Chromebox မော်ဒယ်လ်သစ်နဲ့ Chromebook မော်ဒယ်သစ် ၂ မျိုးကို မိတ်ဆက်လိုက်တဲ့ Acer

date_range 25 January 2018

Chromebox မော်ဒယ်လ်သစ်နဲ့ Chromebook မော်ဒယ်သစ် ၂ မျိုးကို မိတ်ဆက်လိုက်တဲ့ Acer

visibility 380 Views

                Acer အနေနဲ့ ၂၀၁၈ ခုနှစ်ကို ကမ္ဘာ့အပါးလွှာဆုံး Laptop ဖြစ်လာမယ့် Acer Swift 7 နဲ့အတူ 2-in-1 Laptop ဖြစ်တဲ့ Acer Spin 3၊ Gaming Laptop ဖြစ်တဲ့ Nitro 5Chromebook 11 တို့နဲ့ အစပျိူးခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ထပ်ခြေလှမ်းတစ်ခု အနေနဲ့ Chromebook Spin 11၊ Chromebook 11 C732 နဲ့ Chromebox CXI3 တို့ကို လန်ဒန်မြို့မှာ ဇန်နဝါရီလ ၂၄ ရက်ကနေ ၂၇ ရက်နေ့ထိ ကျင်းပနေတဲ့ BETT နည်းပညာပြပွဲမှာ ထပ်မံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

                ဒီလက Chrome OS Laptops တွေရဲ့  ရာသီလို့တောင် ပြောရမလားပါဘဲ။ တစ်ဖက်မှာလည်း Lenovo က ပညာရေးမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chromebook တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် HP ကလဲ Chromebook 11 G6 နဲ့ Chromebook 14 G5 တို့ကို CES 2018 မှာ မိတ်ဆက်ခဲ့ပါသေးတယ်။

                အသစ်ထွက်ရှိလာတဲ့ Acer Chromebox နဲ့ Chromebook ၂ မျိူးဟာ စာသင်ခန်းတွေမှာ အသုံးပြုမယ့် Laptop တွေရဲ့ အဓိကသော့ချက်ဖြစ်တဲ့ ဘက်ထရီကြာရှည်ခံမှုကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ Acer က ကြွေးကြော်ထားပါတယ်။

Acer Chromebook Spin 11

                Acer Chromebook Spin 11 မှာ ၁၁.၆ လက်မ မျက်နှာပြင် အကျယ်ရှိ 1366 x 768 IPS Display ကို အသုံးပြုထားတာ ဖြစ်ပြီး အလေးချိန်ကတော့ ၁.၂၅ ကီလိုဂရမ် ရှိပါမယ်။ 360-degree Hinge ပါဝင်တဲ့အတွက် Tablet တစ်လုံးလိုလဲ အသုံးပြုနိုင်မှာဖြစ်ပြီး ပုံကြမ်းဆွဲဖို့၊ Note မှတ်ဖို့အတွက် Wacom EMR Stylus ပါဝင်မှာ ဖြစ်ပါတယ်။


                RAM 4GB နဲ့ 8GB ၂ မျိူး ထွက်ရှိမှာ ဖြစ်ပြီး 32GB eMMC Storage ဒါမှမဟုတ် 64GB eMMC Storage ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Connectivity ပိုင်းအတွက် USB Type-C 3.1၂ ပေါက် ပါဝင်မှာ ဖြစ်သလို USB 3.0၂ ပေါက်နဲ့ microSD Card Reader တစ်ခုလဲ ပါရှိမှာ ဖြစ်ပါတယ်။

                Acer Chromebook Spin 11 ကို Intel Pentium N4200 Quad-core Processor, Intel Celeron N3450 Quad-core Processor နဲ့ Intel Celeron N3350 Dual-core Processor ဆိုပြီး ၃ မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Chromebook Spin 11 က ကန်ဒေါ်လာ ၃၄၉ (မြန်မာငွေ ၄၆၀၀၀၀ ကျပ် ဝန်းကျင်) ကျသင့်မှာ ဖြစ်ပြီး Processor, RAM နဲ့Storage ပေါ်မူတည်ကာ စျေးနှုန်း အနည်းငယ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

Acer Chromebook 11 C732

                Acer Chromebook 11 C732 က စာသင်ကျောင်းတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပြီး International Electrotechnical Commission ရဲ့ Ingress Protection (IP)-41 Rating ရရှိထားတဲ့ အကြမ်းခံ Chromebook တစ်လုံး ဖြစ်တယ်လို့ သိရပါတယ်။ Chromebook 11 C732 ကို ၁၁.၆ လက်မ မျက်နှာပြင် အကျယ်ရှိ Touchscreen ပါဝင်တဲ့ IPS Display(C732T) , Touchscreen မပါဝင်တဲ့ IPS Display နဲ့ NT Display(C732) ဆိုပြီး ၃ မျိုး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။


                Chromebook 11 C732 က Chromebook Spin 11 မှာလို 360-degree Hinge မဟုတ်ဘဲ 180-degree Hinge သာ ပါဝင်မှာဖြစ်ပြီး Port တွေကတော့ Chromebook Spin 11 နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Processor အပိုင်းမှာတော့ Intel Celeron N3450 Quad-core နဲ့  Intel Celeron N3350 Dual-core ၂ မျိူး ထွက်ရှိမှာ ဖြစ်ပါတယ်။

                RAM အနေနဲ့ 8GB ပါဝင်မှာ ဖြစ်ပြီး Storage ကိုတော့ 32GB ဒါမှမဟုတ် 64GB ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Connectivity အပိုင်းမှာတော့ Bluetooth 4.2 နဲ့ 2x2 MIMO 802.11ac Wi-Fi တို့ပါဝင်မှာ ဖြစ်ပြီး တချိူ့နိုင်ငံတွေမှာ 4G LTE Support ပေးတဲ့ မော်ဒယ်လ်တွေကို ရောင်းချသွားမယ်လို့ Acer က ပြောကြားခဲ့ပါတယ်။

                Acer Chromebook 11 C732 ကို မတ်လလောက်မှာ စတင်ရောင်းမှာ ဖြစ်ပြီး Touchscreen မော်ဒယ်လ်က ကန်ဒေါ်လာ ၂၉၉.၉၉ (မြန်မာငွေ ၄၀၀၀၀၀ ကျပ် ဝန်းကျင်) ကျသင့်မှာ ဖြစ်ပြီး Non-Touchscreen မော်ဒယ်လ်ကတော့ ကန်ဒေါ်လာ ၂၇၉.၉၉ (မြန်မာငွေ ၃၇၀၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Acer Chromebox CXI3

                Acer Chromebox CXI3 က Intel ရဲ့ Apollo Lake 8th Generation Processor နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ Connectivity အပိုင်းမှာ USB Type-C 3.1 ၁ ပေါက်နဲ့ USB Type-A ၅ ပေါက် ပါဝင်မှာ ဖြစ်ပါတယ်။ USB Type-A ports တွေက USB 3.1 ဒါမှမဟုတ် USB 2.0 Support ပေးမှာ ဖြစ်တဲ့အတွက် မော်ဒယ်လ်ပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။


               စတင်ရောင်းချမယ့်နေ့ကို အတိအကျ မသိသေးပေမယ့် Acer Chromebox အသစ်ကို ကွန်ပျူတာ ဓာတ်ခွဲခန်းတွေနဲ့ စာကြည့်တိုက်တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
GadgetsNDTV 9to5Google
About Author
Assinged Tags
Acer Chromebook Chrome OS Chromebox Acer Chromebook Spin 11 Acer Chromebook 11 C732 Acer Chromebox CXI3
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed