မြန်မာငွေ သိန်း ၇၀ ခန့်ကျသင့်မယ့် Dell ရဲ့ ၃၂ လက်မ 8K Monitor

date_range 24 March 2017

မြန်မာငွေ သိန်း ၇၀ ခန့်ကျသင့်မယ့် Dell ရဲ့ ၃၂ လက်မ 8K Monitor

visibility 630 Views

                Dell က ဒီနှစ် CES မှာ UP3218K ၃၂ လက်မ 8K LED-Backlit LCD Monitor ကို မိတ်ဆက်ခဲ့ပါတယ်။

                အဲ့တုန်းကတော့ မိတ်ဆက်ခဲ့ရုံပဲဖြစ်ပြီး ဈေးနှုန်းနဲ့ တရားဝင်ဝယ်ယူလို့ရရှိမယ့်နေ့ကို မပြောသွားပါဘူး။ အခုကတော့ ဝယ်ယူချင်သူများက Dell Website မှာ ဒီနေ့ပဲ Order မှာယူလို့ရရှိနိုင်ပြီဖြစ်ကာ ဧပြီလ ၁၄ ရက်နေ့လောက်မှ Shipping လုပ်မယ်လို့ ခန့်မှန်းရပါတယ်။


                ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ ဆိုတော့ မြန်မာငွေနဲ့တွက်ကြည့်ရင် သိန်း ၇၀ လောက် ရှိမှာပါ။ အခွန်တွေ၊ ပစ္စည်းသယ်ဆောင်ခတွေပါ ထည့်တွက်မယ်ဆိုရင်တော့ ၇၅ သိန်းလောက် ကုန်ကျမှာဖြစ်ပါတယ်။ ဒီလောက် ဈေးကြီးတဲ့ Monitor က ဘာတွေများ ထူးခြားပြီး ကောင်းမွန်နေလို့လည်းဆိုတာ Specification တွေ တစ်ချက်ကြည့်ကြည့်ရအောင်။


                Resolution အနေနဲ့ကတော့ 8K Monitor ဖြစ်တဲ့အတွက် 7680x4320 pixels ရှိမှာဖြစ်ပြီး Pixel Density ကတော့ 280ppi ရှိမှာပါ။ Screen Refresh Rate ကတော့ 60 Hz ရှိပြီး Response Time ကတော့ 6ms ရှိပါတယ်။ Screen Aspect Ratio ကတော့ Widescreen - 16:9 ရှိပါတယ်။


ချိတ်ဆက်နိုင်မှုအပိုင်းကတော့ အပေါ်ကပုံမှာပြထားတဲ့အတိုင်း 

  1. Power connector 
  2. Stand lock
  3. DisplayPort in
  4. DisplayPort in
  5. Audio line-out port
  6. USB upstream port
  7. USB downstream ports
  8. USB downstream port with BC1.2 charging

တို့ ဖြစ်ပါတယ်။

                ဒေါ်လာ ၅၀၀၀ တန်ဆိုတော့ ဘယ်သူမှ သိပ်ဝယ်ချင်မှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေကဆိုကြပေမယ့် Dell ကတော့ ဒီ Monitor ဟာ Photography သမားတွေ၊ Graphic Designer တွေ၊ Video Editing သမားတွေကို Target ထားပြီး ရောင်းချတာလို့ ဆိုထားပါတယ်။

References
the Verge Dell
About Author
Assinged Tags
Dell 8K Monitor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed