Device တွေကို ရည်ရွယ်ချက်ရှိရှိ Performance လျော့ချနေတာလား ဆိုတာကို အီတလီအစိုးရကိုယ်တိုင် Apple နဲ့ Samsung ကိုစစ်ဆေး

date_range 19 January 2018

Device တွေကို ရည်ရွယ်ချက်ရှိရှိ Performance လျော့ချနေတာလား ဆိုတာကို အီတလီအစိုးရကိုယ်တိုင် Apple နဲ့ Samsung ကိုစစ်ဆေး

visibility 1200 Views

                “ဝယ်ယူအသုံးပြုသူ ဘက်က အမြဲတမ်းမှန်တယ်” ဆိုတဲ့ သုံးစွဲသူ အခွင့်ရေးဟာ ဒီနိုင်ငံမှာတော့ အလေးမထားကြပေမယ့် အနောက်နိုင်ငံတွေမှာတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော၊ အစိုးရကိုယ်တိုင်ပါ အလေးတယူ ရှိကြပါတယ်။ Apple လုပ်ခဲ့တဲ့ လုပ်ရပ်ကို အနောက်နိုင်ငံတွေက အဖွဲ့အစည်းတွေ အနေနဲ့ သုံးစွဲသူ အခွင့်အရေးကို သိသိသာသာ ချိုးဖောက်တယ်လို့ မှတ်ယူကြပါတယ်။

                ဒါကြောင့်လည်း တိတ်တဆိတ် ထည့်ပေးခဲ့တဲ့ CPU Throttling Feature ကြောင့် Apple အနေနဲ့ တရားစွဲဆိုမှုတွေကို အကြိမ်ကြိမ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အီတလီနိုင်ငံ အခြေစိုက် Antiturst အဖွဲ့အစည်းက Apple တင်မဟုတ်ပဲ ဘာမဆိုင်ညာမဆိုင် Samsung ကိုလည်းပဲ ထုတ်လုပ်ရောင်းချနေတဲ့ Device တွေကို ရည်ရွယ်ချက်ရှိရှိ Performance လျော့ချနေတယ်လို့ ပြောကြားခဲ့ကြောင်း Reuters က Report တစ်ခုကနေတစ်ဆင့် သိရပါတယ်။

                ဒီ Antiturst အဖွဲ့အစည်း နာမည်ကတော့ Autorità Garante della Concorrenza e del Mercato (AGCM) ဖြစ်ပြီး နာမည်အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးနှစ်ခု အနေနဲ့ အသုံးပြုသူတွေကို ဖုန်းအသစ်ထွက်တိုင်း ဝယ်ယူစေဖို့အတွက် Performance လျော့ချပစ်တဲ့ Software Update တွေကို ထုတ်ပေးနေတာ မှန်ကန်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

                AGCM ပြောပုံအရ Apple နဲ့ Samsung တို့ဟာ ထုတ်ပေးလိုက်တဲ့ Software Update နဲ့ ပက်သက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး နဲ့ အခြား အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း မပြောတာဖြစ်တဲ့အတွက် ဒီအချက်ဟာ အီတလီနိုင်ငံက ပြဌာန်းထားတဲ့ သုံးစွဲသူ ကာကွယ်ရေး ဥပဒေနဲ့ သွားညှိနေတယ်လို့ သိရပါတယ်။

                မနေ့ကမှ ABC News က ပြုလုပ်ခဲ့တဲ့ Interview တစ်ခုမှာ Tim Cook အနေနဲ့ နောက်ထွက်လာမယ့် iOS Update မှာ CPU Throttling Feature ကို ပိတ်ထားလို့ရမယ်လို့ ပူပူနွေးနွေး ဖြေကြားအပြီးမှာပဲ အီတလီအစိုးရကိုယ်တိုင် Apple နဲ့ Samsung ကို စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အပြီးမှာ ပြစ်မှုထင်ရှားခဲ့မယ် ဆိုရင်တော့ Apple နဲ့ Samsung တို့အနေနဲ့ ယူရိုငွေ သန်းနဲ့ချီပြီး လျော်ကြေးပေးရကိန်း ရှိနေပါတယ်။

                နောက်ပြီး အခုစုံစမ်းစစ်ဆေးမှုဟာ Apple ရဲ့ CPU Throttling Feature တစ်ခုထဲကိုပဲ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့် နဲ့ နေရာစုံစုံလင်လင် စစ်ဆေးသွားမယ်လို့ အီတလီအစိုးရက ဆိုပါတယ်။ ဘာမဆိုင် ညာမဆိုင် Samsung က ဘာလို့ ပဲလှော်ကြား ဆားညှပ်သွားလည်း ဆိုတာကိုတော့ AGCM က အတိအကျ မပြောထားပါဘူး။ AGCM ရဲ့ ရှင်းတမ်းကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။

References
9to5Mac The Verge
About Author
Assinged Tags
Samsung Software Update Antitrust Law Lawsuit Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed