ဒီတစ်ပါတ်အတွင်း Free Download ရယူနိုင်မယ့် Vantage Calendar App

date_range 06 March 2017

ဒီတစ်ပါတ်အတွင်း Free Download ရယူနိုင်မယ့် Vantage Calendar App

visibility 200 Views

                တစ်ပါတ်တာ Free App ရယူနိုင်မယ့် Promotion အစီအစဥ်မှာ ဒီတစ်ပါတ်အတွက် Apple က ရွေးလိုက်တဲ့ App ကတော့ ဒေါ်လာ ၃.၉၉ တန် Vantage Calender ဆိုတဲ့ iPhone နဲ့ iPad များအတွက် ပြက္ခဒိန် App လေးပါ။ အရင်ကလည်း Promotion ပေးခဲ့ဘူးပါတယ်။ (အဲ့တုန်းက ကျနော်ကိုယ်တိုင် Down ပြီးသုံးခဲ့ပါတယ်။)

                ကျနော်ကိုယ်တိုင် Designer ဖြစ်တာဆိုတော့ ဒီ App လေးရဲ့ UI ကို စမြင်မြင်ချင်းတုန်းထဲက ကြွေသွားပါတယ်။ နောက်ထွက်လာတဲ့ Update မှာပါလာတဲ့ Gold and Black UI လေးဆို တော်တော်လေးကိုလှတာပါ။ ပြက္ခဒိန် ကြည့်ရတာ စိတ်ချမ်းသာပါတယ်။

                Animation ပိုင်းကလည်း ပြောစရာမလိုပါဘူး။ Smooth အရမ်းဖြစ်ပြီး Event ထည့်တာကအစ ထည့်ချင်စရာပါ။ ယခုနောက်ဆုံး Update မှာဆိုရင် Sticker လေးတွေပါ၊ ပါလာတယ်ဆိုတော့ အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်းပဲ တော်တော်လေးကို လှပါတယ်။ 


                အသုံးပြုပုံကတော့ သာမန်ပြက္ခဒိန် App တွေနဲ့တော့ နည်းနည်းကွာမယ်ဗျ။ ဒါပေမယ့် အခက်ကြီးတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း ပြက္ခဒိန် App ကို အရမ်းအားပြုတဲ့သူ မဟုတ်ပါဘူး။ ဒီ App လေးက ပြက္ခဒိန်ကို တကယ် အသုံးပြုနေသူတွေအတွက်လည်း အဆင်ပြေမယ့် App လေးတစ်ခုဖြစ်တဲ့အပြင်၊ ပြက္ခဒိန် App ကို အရမ်းအားမထားရတဲ့သူတွေလည်း Free ရမယ်ဆိုတော့ Down ထားစေချင်လို့ Share လိုက်တာပါ။ 

                ဒီ App လေးကို Down ချင်တယ်ဆိုရင်တော့ App Store မှာ “Vantage Calendar” ဆိုပြီးရိုက်ရှာနိုင်သလို၊ ဒီလင်ခ့် ကနေတစ်ဆင့်လည်း Down နိုင်ပါတယ်။

References
MacRumors
About Author
Assinged Tags
App Store App Download Free App Vantage Calendar
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed