2-In-1 Chromebook တစ်လုံးဖြစ်တဲ့ Chromebook 5190 ကို စတင် မိတ်ဆက်ပေးလိုက်တဲ့ Dell

date_range 26 January 2018

2-In-1 Chromebook တစ်လုံးဖြစ်တဲ့ Chromebook 5190 ကို စတင် မိတ်ဆက်ပေးလိုက်တဲ့ Dell

visibility 420 Views

                Dell အနေနဲ့ ပညာရေးပိုင်းမှာ အသုံးပြုရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်သွားမှာ ဖြစ်တဲ့ Chromebook 5000 Seires တွေရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ Chromebook 5190 ကို မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အရင်တုန်းကလည်း Dell အနေနဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး 3000 Series Chromebook တွေကို ထုတ်လုပ်ဖြန့်ချီပေးခဲ့ဖူးပါတယ်။ Acer, ASUS, HP, Lenovo တို့ကလည်း ပညာရေးပိုင်းမှာ အသုံးပြုရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Chromebook တွေကို မကြာသေးမီ အချိန်က မိတ်ဆက်ပေး သွားခဲ့ပါတယ်။

                Chromebook 5190 ရဲ့ Specifications တွေနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို Dell က တရားဝင် ထုတ်ပြန်ကြေငြာခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် အသစ်ထွက်ရှိလာမယ့် Chromebook 5000 Series Laptop တွေထဲကမှ ပထမဆုံးမျိုးဆက် အနေနဲ့ မိတ်ဆက်သွားခဲ့တဲ့ Chromebook 5190 မှာ အရင် 3000 Series Chromebook တွေမှာလို Dual-Core Processor ကို အသုံးပြုထားခြင်း မရှိတော့ပဲ Quad-Core Intel Celeron Processor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

                Chromebook 5190 ဟာ 2-In-1 Laptop တစ်လုံးဖြစ်တာကြောင့် Laptop တစ်လုံးအနေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် Tablet အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Chromebook 5190 ရဲ့ Battery Life ကတော့ ၁၃ နာရီအထိ ကြာရှည်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Stylus Support ပါဝင်လာမှာ ဖြစ်သလို World-Facing Camera လည်း ပါဝင်မှာ ဖြစ်တာကြောင့် Tablet အနေနဲ့ ခေါက်ထားတဲ့ အချိန်မှာတောင် ဓါတ်ပုံရိုက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

                USB Type-C Support ပါဝင်မှာ ဖြစ်တဲ့အပြင် ပုံမှန် Laptop တစ်လုံးမှာ ပါဝင်တဲ့ USB Ports တွေလည်း ပါဝင်မှာ ဖြစ်တာကြောင့် Chromebook 5190 ကို Storage Space မလောက်ဘူးဆိုရင်တောင်မှ Flash Drives တွေ၊ Hard Drives တွေ၊ External Drives တွေနဲ့ အလွယ်တူ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                Chromebook 5190 2-In-1 Laptop ဟာ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် အကြမ်းခံနိုင်မှုမှာလည်း လေးပေအကွာက လွတ်ကျရင်တောင် ဘာမှဖြစ်မှာ မဟုတ် ဘူးလို့ သိရပါတယ်။ ဒါ့အပြင် လေးလက်မအကွာကနေ “10000 Micro-Drops” နဲ့ ပြုတ်ကျရင် တောင် ဘာမှမဖြစ်စေရဘူးလို့ Dell က အာမခံထားပါတယ်။

                Acer က ထုတ်လုပ်ထားတဲ့ Chromebook ရဲ့ အကြမ်းခံနိုင်မှုဟာဆိုရင်လည်း အမေရိကန်စစ်တပ်ရဲ့ စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး HP ရဲ့ 2-In-1 Chromebook မှာဆိုရင်လည်း USB-C, World-Facing Camera, Stylus Support တို့ပါဝင်တဲ့ အပြင် အကြမ်းခံနိုင်အောင် တည်ဆောက်ထားတဲ့ Laptop တစ်လုံးဖြစ်တာကြောင့် Dell ရဲ့ Chromebook 5190 2-In-1 Laptop ဟာ အခြား ပညာရေးပိုင်းအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Chromebook တွေနဲ့ ယှဥ်မယ်ဆိုရင် သိသိသာသာ ကောင်းမွန်နေတဲ့ အချက်ဆိုလို့ မရှိပါဘူး။

                ဒါပေမယ့် အရင်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ 3000 Series Chromebook တွေကို အခု 5190 Chromebook မှာ ပါဝင်တဲ့ Specifications တွေနဲ့ Upgrade လုပ်လိုက်မယ်ဆိုရင် အမေရိကန် ဒေါ်လာ ၄၀၀ ခန့် ကျသင့်မှာ ဖြစ်ပေမယ့်  Dell အနေနဲ့ Chromebook 5190 ကို ဖေဖေါ်ဝါရီလထဲမှာ အမေရိကန်ဒေါ်လာ ၂၈၉ ဒေါ်လာ နဲ့ ရောင်းချသွားမှာ ဖြစ်တာကြောင့် အရင် 3000 Series မော်ဒယ်တွေနဲ့ ယှဥ်မယ်ဆိုရင်တော့ တော်တော်တန်တယ်လို့ ပြောလို့ရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Dell Hybrid Laptop Chromebook Dell Chromebook 5190 Dell Chromebook
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed