Galaxy S9 နဲ့ S9+ တို့ကို နောက်နှစ် ဇန်နဝါရီလထဲမှာ စတင်ထုတ်လုပ်တော့မယ့် Samsung

date_range 28 December 2017

Galaxy S9 နဲ့ S9+ တို့ကို နောက်နှစ် ဇန်နဝါရီလထဲမှာ စတင်ထုတ်လုပ်တော့မယ့် Samsung

visibility 2880 Views

                နည်းပညာ ကျွမ်းကျင်သူအချို့ အနေနဲ့ Samsung ဟာ Galaxy S9 နဲ့ Galaxy S9+ တို့ကို နောက်နှစ် အစောပိုင်းလောက်မှာ မိတ်ဆက်ပေးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ခန့်မှန်းထားကြတာ မှန်နေပြီလို့ ဆိုရမလားပါပဲ။ Samsung ဟာ Galaxy S9 နဲ့ S9+ တို့အတွက် လိုအပ်တဲ့ Hardware အစိတ်အပိုင်းတွေကို အော်ဒါမှာပြီးပြီ ဖြစ်သလို နောက်နှစ် ဇန်နဝါရီလထဲမှာ စတင်ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ET News မှ ဆိုထားပါတယ်။

                ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထွက်ရှိခဲ့တဲ့ ကောလဟာလသတင်းများအရ Samsung ဟာ SLB (Substrat like PCB) Circuit Boards တွေကို အသုံးပြုမယ်လို့ သိရပါတယ်။ ဒီသတင်းသာ မှန်ခဲ့မယ်ဆိုရင်တော့ Galaxy S9 နဲ့ S9+ တို့ရဲ့ Motherboard အရွယ်အစားက သေးငယ်သွားမှာဖြစ်တာကြောင့် အရွယ်အစားကြီးပြီး mAh လည်းများမယ့် Battery တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                Samsung အနေနဲ့ Galaxy S9 အတွက် Front Camera Modules တွေကို Partron နဲ့အတူ ပူးပေါင်းထုတ်လုပ်နေပြီး S9+ အတွက် Front Camera Modules တွေကိုတော့ Power Logics နဲ့အတူ ပူးပေါင်းထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy S9 နဲ့ Galaxy S9+ တို့ရဲ့ Camera တည်ဆောက်ပုံတွေ ကွဲပြားသွားမှာဖြစ်ပြီး Galaxy S9+ က Dual Front Camera Setup နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ နောက်ပြီး Galaxy S9 မှာ Iris Scanner ကို Front Camera နဲ့အတူ ပေါင်းထည့်နိုင်ပြီး S9+ မှာတော့ Iris Scanner နဲ့ Front Camera တွေဟာ သပ်သပ်ဆီ ဖြစ်သွားနိုင်ပါတယ်။

                Galaxy S9 နဲ့ S9+ တို့ဟာ S8 နဲ့ S8+ မှာလိုပဲ 18:9 Aspect Ratio ရှိတဲ့ Infinity Display အပြင် Snapdragon 845 နဲ့ပါ ပွဲထွက်လာဖွယ် ရှိပါတယ်။ Design ပိုင်းမှာတော့ Galaxy S8, S8+ တို့နဲ့ သိပ်ကွဲပြားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီ့အပြင် ကျောဘက် Camera တွေကလဲ Dual-camera Setup မဟုတ်ဘဲ Single Camera Lens သာ အသုံးပြုသွားမယ့် အလားအလာရှိတယ်လို့ သိရပါတယ်။

                Galaxy S9 နဲ့ S9+ တို့ကို နောက်နှစ် ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ မိတ်ဆက်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း Samsung ဘက်က တခြား Event တစ်ခုမှာ မိတ်ဆက်ဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်တော့ နောက်နှစ် မတ်လအစောပိုင်း ဒါမှမဟုတ် ဧပြီလထဲမှာ မြင်တွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Thaw Zin.
References
Indian Express Waqar Khan
About Author
Assinged Tags
Samsung Galaxy S8 and S8+ Snapdragon 845 Galaxy S9 Galaxy S9+
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed