wallet Blockchain Mining
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed