Snapdragon 835 Mobile Processor သုံးထားတဲ့ Windows 10 ARM Laptop တွေကို တရားဝင်မိတ်ဆက်

date_range 07 December 2017

Snapdragon 835 Mobile Processor သုံးထားတဲ့ Windows 10 ARM Laptop တွေကို တရားဝင်မိတ်ဆက်

visibility 13540 Views

                Snapdragon 835 Mobile Processor ကို နောင်ထွက်လာမယ့် ARM Laptop တွေရဲ့ Processor အဖြစ် စတင်အသုံးပြုလာတော့မယ်လို့ Microsoft နဲ့ Qualcomm က တရား၀င် ပူးတွဲ ကြေညာလိုက်ပါပြီ။ ဒါပေမယ့် Android OS နဲ့တော့ အသုံးပြုနိုင်မှာမဟုတ်ဘဲ Windows 10 OS နဲ့ အသုံးပြုရမှာပါ။ Microsoft ဟာ Mobile Processors တွေမှာ Windows 10 ကို အပြည့်အဝအသုံးချနိုင်အောင်လို့ ကြိုးပမ်းနေတာ အချိန်တော်တော်ကြာမြင်ခဲ့ပြီဖြစ်ပြီး၊ အခုအချိန်မှာတော့ စျေးကွက်ထဲထိပါ အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ HP, Asus နဲ့ Lenovo တို့ကလည်း Qualcomm Snapdragon 835 Processor အသုံးပြုထားတဲ့ Laptop တွေကို ဒေါ်လာ ၆၀၀-၈၀၀ ၀န်းကျင်နဲ့ နောင်နှစ်ထဲမှာ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

                Snapdragon 835 Processor ကိုသုံးလိုက်တဲ့အတွက် အသုံး၀င်လာတဲ့အချက်ကတော့ Laptop တွေကလည်း Wi-Fi ကိုပဲ အားကိုးစရာမလိုတော့ဘဲ ကျွန်တော်တို့ ဖုန်းတွေမှာလို 4G LTE Connection ကို တိုက်ရိုက် ချိတ်ဆက်လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် ARM Laptop တွေကို Qualcomm က “Always Connected PC “ဆိုပြီး ညွှန်းထားပါသေးတယ်။


                Qualcomm ရဲ့ Snapdragon 835 Processor ကိုအသုံးပြုထားတဲ့ ARM Laptop တွေနဲ့ဆိုရင် User တွေအနေနဲ့  အခုလိုမျိုး Laptop ကြီးတွေကိုင်ပြီး Wifi မိတဲ့နေရာတွေကို တကူးတကသွားနေစရာမလိုတော့ပါဘူး။ ဒါ့အပြင် Public Wifi တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ တိုက်ခိုက်မှုမျိုးဖြစ်တဲ့ “Man In The Middle” Attack မျိုးကိုလည်း ရှောင်ရှားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ Man-In-The-Middle-Attack ဆိုတာကတော့ Public Wifi Access ကိုအသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် Communicate လုပ်နေတာတွေကို ကြားကနေ၀င်ရောက်ခိုးယူခြင်းတစ်မျိုး ပဲဖြစ်ပါတယ်။ ကိုယ်ပိုင် LTE Access နဲ့ဆိုတော့ Security ပိုင်း ပိုစိတ်ချရပြီး၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တော်တော်အသုံး၀င်တဲ့ Laptop မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

                Qualcomm Processor အသုံးပြုရခြင်းရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Battery Life ပါပဲ။ အခုခေတ်ကြီးထဲမှာ ဘက်ထရီတအားခံလှပါပြီဆိုတဲ့ Laptop တွေ Chromebooks တွေတောင် Usage Time ၈နာရီ ကျော်ကျော်လောက်ပဲအသုံးခံပါတယ်။ Qualcomm Processor အသုံးပြုထားတဲ့ ARM Laptop တွေကတော့ တစ်နေကုန်အသုံးပြုလို့ရမှာဖြစ်တာကြောင့် User တွေအနေနဲ့ Snapdragon 835 Laptop ကို တစ်ပတ်တစ်ခါလောက် အားသွင်းပေးရင်တောင် လုံလောက်နေမှာပဲဖြစ်ပါတယ်။ Standby Time ကလည်း အခုခေတ်စားနေတဲ့ Laptops တွေနဲ့ ၄ဆ ၅ဆ လောက် သိသိသာသာကွာခြားလွန်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Snapdragon 835 Laptop တွေရဲ့  Standby Time ကတော့ တစ်လကျော်ဖြစ်နေလို့ပါပဲ။


                Snapdragon 835 သုံးထားတဲ့ ပထမဆုံး Laptop တွေထဲက တစ်လုံးဖြစ်တဲ့ ‘Nova GO’ Laptop ကို ASUS စင်ပေါ်မှာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။ Nova GO ဟာ Gigabit LTE အသုံးပြုနိုင်တဲ့ ကမ္ဘာ့ပထမဆုံး Laptop လို့ ပြောရင်လည်း မမှားပါဘူး။ eSIM နဲ့ Nano SIM ကနေ 4G LTE အသုံးပြုနိုင်ပြီး၊ 8 GB RAM နဲ့ 256 GB UFS 2.0 Storage တို့ ပါဝင်ပါတယ်။ Nova GO ဟာ Screen-On အချိန် ၂၂ နာရီအထိ ခံပြီး၊ Standby ထားမယ်ဆိုရင် ရက် ၃၀ ( တစ်လ) အထိ ထားနိုင်ပါတယ်။ Windows Ink, Cortana စတဲ့ Windows 10 ရဲ့ Features တွေလည်း အပြည့်အစုံ ပါရှိပြီး၊ 4GB RAM နဲ့ 64 GB Storage မော်ဒယ်ကို ၅၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ကျောင်းသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Windows 10 S နဲ့ ထွက်ရှိလာမှာပါ။

Asus Nova GO

                နောင်နှစ်ထဲမှာ အစောဆုံးထွက်ရှိလာမယ့် Snapdragon 835 Processor အသုံးပြုထားတဲ့ Arm Laptop တွေထဲက နောက်တစ်လုံးဖြစ်တဲ့ HP Envy x2 Laptop ကလည်း Nova GO လိုပဲ Windows 10 S နဲ့ ဖြစ်ပါတယ်။Envy x2 ဟာ HP ကပဲ ထုတ်ထားတဲ့ Intel Processor သုံး HP Spectre X2 လိုမျိုး Surface Pro Types Laptop တွေနဲ့ ကွာခြားမှုသိပ်မရှိခဲ့သလို Asus NovaGo Laptop ဟာဆိုရင်လည်း Intel Processor သုံး Mid-Range Standard Laptop တွေထက် သိသိသာသာကောင်းမွန်သွားတာမျိုး မရှိခဲ့ပါဘူး။

HP Envy x2


                လောလောဆည် မိတ်ဆက်ထားတဲ့ Nova Go နဲ့ Envy x2 ARM Laptop နှစ်လုံးစလုံးမှာတော့ Windows 10 S နဲ့ပဲ ဖြစ်တာတွေ့ရပြီး၊ Windows 10 S က Microsoft Store က Apps တွေကိုပဲ အသုံးပြုလို့ရတာကြောင့် ဒီတစ်ချက်ကတော့ နည်းနည်းအားမရဖြစ်မိပါတယ်။ နောင်ထုတ်မယ့် ARM Laptop တွေမှာကော Windows 10 S နဲ့ပဲ လာမှာလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် Windows 10 S ကနေ Windows 10 Pro ကို Upgrade လုပ်ချင်တယ်ဆိုရင်တော့ အခမဲ့လုပ်ခွင့်လေးတော့ ပေးထားကြပါတယ်။။ Nova GO မှာ Windows 10 S ကနေ Pro ကို Upgrade လုပ်ချင်တယ်ဆိုရ*င် ၂၀၁၈၊ စက်တင်ဘာလမကုန်ခင် အခမဲ့ Upgrade လုပ်နိုင်ပြီး၊ Envy x2 မှာတော့ အခမဲ့တစ်ကြိမ်လုပ်ခွင့်ပေးထားတာ တွေ့ရပါတယ်။

                အသစ်ထွက်ရှိလာမယ့် Snapdragon 835 Laptop တွေမှာလည်း Windows 10 Standard Features တွေဖြစ်တဲ့ Touchscreen, Windows Hello, Pen Input စတဲ့ Features အသုံးပြုနိုင်ပါပဲဖြစ်ပါတယ်။ အကြမ်းဖျင်းသုံးသပ်ချက်များအရတော့ အသစ်ထွက်ရှိလာတဲ့ Devices တွေဟာ အခြား Windows 10 Devices တွေထက် သိသိသာသာ ပါးသွားတာမျိုးမရှိသလို အခြား Intel Processor သုံးထားတဲ့ Devices တွေလိုပဲ Fan အသုံးပြုခြင်းမရှိပါဘူး။

                ပထမဆုံး အသုတ်မှာထွက်ရှိလာမယ့် Windows 10 ARM Laptops တွေမှာ Snapdragon 835 Processor ကိုအသုံးပြုထားပြီး Connectivity အတွက် X16 LTE Modem ကိုအသုံးပြုထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားတဲ့ Android Phones တွေဖြစ်တဲ့ Galaxy S8 , Google Pixel 2, Oneplus 5T, LG V30, Galaxy Note 8 တို့ရဲ့ Setup တွေနဲ့အတူတူပဲဖြစ်ပါတယ်။

                Snapdragon 835 အသုံးပြုထားတဲ့ Windows 10 ARM Laptop တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အောက်ပါ Video မှာကြည့်ရှုလေ့လာနိုင်ပါတယ်။



Snapdragon 835 Processor အသုံးပြုထားတဲ့ ပထမဆုံး Windows 10 ARM Laptop ဖြစ်လာမယ့် Asus Nova GO ရဲ့ Specifications တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


Display: 13.3-inch LED screen with 1,920x1,080-pixel resolution
Dimensions: 31.6 x 22.1 x 1.49 cm
Weight: 1.39kg
Software: Windows 10 S (upgradable to Windows 10 Pro before Sept. 30, 2018)
Processor: Qualcomm Snapdragon 835
Connectivity: Gigabit LTE, X16 modem (4x4 MIMO), 802.11ac (2x2 MIMO)
RAM: 4GB or 8GB
Storage: 64GB or 256GB
Price: $599 for 64GB/4GB storage version; $799 for 256GB/8GB version

Snapdragon 835 Processor သုံး HP Envy X2 ရဲ့ Specifications တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


Display: 12.3-inch diagonal touch WUXGA+ with Gorilla Glass 4
Dimensions: 6.9mm, 1.54 lbs
Aluminum build
Rear camera
Qualcomm Snapdragon 835 Mobile PC Platform
110-150-degree integrated adjustable stand
Up to 20 hours (up to 700 hours in modern standby mode)
Internal storage: Up to 8GB
External storage: Up to 256GB
Software: Windows 10 S with one-time option to switch to Windows 10 Pro
Compatible with Windows Ink certified pen

This Article is Contributed by Phyo Kyaw Zwar

References
Android Authority The Verge Cnet
About Author
Assinged Tags
HP Asus Microsoft Qualcomm Snapdragon 835 Windows 10 Laptop Snapdragon Laptops Snapdragon 835 Laptops Windows 10 S Always Connected PC ARM Laptops Asus Nova GO HP Envy x2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed