iOS 11.3 မှာ အရေးပေါ် ဖုန်းခေါ်ဆိုမယ်ဆိုရင် ခေါ်ဆိုသူရောက်နေတဲ့ နေရာအတိအကျကို ကယ်ဆယ်ရေးအဖွဲ့တွေဆီ အလိုအလျောက် ပို့ပေးသွားမည်

date_range 26 January 2018

iOS 11.3 မှာ အရေးပေါ် ဖုန်းခေါ်ဆိုမယ်ဆိုရင် ခေါ်ဆိုသူရောက်နေတဲ့ နေရာအတိအကျကို ကယ်ဆယ်ရေးအဖွဲ့တွေဆီ အလိုအလျောက် ပို့ပေးသွားမည်

visibility 500 Views

                iOS 11.3 မှာ Animoji ဇာတ်ကောင်သစ်လေးတွလည်း ၄ ကောင် ပါဝင်လာပြီ၊ Battery နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ကြည့်လို့ရတော့မယ်၊ ARKit 1.5 လည်း ပါဝင်လာပြီ၊ Books App နဲ့ Apple Book Store တို့ကလည်း App Store လိုမျိုး ဒီဇိုင်းဖြစ်သွားပြီ ဆိုပေမယ့် နောက်ထပ်လည်း အသစ်ပါဝင်လာမယ့် Feature သစ်တစ်ခု ကျန်ရှိနေပါသေးတယ်။

                ဒီ Feature လေးကိုတော့ Advanced Mobile Location လို့ ခေါ်ပြီး Android Phone တွေမှာ ပါဝင်ပြီးသား Feature တစ်ခုလည်း ဖြစ်ပါတယ်။ Apple အနေနဲ့ ဒီ Feature ဟာ User Privacy ကို ထိခိုက်မှုတွေ ရှိနိုင်တာကြောင့် ထည့်သွင်းပေးဖို့အတွက် ငြင်းဆန်နေခဲ့ပေမယ့် မနှစ်က မေလပိုင်းလောက်တုန်းက European Emergency Number Accociation (EENA) က Apple ကို AML ထည့်သွင်းပေးဖို့အတွက် တောင်းဆိုခဲ့တာကြောင့် iOS 11.3 မှာ စတင် ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

                AML က ဘယ်လိုအလုပ်လုပ်မှာလည်း ဆိုတော့ အရေးပေါ် ကျန်းမာရေး ဒါမှမဟုတ် ဒုစရိုက်မှု အခြေအနေတစ်ခု ဖြစ်နေလို့ 199 ဒါမှမဟုတ် နေထိုင်နေတဲ့နိုင်ငံက အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့မယ်ဆိုရင် GPS နဲ့ Wi-Fi Service တွေကို အလိုအလျောက် ဖွင့်လိုက်ပြီး ခေါ်ဆိုသူရဲ့ တည်နေရာ အတိအကျကို သက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးဌာနဆီသို့ ပို့ပေးမှာ ဖြစ်ပါတယ်။

                အရေးပေါ် ခေါ်ဆိုသူ ရောက်ရှိနေတဲ့ နေရာကိုလည်း အတိအကျ ဖော်ပြပေးနိုင်တဲ့အပြင် အခန်းထဲ၊ အိမ်ထဲ ဒါမှမဟုတ် ဟိုတယ်မှာဆိုရင်တောင် အခန်းနံပါတ်ကိုပါ အတိအကျ ဖော်ပြပေးနိုင်မယ်လို့ သိရပါတယ်။ EENA ကတော့ Apple Device တွေဟာ Privacy လုံခြုံမှုရှိတဲ့အတွက် User Privacy အတွက် ပူစရာမလိုဘူးလို့ ပြောခဲ့ပေမယ့် Apple ကတော့ ဒီ Feature ဟာ ပွင့်သွားခဲ့မယ် ဆိုရင်တောင်မှ စက္ကန့်သုံးဆယ်ပဲ ပွင့်မယ်လို့ ပြောထားပါတယ်။

                လူထုလုံခြုံရေးကို အရေးပေးကြတဲ့ အနောက်နိုင်ငံတွေမှာ အခုလို Feature မျိုးဟာ အရေးပါလှပါတယ်။ အရေးပေါ် ဖုန်းခေါ်ဆိုသူတွေ အနေနဲ့ ဖုန်းခေါ်ဆိုနိုင်တယ် ဆိုပေမယ့် တစ်ခါတစ်လေမှာ မိမိဘယ်ကို ရောက်နေလည်း မသိဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ခေါ်ဆိုသူရဲ့ တည်နေရာကို အချိန်မှီ မရှာဖွေနိုင်တာကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ရတာလည်း ဖြစ်ပါတယ်။

                နိုင်ငံပေါင်း ၈၀ ကျော်က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုကတော့ Apple က အခုလို Feature မျိုး ထည့်ပေးလိုက်ခြင်းဟာ သတင်းကောင်းတစ်ခု ဖြစ်ခဲ့ပြီး iPhone တွေမှာ AML ပါဝင်လာတာကြောင့် နောင်နှစ်ပေါင်း ၁၀ နှစ်အတွင်း လူ့အသက်ပေါင်း ၇၅၀,၀ ကို ကယ်ဆယ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

                Apple အနေနဲ့ အရေးပေါ် အခြေအနေတွေနဲ့ ပက်သက်ပြီး Emergency SOS, Medical ID စတဲ့ Feature တွေကို ထည့်သွင်းပေးထားတယ် ဆိုပေမယ့် အခုလိုမျိုး AML ကိုပါ ထည့်သွင်းပေးလိုက်ခြင်းဟာ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေအတွက်တော့ သတင်းကောင်းပဲ ဖြစ်မှာပါ။ ဒါပေမယ့် ဒီ​ Feature ဟာ အခုလောလောဆယ်မှာတော့ UK, Belgium, New Zealand, Sweden, Lithuania, Austria နဲ့ US တို့မှာပဲ Support ရရှိဦးမှာ ဖြစ်ပါတယ်။

References
The Verge 9to5Mac
About Author
Assinged Tags
iOS iOS 11 Emergency Call Emergency
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed