"Samsung Galaxy S9 စမတ်ဖုန်းကတော့ ကမ္ဘာ့စျေးအသက်သာဆုံး Flagship စမတ်ဖုန်းတစ်လုံး ဖြစ်လာတော့မှာပါ” လို့ ပြောကြားခဲ့တဲ့ SamsungChina ဥက္ကဌ

date_range 22 January 2018

"Samsung Galaxy S9 စမတ်ဖုန်းကတော့ ကမ္ဘာ့စျေးအသက်သာဆုံး Flagship စမတ်ဖုန်းတစ်လုံး ဖြစ်လာတော့မှာပါ” လို့ ပြောကြားခဲ့တဲ့ SamsungChina ဥက္ကဌ

visibility 6080 Views

                သိပ်မကြာမီ အချိန်အတွင်းမှာ MWC 2018 ပွဲကို ဘာစီလိုနာမြို့မှာ ကျင်းပတော့မှာ ဖြစ်တာကြောင့် စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများ အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို အချိန်မီ မိတ်ဆက်ပေးနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြပြီပဲ ဖြစ်ပါတယ်။

                တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Samsung အနေနဲ့ MWC 2018 မှာ Galaxy S9 နဲ့ S9 Plus Flagship စမတ်ဖုန်း မော်ဒယ် နှစ်မျိုးကို မိတ်ဆက်သွားမယ်လို့ အတည်ပြုပေးပြီး ဖြစ်ပါတယ်။ MWC 2018 မှာ မိတ်ဆက်သွားမယ့် Flagship စမတ်ဖုန်းတွေထဲက အခုအချိန်မှာ လူစိတ်ဝင်စားမှု အများဆုံး ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေနဲ့ ပတ်သတ်တဲ့ ကောလာဟလများစွာကို ကြားခဲ့ရပေမယ့် စျေးနှုန်းနဲ့ ပတ်သတ်တဲ့ ကောလာဟလကိုတော့ ကြားခဲ့ရခြင်း မရှိသေးပါဘူး။

                ပြီးခဲ့တဲ့နှစ်က စတင်ပြီး စမတ်ဖုန်း ကုမ္ပဏီတော်တော်များများ အနေနဲ့ Flagship စမတ်ဖုန်းတွေမှာ ပိုမိုကောင်းမွန်တဲ့ Component တွေကို အပြိုင်အဆိုင် အသုံးပြုလာကြသလို စမတ်ဖုန်းတွေရဲ့ စျေးနှုန်းဟာလည်း အဆမတန် မြင့်တက်လို့ လာခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွမ်းကျင်သူ တော်တော်များများက အသစ်ထွက်ရှိလာမယ့် Samsung ရဲ့ Galaxy S9 နဲ့ S9 Plus Flagship စမတ်ဖုန်း မော်ဒယ်နှစ်မျိုးကို အရင်နှစ်က ထွက်ရှိထားတဲ့ S8 နဲ့ S8+ ထက် ပိုပြီး စျေးကြီး သွားနိုင်တယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။

                ဒါပေမယ့် မနေ့က အင်တာဗျူးတစ်ခုမှာ SamsungChina ဥက္ကဌ Quan Guixian ကတော့ 


            "အခုအချိန်မှာ စမတ်ဖုန်း ထုတ်လုပ်သူတော်တော်များများက User Experience ပိုမိုကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်နိုင်ဖို့အတွက် စမတ်ဖုန်းတွေရဲ့ စျေးနှုန်းကို မြှင့်တင်ပြီး ရောင်းချခဲ့ကြ ပါတယ်။ ဒါပေမယ့် အသစ်ထွက်ရှိလာမယ့် Samsung Galaxy S9 စမတ်ဖုန်းကတော့ ကမ္ဘာ့ စျေးအသက်သာဆုံး Flagship စမတ်ဖုန်းတစ်လုံး ဖြစ်လာတော့မှာပါ"

လို့ ပြောကြားသွားခဲ့ပါတယ်။

                ဆိုလိုတာကတော့ Samsung အနေနဲ့ အသစ်ထွက်ရှိလာမယ့် Galaxy S9 နဲ့ S9 Plus မော်ဒယ်နှစ်ခုကို အရင်နှစ်တုန်းက ထွက်ရှိထားတဲ့ Galaxy S8 နဲ့ S8 Plus စမတ်ဖုန်းတွေထက် စျေးနှုန်းလျှော့ချပြီး ရောင်းချသွားမယ့် ပုံပါပဲ။ ဘယ်လောက်ထိအောင် ဈေးလျော့ပြီး ရောင်းချမလဲဆိုတာကို မသိရသေးပေမယ့် Samsung က စပြီးတော့ ဈေးလျော့လိုက်ပြီဆိုရင် တခြား စမတ်ဖုန်းကုမ္ပဏီတွေလည်း မဖြစ်မနေ ဈေးလျော့ပြီး ရောင်းချရတော့မှာ ဖြစ်တဲ့အတွက် Flagship ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ကိုင်ဆောင်ရတော့မယ့် အနာဂါတ်တစ်ခု မကြာမီအချိန်အတွင်း ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizChina
About Author
Assinged Tags
Samsung Smartphones Galaxy S8 Galaxy S8 and S8+ Galaxy S9 Galaxy S9+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed