Boot တက်မလာတော့တဲ့ ပြဿနာရှိနေတာကြောင့် AMD Processor သုံး PC တွေအတွက် Security Patch ကို Microsoft ရပ်ဆိုင်းခဲ့ရ

date_range 09 January 2018

Boot တက်မလာတော့တဲ့ ပြဿနာရှိနေတာကြောင့် AMD Processor သုံး PC တွေအတွက် Security Patch ကို Microsoft ရပ်ဆိုင်းခဲ့ရ

visibility 520 Views

                လက်ရှိမှာ နည်းပညာကုမ္ပဏီကြီးတွေ အနေနဲ့ Meltdown နဲ့ Spectre ဆိုတဲ့ Processor Security Flaw နှစ်ခုကြောင့် ခေါင်းကိုက်နေကြပြီး Security Patch တွေလည်း ဆက်တိုက်ဆိုသလို ထုတ်ပေးနေရပါတယ်။ Microsoft အနေနဲ့လည်း Windows အသုံးပြုသူတွေအတွက် AMD, Intel တို့နဲ့ ပူးပေါင်းပြီး Meltdown နဲ့ Spectre ကို ပိတ်ပင်ထားနိုင်မယ့် Security Patch တွေကို အမြန်ဆုံးထုတ်ပေးနေရပါတယ်။

                ဒါပေမယ့် ကံဆိုးစွာပဲ AMD Processor သုံး PC တွေအတွက် ထုတ်ပေးလိုက်တဲ့ Securit Patch ကို စက်ထဲမှာ Install လုပ်ပြီးပြီဆိုရင် စက်က Boot ပြန်တက်မလာတော့တဲ့ ပြဿနာကို Microsoft ကြုံခဲ့ရပါတယ်။ Microsoft Support Forum မှာလည်း Complaint တွေ ပလူပျံနေပြီး ဒီပြဿနာကို ကြုံတွေ့နေရတဲ့ အသုံးပြုသူတွေအတွက် Microsoft က ဖြေရှင်းချက် ထုတ်ပေးခဲ့ရပါတယ်။

                “AMD Processor သုံး PC တွေအတွက် ထုတ်ပေးလိုက်တဲ့ Securit Patch ကို စက်ထဲမှာ Install လုပ်ပြီးပြီဆိုရင် စက်က Boot ပြန်တက်မလာတော့တဲ့ ပြဿနာကို ကြုံတွေ့နေရတဲ့ Customer တွေရဲ့ Report တွေကို Microsoft က တာဝန်ရှိသူတွေ သိရှိပြီး ဖြစ်ပါတယ်။ ပြဿနာ အရင်းခံကို စုံစမ်းစစ်ဆေးကြည့်တဲ့ အခါမှာတော့ AMD က Microsoft ကို ပေးပို့ထားတဲ့ Documentation က မှားယွင်းနေတာကို တွေ့ရှိခဲ့ပါတယ်။"

လို့ Microsoft က AMD ကို အပြစ်တင်ထားပါတယ်။

                Microsoft အနေနဲ့ အခုလက်ရှိမှာတော့ ထုတ်ပေးထားတဲ့ Security Patch ကို အသုံးပြုသူတွေ Install မလုပ်မိစေဖို့အတွက် လိုက်လံပိတ်ပင်နေရသလို တချိန်ထဲမှာပဲ AMD နဲ့ ပူးပေါင်းပြီး ဒီလိုပြဿနာမျိုး ဆက်လက်မဖြစ်ပွားစေမယ့် Security Patch တွေကို ထုတ်ပေးနိုင်ဖို့အတွက်လည်း ပြင်ဆင်နေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီပြဿနာကို ကြုံတွေ့နေရပြီ ဆိုရင်လည်း အနေနဲ့ မိမိစက် Boot ပြန်တက်လာစေဖို့အတွက် Microsoft ရဲ့ Support Website မှာ သွားပြီး Fix တွေ ဒေါင်းနိုင်တယ်လို့ သိရပါတယ်။

                ဒီလိုအဖြစ်အပျက်ဟာ AMD နဲ့ Microsoft အတွက်တော့ အရမ်းကို ရှက်စရာကောင်းတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ဒါပေမယ့် ပြောရရင် AMD က မိအေး နှစ်ခါနာတာပါပဲ။ Meltdown နဲ့ Spectre ကိစ္စတုန်းကလည်း ခံခဲ့ရသလို Security Patch တွေ ထုတ်ပေးပြန်တော့လည်း ပြဿနာတက်ရပြန်ပါတယ်။ 

                ဒါပေမယ့် အခုအချိန်မှာ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူးလို့ ကျနော်ထင်ပါတယ်။ ကျွမ်းကျင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြမှာသာ Meltdown နဲ့ Spectre တို့ကြောင့် ဖြစ်ပေါ်လာမယ့် Cyber တိုက်ခိုက်မှုတွေကို တားဆီးနိုင်မယ်လို့ ပြောချင်ပါတယ်။

References
The Verge
About Author
Assinged Tags
Microsoft Windows Security Processor AMD Processor Information Security Security Flaw Meltdown Spectre CPU Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed