Snapdragon 835 Processor သုံး Windows 10 ARM 2-In-1 Laptop မော်ဒယ်လ်သစ်ကို Lenovo မိတ်ဆက်

date_range 10 January 2018

Snapdragon 835 Processor သုံး Windows 10 ARM 2-In-1 Laptop မော်ဒယ်လ်သစ်ကို Lenovo မိတ်ဆက်

visibility 700 Views

                လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက HP နဲ့ Asus အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး Snapdragon 835 Processor သုံး Windows 10 ARM Laptop တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတော့ ပြိုင်ဘက်ဖြစ်တဲ့ Lenovo ကလည်း အားကျမခံ CES 2018 ပွဲမှာ Snapdragon 835 Processor သုံး Windows 10 ARM 2-In-1 Laptop တစ်လုံးဖြစ်တဲ့ Miix 630 ကို ထပ်မံ မိတ်ဆက်သွားခဲ့ပါတယ်။


                အသစ်ထွက်ရှိလာမယ့် Miix 630 ဟာ အရင်တုန်းက ထွက်ရှိထားတဲ့ Lenovo ရဲ့ Miix Series Tablet တွေလိုပဲ ဖြုတ်လို့တပ်လို့ရတဲ့ 2-In-1 Tablet/Laptop Hybrid အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် Lenovo Miix 630 ဟာ ဒီဇိုင်းပိုင်းမှာ Microsoft ရဲ့ Surface Pro နဲ့ တော်တော်ကြီးကို ဆင်တူပါတယ်။ Laptop တစ်လုံးလို အသုံးပြုနိုင်ဖို့အတွက် အနောက်ဘက်ခြမ်းကနေ Screen ကို ထောက်ပေးထားမယ့် Kickstand ကလည်း Surface Pro မှာလိုပါပဲ။ Keyboard ဖြုတ်လိုက်မယ်ဆိုရငတော့် Tablet တစ်လုံးအနေနဲ့ အသုံးပြုနိုင်မှာပါ။


                Specifications တွေအနေနဲ့ Lenovo Miix 630 မှာ ၁၂.၃ လက်မ WUXGV+ Display ကို အသုံးပြုထားပါတယ်။ Processor အနေနဲ့ Qualcomm ရဲ့ Snapdragon 835 Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ဒါမှမဟုတ် 8GB နှစ်မျိုးရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ 256GB SSD အထိ ရွေးချယ် ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

                မကောင်းတဲ့အချက် တစ်ခုကတော့ Miix 630 မှာ USB Type C Port ၁ ခုသာ ပါမှာ ဖြစ်တဲ့အတွက် တကယ်လို့ အားသွင်းထားမယ်ဆိုရင် အခြားဘာကိုမှ ချိတ်ဆက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ microSD Slot တစ်ခုပါဝင်တဲ့အတွက် Storage Space မလုံလောက်တဲ့ အခါမျိုးမှာတော့ External Storage အနေနဲ့ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ပြီး Miix 630 မှာ Windows Hello အသုံးပြုနိုင်မယ့် Camera လည်း ပါဝင်ပါတယ်။


                Miix 630 မှာ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ Qualcomm ရဲ့ Snapdragon 835 Processor ကိုအသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် Windows 10 S နဲ့ ARM Processor ကို အသုံးပြုထားတဲ့ Laptop/Tablet ဆိုလို့ Miix 630 အပါအဝင် သုံးလုံးသာ ရှိပါသေးတယ်။ အရင်လက မိတ်ဆက်သွားခဲ့တဲ့ HP နဲ့ Asus Arm Laptop မှာတွေလိုပဲ Miix 630 မှာလည်း Windows 10 S ကနေ Windows 10 Pro ကို အခမဲ့ Upgrade လုပ်လို့ရဦးမှာပါ။ ဒါပေမယ့် The Verge ကတော့ Windows 10 S ကနေ Windows 10 Pro ကို Upgrade ပြုလုပ်တဲ့နေရာမှာ အဆင်မပြေမှုတွေ ရှိလာနိုင်တယ်လို့ ထောက်ပြသွားပါတယ်။

                Lenovo ကတော့ Miix 630 ရဲ့ Battery Life ကို နာရီ ၂၀ ကျော် ရရှိနိုင်မယ်လို့ ကတိပေးသွားခဲ့ပါတယ်။ ဒါ့အပြင် Qualcomm Processor ကို အသုံးပြုထားတဲ့ အတွက် Miix 630 မှာ LTE Support က Buit In အနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။ Lenovo အနေနဲ့ Miix 630 ကို၂၀၁၈ နှစ်ဝက်လောက်မှာ ရောင်းချသွားဖို့ အစီအစဉ် ဆွဲထားပြီး အမေရိကန် ဒေါ်လာ ၇၉၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ နောက်ပြီး ဒီဈေးနှုန်းက Stylus နဲ့ Keyboard ပါဝင်ပြီးသား ဈေးနှုန်းဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Qualcomm Snapdragon 835 Lenovo Hybrid Laptop Lenovo Laptops ARM Processor Snapdragon 835 Laptops Qualcomm Chipset Lenovo Ideapad Miix 320 Lenovo Miix 630
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed