ပါးလွှာပေါ့ပါးတဲ့ Notebook တွေမှာ Gaming Quality ကောင်းကောင်း ပေးနိုင်မယ့် Chip တစ်မျိုးကို Intel နှင့် AMD ပူးပေါင်း ထုတ်လုပ်နေ

date_range 08 November 2017

ပါးလွှာပေါ့ပါးတဲ့ Notebook တွေမှာ Gaming Quality ကောင်းကောင်း ပေးနိုင်မယ့် Chip တစ်မျိုးကို Intel နှင့် AMD ပူးပေါင်း ထုတ်လုပ်နေ

visibility 1260 Views

                Notebook တွေပေါ်မှာ PC Game တွေရဲ့ Heavy Graphics တွေကို ကောင်းကောင်း အထောက်အပံ့ ပေးနိုင်မယ့် Chip တစ်မျိုးကို Intel CPU နဲ့ AMD Graphics Processor တို့ကို ပေါင်းစပ်ပြီး သေးငယ် ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Processor Market မှာ အပြင်းအထန် ပြိုင်ဆိုင်နေကြတဲ့ Intel နဲ့ AMD တို့ဟာ ပူးပေါင်းလုပ်ဆောင်မှုတွေ မရှိတော့တာ နှစ် (၃၀) လောက် ကြာခဲ့ပြီ ဖြစ်ပါတယ်။

                ဒါပေမယ့် နောက်ထပ်အသစ်ထွက်ရှိလာမယ့် Intel 8th Generation Core H-Series Processors တွေမှာတော့ Intel CPU နဲ့ custom-built AMD Radeon GPU တို့ ပူးတွဲတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။


                ဒီလို တစ်ကြော့ပြန် ပူးပေါင်းမှုဟာ အခုအချိန်မှာ အဓိက ပြိုင်ဘက် ဖြစ်လာတဲ့ Nvidia ကို ယှဉ်ပြိုင်နိုင်ဖို့ ပါပဲ။ Nvidia ဟာ Consumer နဲ့ Enterprise Computer တွေအတွက် Graphics Card တွေမှာ ဦးဆောင်ထားနိုင်တဲ့ အပြင် Artificial Intelligence (AI) နဲ့ Machine Learning နယ်ပယ်ကိုပါ အရှိန်အဟုန်နဲ့ ထိုးဖောက်လာပါတယ်။ Nvidia ရဲ့ AI Researcher တွေဟာ တကယ့် Celebrity တွေရဲ့ ဓာတ်ပုံ ထောင်ပေါင်းများစွာကို AI System တစ်ခုထဲကို ထည့်သွင်းလိုက်ပြီး တကယ် မရှိတဲ့ Fake Celebrity မျက်နှာတွေကို 1024-pixel Resolution နဲ့ Generate လုပ်ယူနိုင်ခဲ့ကြောင်းကိုတောင် အရင် တစ်ပတ်က ထုတ်ပြန်လိုက်ပါသေးတယ်။ Nvidia ဟာ Gaming & Graphics မှာ AMD ရဲ့ ပြိုင်ဘက် ဖြစ်ပြီး၊ AI နယ်ပယ်မှာတော့ Intel ရဲ့ ပြိုင်ဘက် ဖြစ်လာပါတယ်။

                Notebook တွေမှာ Standalone Graphics Card မလိုအောင် ပြုလုပ်ပေးမယ့် ဒီ Product အသစ် က Intel အတွက်သာမက AMD အတွက်လည်း အကျိုးအမြတ်များမှာ သေချာပါတယ်။ Notebook တွေရဲ့ အထူ နဲ့ အလေးချိန်ကို အသားပေး စဉ်းစားရတဲ့ PC Maker တွေ ဘက်မှာလည်း Graphics Card တစ်ခု ထည့်သွင်းဖို့ လိုအပ်တဲ့ Space နဲ့ Heat Sink အတွက် ခေါင်းခဲစရာ တစ်ခု လျော့သွားမှာ ဖြစ်ပါတယ်။ ဒီ Product အသစ်ကြောင့် Notebook တွေမှာ အပို ထွက်လာတဲ့ Space တွေကို Feature အသစ်တွေ ထည့်ဖို့ ဖြစ်စေ၊ Board Layout အသစ်တွေ ဒီဇိုင်းထုတ်ဖို့ ဖြစ်စေ၊ Cooling Solution အသစ်တွေ ထည့်သွင်းဖို့ ဖြစ်စေ၊ ဘက်ထရီ သက်တမ်း ကြာရှည်ခံနိုင်ဖို့ ဖြစ်စေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                Intel ရဲ့ 8th Gen Processor တွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ့် ဒီ Product အသစ်ဟာ စွမ်းဆောင်ရည်မြင့် Intel Core H-series Processor, 2nd Generation High Bandwidth Memory (HBM2) တို့နဲ့အတူ AMD Radeon Technologies Group က Intel အတွက် အထူး ပြုလုပ်ပေးထားတဲ့ Graphics Chip တို့ကို Processor Package တစ်ခုတည်းမှာ ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။

“AMD ရဲ့ Radeon Technologies Group နဲ့ ကျွန်တော်တို့ အနီးကပ် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အခုလို Semi-custom Graphics Chip တစ်ခုကို ဒီဇိုင်းထုတ်နိုင်ခဲ့ပါတယ်၊ ဒါဟာ ကျွန်တော်တို့တွေ ပြိုင်ဆိုင်မှု နဲ့ ပူးပေါင်းလုပ်ဆောင်မှု ကို တစ်ချိန်တည်းမှာ ပြုလုပ်ရင်း အသုံးပြုသူတွေအတွက် အကျိုးရှိမယ့် Innovation တစ်ခုကို ဖန်တီးနိုင်တယ် ဆိုတဲ့ နမူနာကောင်း တစ်ခုပါပဲ”

လို့ Intel ရဲ့ Vice President of Client Computing ဖြစ်တဲ့ Christopher Walker က Intel Newsroom မှာ ရေးသားခဲ့ပါတယ်။

                Notebook တွေကို “Sleeker, Thinner Device” တွေ ဖြစ်လာစေပြီး တစ်ချိန်တည်းမှာ Graphics Performance ကိုပါ တိုးမြှင့်ပေးနိုင်မယ့် ဒီ Processor အသစ်အတွက် ကုမ္ပဏီ နှစ်ခုစလုံးက အားရကျေနပ်မှု ရှိနေပုံပါပဲ။ ဒါပေမယ့် AMD/Nvidia တို့ရဲ့ ဘယ် GPU နဲ့မှ Performance ချင်း နှိုင်းယှဉ်ပြထားတာကို မတွေ့ရပါဘူး။ ဘယ်လိုပဲ ပြောပြော ဒီ Product ရဲ့ Target တွေ ဖြစ်တဲ့ ပါးလွှာမှု နဲ့ Gaming-ready ဖြစ်မှု တွေက Laptop တွေရဲ့ အဓိက Selling Point တွေဖြစ်ပြီး၊ ဒီ နှစ်ခုစလုံးကို Laptop တစ်လုံးတည်းမှာ ရရှိဖို့ ဆိုတာ အားလုံးလိုချင်နေတဲ့ အရာ တစ်ခု ဖြစ်ပါလိမ့်မယ်။

References
Tech Crunch Intel Newsroom
About Author
Assinged Tags
Intel GPU AMD CPU Processors Intel 8th Generation Intel 8th Generation H Series
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed