Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw တွေ လုံးဝ မရှိတဲ့ CPU အမျိုးအစားသစ်တွေကို ဒီနှစ်ကုန်လောက်မှာ ထုတ်ပေးသွားမယ်လို့ Intel ပြောကြား

date_range 29 January 2018

Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw တွေ လုံးဝ မရှိတဲ့ CPU အမျိုးအစားသစ်တွေကို ဒီနှစ်ကုန်လောက်မှာ ထုတ်ပေးသွားမယ်လို့ Intel ပြောကြား

visibility 400 Views

                ဒီနှစ်ထဲမှာ နည်းပညာလောကကြီးက နေစရာထိုင်စရာ မရှိလောက်အောင်ကို မလုံခြုံတော့ဘူးလို့ ပြောလို့ရပါတယ်။ Cryptocurrency တွေ ခိုးတူးတဲ့ Mining Script တွေကိုလည်း ကြောက်နေရသလို အတိုက်ခိုက်ခံရရင်အောင် ဘယ်လိုတိုက်ခိုက်သွားလည်း ဆိုတာကို Trace ပြန်လိုက်လို့မရတဲ့ Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw တွေကိုလည်း ကြောက်နေကြရပါတယ်။

                ပိုဆိုးတာက ထုတ်ပေးသမျှ Fix တွေကလည်း အရေးတကြီး ထုတ်ပေးလိုက်ရတာ ဖြစ်တဲ့အတွက် စက်လေးသွားတာတွေBoot ပြန်တက်မလာတာတွေကြောင့် ထုတ်ပေးထားတဲ့ Fix တွေကိုတောင် Update မလုပ်ခိုင်းရတဲ့ အဆင့်ထိပါ ဆိုးဆိုးရွားရွား ဖြစ်ပျက်နေတာပါ။ ဒါကြောင့်လည်း Meldown နဲ့ Spectre ကို စတွေ့ကတည်းက ကျွမ်းကျင်သူတွေက CPU Architecture ကိုပါ အစကနေအဆုံး ပြန်ပြောင်းပစ်မှပဲ အဆင်ပြေမယ်လို့ ပြောခဲ့ကြတာပါ။

                AMD နဲ့ ARM တို့ကတော့ ရေငုံနှုတ်ပိတ်နေကြပေမယ့် Intel ကတော့ ရေပေါ်ပေါ်လာပြီလို့ ပြောရမှာပါ။ လွန်ခဲ့တဲ့ ကြာသပတေးနေ့တုန်းက Intel အနေနဲ့ ရင်းနှီးမြုပ်နှံသူတွေကို ဒီနှစ်အကုန်လောက်မှာ Meldown နဲ့ Spectre ဆိုတဲ့ အကြီးစား CPU Security Flaw တွေ လုံးဝ မရှိတဲ့ CPU အမျိုးအစားသစ်တွေကို ထုတ်ပေးသွားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

                Intel အနေနဲ့ CPU အမျိုးအစားသစ်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် ရေကုန်ရေခမ်း ကြိုးစားနေတယ်လို့ သိရပြီး CPU Architecture ပါ ပြောင်းပစ်လိုက်မလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိ CPU Architecture မှာ အတိုက်ခိုက်ခံရပြီ ဆိုရင်တောင်မှ Trace ပြန်လိုက်လို့မရတဲ့ CPU Security Flaw မျိုးရှိနေတယ်ဆိုတော့ Architecture ကိုမှ မပြောင်းပဲ Fix တွေပဲ လှိမ့်ထုတ်ပေးနေလို့လည်း မဖြစ်သေးပါဘူး။

                Fix တွေကလည်း ထုတ်ပေးတယ်သာ ပြောနေကြတာပါ။ တကယ်တမ်းကျတော့ Fix သွင်းပြီးပြီဆိုရင် စက်ရဲ့ Performance ကလည်း ကျဆင်းသွားဖို့ရှိတယ်ဆိုတော့ ရေရှည်မှာ မဖြစ်နိုင်ပါဘူး။ Performance ကျဆင်းသွားတယ်ဆိုတာ သာမန် Laptop တစ်လုံးမှာ မသိသာပေမယ့် Server တွေမှာတော့ တော်တော်ကြီးကို သိသာသွားမှာပါ။ CPU Architecture မပြောင်းပဲ ဒီတိုင်းကြီးပဲ ဆက်သွားနေမယ် ဆိုလို့ကတော့ ကြာလာရင် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

                အခုအချိန်မှာ Intel ဘက်က တုန့်ပြန်မှုကောင်းကောင်း လုပ်နေပြီလို့ ပြောလို့ရနေပါပြီ။ AMD နဲ့ ARM တို့ဘက်က ဘယ်လို တုန့်ပြန်မှုမျိုး လုပ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးဖြစ်ပြီး Intel ဘက်ကလည်း CPU အမျိုးအစားသစ်တွေနဲ့ ပက်သက်လို့ တိတိကျကျ အချက်အလက်တွေကိုလည်း များမကြာမီကာလအတွင်းမှာ ထုတ်ပေးသွားဖို့ မျှော်လင့်ရပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Intel AMD CPU ARM Meltdown Spectre CPU Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed