“Nvidia GPU တွေမှာ Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw နှစ်ခု မရှိပါဘူး” လို့ Nvidia CEO ငြင်းဆန်

date_range 11 January 2018

“Nvidia GPU တွေမှာ Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw နှစ်ခု မရှိပါဘူး” လို့ Nvidia CEO ငြင်းဆန်

visibility 520 Views

                အားလုံးသိကြတဲ့အတိုင်းပဲ အခုတစ်လောက Meltdown နဲ့ Spectre ဆိုတဲ့ CPU Flaw နှစ်ခုကြောင့် Processor ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအပြင် နည်းပညာလောကထဲမှာ ပွက်လောရိုက်နေကြသလို CES 2018 ပွဲမှာ မိတ်ဆက်ပြသနေတဲ့ နည်းပညာပစ္စည်း အသစ်အဆန်းတွေကြောင့် ရင်ခုန်နေကြတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ CES 2018 သတင်းရှင်းလင်းပွဲမှာလည်း Intel ဘက်က Meltdown နဲ့ Spectre တို့အကြောင်း တစ်ခွန်းတောင် မပြောသွားတဲ့အတွက်လည်း နည်းပညာလောကသားတွေ ဒေါပွနေကြတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။

                Intel ဘက်ကတော့ ဘာမှပြောမသွားပေမယ့် Nvidia ဘက်ကတော့ CEO Jensen Huang က

                “Nvidia GPU တွေမှာ Meltdown နဲ့ Spectre ဆိုတဲ့ CPU Security Flaw နှစ်ခု မရှိပါဘူး။ နောက်ပြီး ကျနော်တို့ GPU တွေမှာ အဲ့လိုချို့ယွင်းချက်မျိုးလည်း မရှိပါဘူး” 

လို့ CES 2018 သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆန်သွားပါတယ်။

                ငြင်းဆန်တယ်လို့ ပြောရတာလည်း အကြောင်းအရင်းရှိပါတယ်။ Nvidia CEO အနေနဲ့ သူကသာ ငြင်းဆန်နေတာပါ။ Nvidia ဘက်ကတော့ Spectre အတွက် Software Update တွေ Nvidia GPU တွေအတွက် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

                သူကပဲဆက်လက်ပြီး 

                “အခုဖြစ်နေတဲ့ CPU Security Flaw နှစ်ခုကြောင့် CPU ထုတ်လုပ် ရောင်းချသူတွေ၊ Anti-Virus ရောင်းချသူတွေနဲ့ Cloud-Based Datacenter ရောင်းချသူတွေ အနေနဲ့ ဒီ CPU Security Flaw နှစ်ခုကို တားဆီးနိုင်မယ့် နည်းလမ်းကို အသည်းအသန် ရှာဖွေနေကြရတယ်”

လို့ ထပ်မံ ပြောကြားသွားပါတယ်။

                အခုလောလောဆယ်မှာ ရှာဖွေလေ၊ တွေ့ရှိလေလို့ ပြောရမလိုပါပဲ။ Cisco အနေနဲ့ Meltdown နဲ့ Spectre ရှိနေတဲ့ နည်းပညာပစ္စည်း အမျိုးအစားပေါင်း ၁၈ မျိုး တွေ့ရှိထားပြီဖြစ်ပြီး နောက်ထပ် Switch တွေ Router တွေ အပါအဝင် ကွဲပြားတဲ့ နည်းပညာပစ္စည်း အမျိုးအစား ၃၀ ကို ထပ်မံ စမ်းသပ်နေတယ်လို့ ပြောထားပါတယ်။

                Security Analyst တစ်ယောက်ဖြစ်တဲ့ Hans Mosesmann ကတော့

                “Nvidia ရဲ့ Driver Update က တစ်ချို့ GPU အသုံးပြုနေရတဲ့ Data Center တွေနဲ့ Server တွေအတွက်တော့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ Data Center နဲ့ Server ဈေးကွက်မှာ အဝယ်ကျသွားနိုင်ခြေရှိတယ်”

လို့ ခန့်မှန်းခဲ့ပါတယ်။

                Hans Mosesmann ပြောပြီး မကြာပါဘူး Nvidia ရဲ့ ရှယ်ယာ ၀.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ Intel ရဲ့ ရှယ်ယာလည်း ၂.၅ ရာခိုင်းအထိ ကျဆင်းသွားပေမယ့် ပြိုင်ဘက် AMD ရဲ့ ရှယ်ယာကတော့ Intel ရဲ့ ရှယ်ယာဈေးနှုန်း ကျသွားတဲ့အတွက် ၁.၂ ရာခိုင်နှုန်းအထိ တက်သွားတယ်လို့ သိရပါတယ်။

References
Gadget NDTV TrustedReviews
About Author
Assinged Tags
Nvidia GPU GPU Drivers Software Update Meltdown Spectre
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed