Spectre CPU Security Flaw အတွက် Firmware Update တွေ ထုတ်ပေးသွားမယ့် AMD

date_range 12 January 2018

Spectre CPU Security Flaw အတွက် Firmware Update တွေ ထုတ်ပေးသွားမယ့် AMD

visibility 400 Views

                Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw နှစ်ခုကို AMD ဘက်က စစခြင်း တုန့်ပြန်မှုကတော့ ရီစရာကောင်းပါတယ်။ “AMD Processor တွေမှာ ဒီလို Security Flaw တွေ မရှိလို့ Risk လည်း လုံးဝ မရှိပါဘူး” လို့ ဗြောင်ငြင်းခဲ့တာပါ။ 

                ဒါပေမယ့် ဒီနေ့မှာတော့ 

                “တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်မယ့် Processor Micro Update တွေနဲ့ OS Patch တွေကို AMD အသုံးပြုသူတွေအတွက် ထုတ်ပေးသွားမယ်”

လို့ AMD ရဲ့ နည်းပညာအရာရှိချုပ်က ပြောကြားသွားပါတယ်။

                Ryzen နဲ့ EPYC Processor တွေအတွက် Firmware Update တွေကို ဒီတစ်ပါတ်ထဲမှာပဲ စတင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Processor မော်ဒယ်လ် အဟောင်းတွေအတွက် Firmware Update တွေကိုတော့ လာမယ့် ရက်သတ္တပါတ်တွေထဲမှာ ပြုလုပ်ပေးသွားမယ်လို့ AMD က ဆိုပါတယ်။ Intel လိုမျိုးပဲ ဒီ Firmware Update တွေဟာ PC ထုတ်လုပ်သူတွေဆီ အရင်ဆုံးရောက်မှာပါ။ အသုံးပြုသူတွေဆီ Update ရောက်၊ မရောက်ကတော့ PC ထုတ်လုပ်သူနဲ့ပဲ ဆိုင်မှာပါ။

                အခု ထုတ်ပေးသွားမယ့် Update တွေက စက်ရဲ့ Performance ကိုရော ထိခိုက်နိုင်လားဆိုတာနဲ့ AMD က ပြောမသွားပါဘူး။ Fix ထုတ်ပေးတာ မှန်ပေမယ့် Performance ပိုင်းကိုတော့ ကြည့်ရဦးမှာပါ။ သာမန် အသုံးပြုသူအတွက်ကတော့ အနည်းငယ် ကသိကအောက်ဖြစ်ယုံကလွဲပြီး အကျိုးဆက် ကြီးကြီးမားမား ရှိမှာမဟုတ်ပေမယ့် EPYC Processor တွေ အသုံးပြုထားတဲ့ Server တွေအတွက်ကတော့ Performance ပိုင်းကိုလည်း ထည့်တွက်ပေးရမှာပါ။

                ဘယ်လို အကြောင်းရင်းရှိလို့လည်း ဆိုတာကို မသိရပေမယ့် AMD ကလည်း Nvidia လိုပဲ လေသံထွက်လာပါတယ်။ “AMD GPU တွေမှာ Meltdown နဲ့ Spectre မရှိပါဘူး” လို့ ငြင်းပြန်ပါပြီ။ “AMD GPU တွေက Speculative Execution ကို အသုံးမပြုတဲ့အတွက် ဒီ CPU Security Flaw နှစ်ခုက အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး” လို့ ပြောသွားပါတယ်။ ကြည့်ရတာ AMD က အခုကိစ္စကို ပေါ့ပေါ့တန်တန် တွေးနေပုံပါပဲ။ ၉ ရက်နေ့တုန်းကလည်း AMD က ထုတ်ပေးလိုက်တဲ့ Security Update ကြောင့် Windows က Boot ပြန်တက်မလာတော့တာကြောင့် Microsoft ဘက်က Update ကို ရပ်ဆိုင်းခဲ့ရပါသေးတယ်။

                တွေးကြည့်ရင် AMD အတွက်တော့ ရှက်စရာကြီးပါ။ AMD တင် မဟုတ်ပါဘူး။ Intel လည်း အတူတူပါပဲ။ Meltdown နဲ့ Spectre အတွက် Security Update တွေက စက်ရဲ့ Performance ကို ထိခိုက်နိုင်တယ် ဆိုတာကို ဝန်မခံပါဘူး။ Nvidia နဲ့ AMD ကလည်း ဘူးခါပြီး ငြင်းကြပြန်ပါတယ်။ ရှိနေတာကို အရှိအတိုင်း ဝန်ခံပြီး CPU Architecture တွေ ပြန်ပြင်သင့်တယ်ဆိုလည်း အားလုံးခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြမှပဲ Meltdown နဲ့ Spectre ကို အပြီးသတ် တိုက်ထုတ်နိုင်မယ်လို့ ထင်ပါတယ်။

References
The Verge
About Author
Assinged Tags
Security AMD AMD Processor AMD Graphics AMD Ryzen Security Flaw Meltdown Spectre CPU Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed