iOS 11.3 မှာ “iBooks” App ကို “Books” လို့ နာမည်ပြောင်းလိုက်တဲ့အပြင် ဒီဇိုင်းပိုင်းကိုလည်း အစအဆုံး ပြန်ပြင်လိုက်တဲ့ Apple

date_range 26 January 2018

iOS 11.3 မှာ “iBooks” App ကို “Books” လို့ နာမည်ပြောင်းလိုက်တဲ့အပြင် ဒီဇိုင်းပိုင်းကိုလည်း အစအဆုံး ပြန်ပြင်လိုက်တဲ့ Apple

visibility 1060 Views

                Apple အနေနဲ့ Stock Apps တွေနဲ့ Stores တွေရဲ့ ဒီဇိုင်းပိုင်းကို အစကနေအဆုံး ပြန်လည်ပြုပြင်ခဲ့သလို Feature အသစ်တွေလည်း ထပ်ထည့်ပေးခဲ့ပေးမယ့် ချန်ထားခဲ့တဲ့ Stock App တစ်ခုနဲ့ Store တစ်ခုတော့ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့ “iBooks” နဲ့ “Apple Book Store” ပါပဲ။

                ချန်ထားခဲ့တာကလည်း အကြောင်းရှိပါတယ်။ ၂၀၁၂ တုန်းက Apple အနေနဲ့ eBook ဈေးနှုန်းတွေကို မြှင့်တင်ရောင်းချနေတယ်လို့ စွပ်စွဲခံခဲ့ရပြီး ကန်ဒေါ်လာ ၄၅၀ မီလီယံဒေါ်လာကိုလည်း ဒဏ်ကြေးအဖြစ် ပေးဆောင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့ eBook ဈေးကွက်မှာ Amazon က Apple ကို ကျော်တက်သွားခဲ့ပြီး Apple ဘက်ကလည်း “iBooks” App နဲ့ “Apple Book Store” ကို ဘာမှပြောင်းလဲ ပြုပြင်ခဲ့ခြင်း မလုပ်တော့ပါဘူး။

                ဒါကြောင့် iOS 11.3 မှာ Apple ဟာ eBook ဈေးကွက်ထဲကို ပြန်လည်ထိုးဖောက်နိုင်ဖို့အတွက် “iBooks” App ကို “Books” လို့ နာမည်ပြောင်း၊ Category အသစ်တွေ ထပ်ထည့်၊ “Apple Book Store” ကိုလည်း အစကနေအဆုံး ဒီဇိုင်းတွေ ပြောင်းလဲပစ်တော့မှာပါ။

                ဒီဇိုင်းပြောင်းသွားတယ်ဆိုတဲ့ နေရာမှာ အခုလက်ရှိ iOS 11 မှာ ပြောင်းလဲသွားတဲ့ App Store ရဲ့ ဒီဇိုင်းလိုမျိုးပဲ ရိုးရိုးရှင်းရှင်းနဲ့ အချက်အလက် အပြည့်အစုံ ပြသနိုင်တဲ့ ဒီဇိုင်းမျိုး ဖြစ်သွားမှာပါ။ နောက်ပြီး Audiobook တွေအတွက်လည်း Tab သီးသန့် ခွဲထားမှာဖြစ်ပါတယ်။

                “Book” App ထဲမှာလည်း “Reading Now”, “Want to Read”, “Award Winners”, “Staff Picks”, “Rave Reviews” စတဲ့ Feature သစ်တွေကိုလည်း ထပ်မံ ထည့်သွင်းပေးထားပါတယ်။ Apple အနေနဲ့ “Books” နဲ့ “Apple Book Store” ကို ပြောင်းလဲပြင်ဆင်မှုတွေ ပြုလုပ်ရာမှာ ပိုပြီးစေ့စပ်သေချာဖို့အတွက် Barnes and Noble မှာ အမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ Kashif Zafar ကိုလည်း ခေါ်ယူခဲ့သေးတယ်လို့လည်း သိရပါတယ်။

                iOS 11.3 မှာ ပြောင်းလဲသွားတော့မယ့် “Books” နဲ့ “Apple Book Store” ဟာ စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အကြီးမားဆုံး ပြောင်းလဲမှုမျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ Apple အနေနဲ့ ဒီနေ့မှာပဲ iOS 11.3 ကို Public Beta ထုတ်ပေးလိုက်ပြီဖြစ်ပြီး မတ်လလောက်မှာတော့ အသုံးပြုသူတွေအတွက် Release လုပ်ပေးသွားမှာပါ။

References
The Verge 9to5Mac
About Author
Assinged Tags
App Store iOS 11 Apple Ebooks Apple Book Store iBooks Books Apple Stock App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed