iOS 11.3 မှာ Animoji ဇာတ်ကောင်သစ်လေးတွေ ၄ ကောင် ပါဝင်လာတော့မည်

date_range 25 January 2018

iOS 11.3 မှာ Animoji ဇာတ်ကောင်သစ်လေးတွေ ၄ ကောင် ပါဝင်လာတော့မည်

visibility 500 Views

                မနေ့ကမှ iOS 11.2.5 ကို Release လုပ်ပေးခဲ့တဲ့ Apple အနေနဲ့ ဒီနေ့မှာတော့ iOS 11.3 ကို စတင် Preview လုပ်နေပြီဖြစ်ကြောင်း Apple Newsroom မှာ တရားဝင်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ iOS 11.3 မှာတော့ Tim Cook ကြီး ကတိပေးခဲ့တဲ့အတိုင်းပဲ CPU Throttling Feature ကို မသုံးချင်ဘူးဆိုရင် ပိတ်ထားလို့ရတော့မှာပါ။ 

                နောက်ပြီး Battery နဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုလည်း Settings -> Battery မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ CPU Throttling Feature ကိုလည်း Settings -> Battery မှာပဲ သွားပိတ်နိုင်မှာဖြစ်ပြီး iPhone 6, 6 PLus, SE, 6s, 6s Plus, 7 နဲ့ 7 Plus တို့မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

                ဆက်လက်ပြီး ကိုယ်ပိုင်ကျန်းမာရေးနဲ့ ပက်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကိုလည်း Health App ထဲမှာ တိုက်ရိုက် Record လုပ်ထားလို့ ရတော့မှာ ဖြစ်ပါတယ်။ နောက် AR (Augmented Reality) ပိုင်းနဲ့ ပက်သက်လို့လည်း Developer တွေအနေနဲ့ ပိုပြီးသဘာဝဆန်တဲ့ AR Apps တွေကို ရေးသားနိုင်စေဖို့အတွက် ARKit 1.5 Update ကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ ARKit 1.5 မှာဆိုရင် နံရံတွေကို ဒေါင်လိုက်မျက်နှာပြင်တွေ၊ စားပွဲတွေလိုမျိုး စတုရန်းပုံမကျတဲ့ မျက်နှာပြင်တွေကိုလည်း သိရှိနိုင်မယ်လို့ သိရပါတယ်။

                ဒါ့အပြင် iPhone X ကိုင်ဆောင်သူတွေ အနေနဲ့ အခုလက်ရှိ Animoji ဇာတ်ကောင်လေးတွေ ၁၂ ကောင်နဲ့ ရိုးအီလာပြီ ဖြစ်တဲ့အတွက် iOS 11.3 မှာ နဂါးရယ်၊ အရိုးခေါင်းရယ်၊ ခြင်္သေ့ရယ်၊ ဝက်ဝံရယ်ဆိုပြီး ဇာတ်ကောင်လေးတွေ ၄ ကောင် ထပ်တိုးပေးသွားမှာ ဖြစ်ပါတယ်။ ဆိုတော့ Animoji ဇာတ်ကောင်လေးတွေ စုစုပေါင်း ၁၆ ကောင် ဖြစ်သွားမှာပါ။

via GIPHY

via GIPHY

via GIPHY

via GIPHY

                iOS 11.3 မှာ Bug Fix တွေအပြင် Apple Music, Apple News နဲ့ HomeKit တို့ကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ iOS Developer Program Member တွေအနေနဲ့ ဒီနေ့ကစပြီး iOS 11.3 Developer Preview ကို developer.apple.com မှာ သွားရောက်ရယူနိုင်မှာပါ။ Public Beta ကတော့ မကြာခင်ထွက်ရှိလာမှာဖြစ်ပြီး လာမယ့် မတ်လလောက်မှာတော့ အသုံးပြုသူတွေအတွက် Release လုပ်ပေးသွားမယ်လို့ သိရပါတယ်။

References
9to5Mac The Verge
About Author
Assinged Tags
Augmented Reality iOS iOS 11 iOS Update Apple AR Apps Animoji
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed