Galaxy S8, S8+ နဲ့ Note 8 အချို့မှာ Screen အလိုအလျောက် ပွင့်လိုက်၊​ ပိတ်လိုက်ဖြစ်တဲ့ ပြဿနာရှိနေ

date_range 03 January 2018

Galaxy S8, S8+ နဲ့ Note 8 အချို့မှာ Screen အလိုအလျောက် ပွင့်လိုက်၊​ ပိတ်လိုက်ဖြစ်တဲ့ ပြဿနာရှိနေ

visibility 520 Views

                မကြာသေးမီ အချိန်ကမှ Galaxy Note 8, S8 နဲ့ S8+ အချို့မှာ Battery 0% ဖြစ်ပြီး နောက်ပိုင်း ပါဝါမပြန်တက်မလာတော့တဲ့ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ Samsung ဟာ အခုအခါမှာလည်း အသစ်ထွက်ထားတဲ့ Flagship ဖုန်းတွေဖြစ်တဲ့ S8 နဲ့ S8+ အချို့မှာ Screen အလိုအလျောက် ပွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတဲ့ ပြဿနာနဲ့ ထပ်မံ ရင်ဆိုင်နေရပြန်ပါပြီ။

                ဒီပြဿနာကို ကြုံတွေ့နေရတဲ့ User အချို့က Reddit နဲ့ Samsung Community Forum မှာ Report တင်ထားကြပြီး သူတို့အဆိုအရ ဖုန်းရဲ့ Screen ကို Power Button နှိပ်ပြီးပဲ ပိတ်ပိတ်၊ ဒါမှမဟုတ် Sleep ဖြစ်ပြီးပဲ ပိတ်သွားသွား၊ နောက် ၁၀ စက္ကန့်အကြာမှာ Screen က အလိုအလျောက် ပြန်ပွင့်လာပြီး ခဏအကြာမှာ ပြန်ပိတ်သွားတယ်လို့ သိရပါတယ်။ အားသွင်းနေတဲ့ အချိန်မှာလည်း Screen က အလိုအလျောက် ပွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။


                တကယ်လို့ Galaxy S8 မှာ Flip Case ကို အသုံးပြုထားမယ်ဆိုရင်လည်း အောက်ကဗွီဒီယိုမှာ မြင်တွေ့ရတဲ့အတိုင်း Screen ကတစ်ချိန်လုံး ပွင့်နေတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။


                ဒီပြဿနာကို ကြုံတွေ့နေရတဲ့ User တော်တော်များများဟာ ပြန်အဆင်ပြေလာစေဖို့ အတွက် Factory Reset လုပ်တယ်၊ Safe Mode ကနေ Reboot လုပ်ကြည့်တယ်၊ Cache File တွေကို ရှင်းပစ်တယ်။ ဒါပေမယ့် ဘာမှ ထူးမလာခဲ့ဘူး လို့ သိရပါတယ်။ ဒီပြဿနာနဲ့ ပတ်သတ်ပြီး တိကျတဲ့ အကြောင်းပြချက်ကို ခုချိန်ထိ ရှာတွေ့ခြင်း မရှိသေးပါဘူး။ Charger ကအစ၊ Smart Stay Option အဆုံး၊ အခုပြဿနာကို ဖြစ်ပေါ်စေတယ်လို့ ယူဆရတဲ့ အရာအားလုံးကို လေ့လာစမ်းသပ်ခဲ့ကြပေမယ့် ဘာမှ အကြောင်းထူးမလာခဲ့ဘူးလို့ သိရပါတယ်။

                ဒီပြဿနာဟာ ဘာမှအရေးမကြီးဘူးလို့ ပြောလို့ရပေမယ့် တစ်နေကုန် ဖြစ်နေမယ်ဆိုရင်တော့ ဖုန်းရဲ့ Battery အား ခဏလေးနဲ့ ကုန်သွားမှာ အမှန်ပါပဲ။ တကယ်လို့ အခုလို Screen က အလိုအလျောက် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတာကို သတိမထားမိပဲ Battery 0% ရောက်သွားပြီ ဆိုလို့ကတော့ ...။ သတိထားမိလို့ အားသွင်းထားမယ်ဆိုရင်လည်း Screen က အလိုအလျောက် ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေဦးမှာဆိုတော့ ....

                Screen အလိုအလျောက်ပွင့်တဲ့ ပြဿနာရှိနေတဲ့ ဖုန်းအရေအတွက်ကို အတိအကျ မသိရသေးပေမယ့် အရမ်း မများလောက်ဘူးလို့ ကျွမ်းကျင်သူတွေကတော့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် Galaxy S8 နဲ့ S8+ ဖုန်းအချို့မှာသာ မဟုတ်ပဲ အခုပြဿနာကို Note 8 ဖုန်းအချို့ မှာပါ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။ Samsung အနေနဲ့ အခုကိစ္စနဲ့ ပတ်သတ်ပြီး တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ မကြာမီ အချိန်အတွင်းမှာ Battery ပြဿနာ တုန်းကလိုမျိုး ဖြေရှင်းချက်တစ်ခု ထွက်လာလိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။

This Article is contributed by Phyo Kyaw Swar. 
References
Android Authority Android Police CNET
About Author
Assinged Tags
Samsung Bug Report Galaxy S8 Galaxy S8 and S8+ Screen issues related Galaxy Note 8
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed