Processor ကို Power လည်းပေးနိုင်သလို၊ အေးအောင်လည်းလုပ်ပေးနိုင်မယ့် ဘက်ထရီနည်းပညာသစ်ကို ရှာဖွေတွေ့ရှိ

date_range 21 March 2017

Processor ကို Power လည်းပေးနိုင်သလို၊ အေးအောင်လည်းလုပ်ပေးနိုင်မယ့် ဘက်ထရီနည်းပညာသစ်ကို ရှာဖွေတွေ့ရှိ

visibility 850 Views

                Processor တွေအပူထုတ်လွှတ်တဲ့အချက်က Processor Speed အတွက်ကတော့ ရန်သူပါပဲ။ အခုနောက်ပိုင်း Processor ကို Overclock လုပ်နိုင်ဖို့အတွက် ငွေကုန်ကြေးကျခံပြီး Liquid Cooling System တွေတပ်ဆင်တာတောင်မှ ဒီအပူထုတ်လွှတ်တဲ့ ပြဿနာကို မဖြေရှင်းသေးနိုင်ပါဘူး။ 

                ဒါပေမယ့် စိတ်မပူပါနဲ့။ မကြာတော့တဲ့ အနာဂါတ်မှာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ဘက်ထရီနည်းပညာအသစ်ကို လေ့လာသူတွေက ရှာဖွေတွေ့ရှိထားပါပြီ။ ETH Zurich နဲ့ IBM Research Zurich က လေ့လာသူတွေဟာ Processor ကို Power လည်းပေးနိုင်သလို၊ အေးအောင်လည်းလုပ်ပေးနိုင်မယ့် ဘက်ထရီနည်းပညာသစ်ကို ရှာဖွေတွေ့ရှိ ထားပါတယ်။

                ဒီဘက်ထရီနည်းပညာသစ်ကို Flow Batteries လို့ခေါ်ဆိုပါတယ်။ သာမန် Rechargeable Battery တစ်လုံးလိုပဲ အားသွင်းနိုင်မယ်၊ အားပြန်သုံးနိုင်မယ့်အပြင် Liquid Electrolytes လေးတွေကို ဖြတ်သန်းပြီး Processor ကိုရော၊ ဘက်ထရီကိုပါ အေးနေအောင်လုပ်ပေးထားမယ့် Cooling System လေးပါ ပါဝင်လာပါတယ်။

                ဘက်ထရီဒီဇိုင်းကလည်း ၁.၅ မီလီမီတာသာ အထူရှိပြီး၊ တစ်စတုရန်းစင်တီမီတာရှိတဲ့ Battery Surface ကနေ ၁.၄ ဝပ်အားရှိတဲ့ လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်လွှတ်ပေးနိုင်မှာပါ။ ကျန်တဲ့ ၀.၄ ဝပ်အားရှိတဲ့ လျှပ်စစ်ဓာတ်အားကတော့ ဘက်ထရီရဲ့ Cooling System အတွက် အသုံးပြုမှာပါ။ Cooling System အတွက် အသုံးပြုမယ့် လျှပ်စစ်ဓာတ်အားပမာဏကတော့ ဘက်ထရီရဲ့ အရွယ်အစားပေါ်မူတည်ပြီး အနည်းအများရှိမှာပါ။

                ဒီနည်းပညာသစ်ကပေးနိုင်မယ့် အဓိကကောင်းကျိုးကတော့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနိုင်မယ့် Electrolyte အရည်တွေကပဲ Processor ကိုရော၊ ဘက်ထရီကိုရောပါ အေးနေအောင်လုပ်ပေးမှာဆိုတော့ Liquid Cooling System တွေ ထပ်မံတပ်ဆင်စရာမလိုတော့ပါဘူး။

                ခက်တာက ယခုထွက်ရှိလာတဲ့ ရှေ့ပြေးပုံစံဘက်ထရီလေးကတော့ ကွန်ပျူတာ Chip တွေမှာ တပ်ဆင်အသုံးပြုဖို့ အဆင်မပြေသေးပါဘူး။ တီထွင်သူတွေကတော့ များမကြာမီကာလမှာ ကွန်ပျူတာ Chip တွေ၊ Mobile Chip တွေမှာပါ တပ်ဆင်အသုံးပြုလို့ရနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့တော့လည်း ပူပူလောင်လောင်စက်တွေကို မသုံးရတော့မယ့် အနာဂါတ်တစ်ခုကို စောင့်မျှော်နေရတာပေါ့ဗျာ။

References
The Verge
About Author
Assinged Tags
Battery Liquid Cooling System Processor Cooling System Flow Batteries
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed