Intel ကိုကျော်တက်ပြီး “ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူ” ဖြစ်လာတဲ့ Samsung

date_range 01 February 2018

Intel ကိုကျော်တက်ပြီး “ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူ” ဖြစ်လာတဲ့ Samsung

visibility 1080 Views

                ပြောရမယ်ဆိုရင် Chip ထုတ်လုပ်မှုလုပ်ငန်းကို နှစ်ပေါင်းများစွာ မင်းမူနေခဲ့တဲ့ Intel ပါ။ ဒါပေမယ့် ၂၀၁၇ ခုနှစ်ကစလို့ Intel အနေနဲ့ “ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူ” ဆိုတဲ့ သရဖူကို Samsung ထံ အပ်နှင်းလိုက်ရပြီ ဖြစ်ပါတယ်။ 

                ဒီအချက်ကို Bloomberg က တွေ့ရှိခဲ့တာဖြစ်ပြီး ကုမ္ပဏီနှစ်ခုလုံးက တရားဝင်ထုတ်ပေးခဲ့တဲ့ Annual Financial Report တွေကို ကြည့်ရှုပြီး ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Intel အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ကန်ဒေါ်လာ ၆၂.၈ ဘီလီယံအထိ ရရှိခဲ့ပေမယ့် Samsung ကတော့ Intel ကို ကျော်တက်ပြီး ကန်ဒေါ်လာ ၆၉.၁ ဘီလီယံအထိ ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

                ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက Samsung ရရှိခဲ့တဲ့ ကန်ဒေါ်လာ ၆၉.၁ ဘီလီယံဆိုတဲ့ ၂၀၁၇ ခုနှစ်စာ အကျိုးအမြတ်ဟာ Samsung ရဲ့ Chip ထုတ်လုပ်ရေးလုပ်ငန်း တစ်ခုထဲကပဲ ရရှိခဲ့တဲ့ ဝင်ငွေပမာဏပဲ ဖြစ်ပါတယ်။ ကျန်တဲ့ စမတ်ဖုန်း ထုတ်လုပ်ရောင်းချရေး လုပ်ငန်းတို့၊ စမတ်တီဗီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ စတဲ့ Electronic ပစ္စည်းတွေ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းတို့က ရရှိတဲ့ အကျိုးအမြတ်တွေ ထည့်တွက်မထားပါဘူး။

                ဒီနှိုင်းယှဉ်မှုက ယုတ္တိရှိတယ်လို့တော့ မဆိုနိုင်ပါဘူး။ Intel အနေနဲ့ x86 Processor တွေ ထုတ်လုပ်မှုပိုင်းကိုပဲ ဦးစားပေးခဲ့ပေမယ့် Samsung ကတော့ Memory နဲ့ Flash Storage ပိုင်းကို ဦးစားပေး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော Samusung ကတော့ Chip ထုတ်လုပ်မှုလုပ်ငန်းက ကြီးကြီးမားမား ဖြစ်လာခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

                ဘာလို့လဲဆိုတော့ နည်းပညာလောကရဲ့ အနာဂါတ်ကို မျှော်တွေးကြည့်မယ်ဆိုရင် Samsung ထုတ်လုပ်နေတဲ့ Memory နဲ့ Flash Storage တို့လို Component တွေက Intel ရဲ့ CPU တွေထက် ပိုပြီးအရေးပါနေတာကို တွေ့ရမှာပါ။ သက်သေပြရမယ်ဆိုရင်၊ အခုခေတ် စမတ်ဖုန်းတိုင်းလိုလို၊ Tablet တိုင်းလိုလိုမှာ လက်ညှိုးထိုးမလွဲ Samsung ရဲ့ RAM ပါဝင်နေပါပြီ။

                နောက်ပြီး Samsung က SSD ဈေးကွက်ရဲ့ လေးပုံ၊ သုံးပုံကိုလည်း မောင်ပိုင်စီးထားပါသေးတယ်။ မနေ့ကထုတ်ပေးလိုက်တဲ့ Quarterly Report ထဲမှာလည်း Samsung SSD တွေအတွက် “၂၀၁၈ ခုနှစ်ထဲမှာ 64-Layer V-NAND နည်းပညာကို ပိုပြီးတိုးတက်လာအောင် ပြုလုပ်သွားမယ်” လို့ ပြောခဲ့သေးတာ ဖြစ်တဲ့အတွက် SSD ဈေးကွက်ကိုလည်း အပိုင်သိမ်းဦးမှာ ဖြစ်ပါတယ်။

                Intel လိုတော့ CPU ပိုင်းမှာ မကြီးစိုးနိုင်ပေမယ့် Memory နဲ့ Flash Storage ပိုင်းမှာ ကြီးစိုးထားနိုင်တဲ့ Samsung အနေနဲ့ အခုလောလောဆယ်မှာ “ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူ” ဖြစ်လာပြီဆိုတော့ Intel ဘက်ကလည်း ဘယ်လို တုန့်ပြန်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ ပြုလုပ်ပြီး Samsung ဆီကနေ သရဖူပြန်လုဦးမှာလည်း ဆိုတာကို စောင့်ကြည့်ရမှာပါ။

References
The Verge
About Author
Assinged Tags
Samsung Intel Processor Memory Intel Chipset Chipset SSD Memory Cards Semiconductor Maker Semiconductor Chip Maker
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed