iOS 11.2.5 နဲ့အတူ Meltdown and Spectre Fix ပါဝင်တဲ့ macOS High Sierra 10.13.3 ယနေ့ထွက်ရှိ

date_range 24 January 2018

iOS 11.2.5 နဲ့အတူ Meltdown and Spectre Fix ပါဝင်တဲ့ macOS High Sierra 10.13.3 ယနေ့ထွက်ရှိ

visibility 360 Views

iOS 11.2.5

                အခု iOS Update ကတော့ Siri နဲ့ မကြာခင်မှာ ရောင်းချသွားတော့မှာဖြစ်တဲ့ HomePod ကို ဦးစားပေးထားတာ ဖြစ်ပါတယ်။ HomePod Support ကတော့ HomePod ဝယ်ယူအသုံးပြုမယ့် သူတွေအတွက် Apple ID, Apple Music, Siri နဲ့ Wi-Fi Settings တွေနဲ့ ပက်သက်တဲ့ Data ကို မိမိဖုန်းကနေ HomePod ကို လွယ်လွယ်ကူကူ Transfer လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။


                Siri ကလည်း “Hey Siri, play the news” လို့ ပြောလိုက်တာနဲ့ Siri က သတင်းတွေ ဖတ်ပြတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး အားကစားသတင်း၊ စီးပွားရေးသတင်း၊ နိုင်ငံရေးသတင်း၊​ စသည်ဖြင့်လည်း မိမိကြိုက်နှစ်သက်တဲ့ သတင်း Category ကိုလည်း မေးမြန်းနိုင်ဦးမယ်လို့ သိရပါတယ်။ iOS 11.2.5 မှာတော့ HomePod Support နဲ့ Siri News အပြင် အခြား Fix တွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

macOS High Sierra 10.13.3

                ဒီ macOS Update မှာတော့ Apple တို့ဘက်က ပထမဦးဆုံးအကြိမ်အဖြစ် Meldown နဲ့ Spectre တို့အတွက် Fix တွေ ထုတ်ပေးလိုက်ပါပြီ။ Release Note ထဲမှာလည်း အခု Update က Security ပိုင်းနဲ့ Stability မှာ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး အသုံးပြုနေသူတိုင်းကို Update လုပ်ကြဖို့ တိုက်တွန်းပါတယ်လို့ ရေးသားထားပါတယ်။


                အခြား Fix တွေနဲ့ Security Update တွေအပြင် iTunes 12.7.3 လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒီ iTunes Update မှာလည်း iOS Update မှာလိုပဲ HomePod Support ကို ထည့်သွင်းပေးထားမှာဖြစ်ပြီး AirPlay Menu ကိုလည်း အနည်းငယ် ပြင်ဆင်မှု လုပ်ထားတယ်လို့ သိရပါတယ်။

References
9to5Mac 9to5Mac
About Author
Assinged Tags
iOS Security iOS 11 macOS High Sierra iOS Update Apple Bug Fixes Meltdown Spectre macOS Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed