Galaxy Note 8 နဲ့ S8 Plus တစ်ချို့မှာ Battery 0% ဖြစ်ပြီးနောက်ပိုင်း အားပြန်သွင်းရင်တောင် ပါဝါပြန်တက်မလာတော့တဲ့ ပြဿနာရှိနေ

date_range 28 December 2017

Galaxy Note 8 နဲ့ S8 Plus တစ်ချို့မှာ Battery 0% ဖြစ်ပြီးနောက်ပိုင်း အားပြန်သွင်းရင်တောင် ပါဝါပြန်တက်မလာတော့တဲ့ ပြဿနာရှိနေ

visibility 1460 Views

                Samsung အနေနဲ့ သူတို့ရဲ့ ပေါက်ကွဲလွယ်တဲ့ Galaxy Note 7 ကို စျေးကွက်ထဲကနေ ပြန်လည် သိမ်းယူခဲ့တာ ၁ တစ်နှစ်ကျော်ကျော် အကြာမှာပဲ တိုက်တိုက်ဆိုင်ဆိုင် နောက်ထပ်လည်း Battery နဲ့ ပက်သက်တဲ့ ပြဿနာတစ်ခု ထပ်မံဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အသစ်ထွက်ရှိခဲ့တဲ Samsung ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy Note 8 နဲ့ Galaxy S8 Plus အချို့မှာ Battery 0% ဖြစ်သွားလို့ အားပြန်သွင်းခဲ့မယ် ဆိုရင်တောင်မှ ဖုန်းက ပါဝါ ပြန်မတက်လာတော့တဲ့ ပြဿနာရှိနေပါတယ်။

                အခုလက်ရှိမှာ Samsung ချစ်သူတွေရဲ့ ချီးမွန်းမြှောက်စားမှုကို ခံရသလို ရောင်းအားလည်း ကောင်းခဲ့တဲ့ Galaxy S8, S8 Plus နဲ့ Note 8 တို့မှာ Note 7 တုန်းကလို ပေါက်ကွဲမှုတွေ ထပ်မဖြစ်စေဖို့အတွက် Samsung အနေနဲ့ ဂရုတစိုက် ပြင်ဆင်ခဲ့ပေမယ့်လည်း အခုလိုမျိုး နောက်ထပ် ပြဿနာအသစ်တစ်ခု ထပ်ဖြစ်ရတာပဲ ဖြစ်ပါတယ်။ ဒီပြဿနာက Note 7 မှာလိုမျိုး လူ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်တဲ့အထိ အခြေအနေ မဆိုးဝါးဘူး ဆိုပေမယ့် Samsung အတွက်ကတော့ Battery နဲ့ ပက်သက်ပြီး ခေါင်းကိုက်စရာ ထပ်တိုးသွားပြီ ဖြစ်ပါတယ်။

                Samsung ရဲ့ Community Forums က Note 8 အသုံးပြုသူတွေရဲ့ အဆိုအရ အခုပြဿနာဟာ Battery 0% ဖြစ်ပြီး ဖုန်းပါဝါပိတ်သွားတဲ့ နောက်ပိုင်းမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဲ့လို ဖုန်းပါဝါပိတ်သွားပြီး နောက်ပိုင်းမှာ ဖုန်းကို ဘယ်လိုပဲအားသွင်းသွင်း အားပြန်တက်မလာတော့ပဲ လုံး၀ကို အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။ တစ်ချို့ဆိုရင် LED Charging မီးမလင်းတော့ အထိကို ဖြစ်ကြတယ်လို့ ဆိုကြပါတယ်။

                အသုံးပြုသူ တစ်ယောက် ဆိုရင် သူ့ရဲ့ Note 8 မှာ Battery သေသွားတာနဲ့ ပတ်သက်ပြီး နည်းမျိုးစုံနဲ့ စမ်းသပ်ထားတဲ့ ဗီဒီယိုတစ်ခုကို YouTube မှာ တင်ထားပါသေးတယ်။ ဒီပြဿနာကို ကြုံတွေ့နေရတဲ့ User တော်တော်များများဟာ ဖုန်း ပါဝါ ပြန်တက်လာဖို့အတွက် Charging ကြိုး အမျိုးမျိုးပြောင်းပြီး စမ်းကြည့်ပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့သလို ဖုန်းကို Safe Mode ကနေ Reboot လုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာလည်း ဘာမှ ထူးမလာခဲ့ဘူးလို့ သိရပါတယ်။


                အသုံးပြုသူနေတွေအတွက် ကံကောင်းသွားတဲ့ တစ်ချက်ကတော့ Samsung က အခု ဖြစ်နေတဲ့ ပြဿနာကို သေချာဂရုစိုက်ပြီး ဖြေရှင်းပေးနေတာပါပဲ။ Samsung Community Forum မှာဆိုရင် “SamsungMel” လို့ အမည်ရတဲ့ Moderator တစ်ယောက်က Battery ပြဿနာတက်နေတဲ့ Note 8 User တွေကို Warranty ပြပြီး အသစ်တစ်လုံးနဲ့ သွားလဲနိုင်ကြောင်း ပြောပေးနေတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူကပဲ

                “Note 8 မှာ Battery 0% ဖြစ်သွားပြီးနောက်ပိုင်း ဖုန်းပြန်ဖွင့်လို့မရတဲ့ ပြဿနာကို ကျွန်တော်တို့ဘက်က အမြန်ဆုံး အတိအကျ ဖြေရှင်းနိုင်အောင် ကြိုးစားသွားပါမယ်” 

လို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

            PiunikaWeb ကတော့

            "အခုချိန်မှာ ဒီပြဿနာကို ကြုံတွေနေရတဲ့ ဖုန်းအရေအတွက် ဘယ်လောက် ရှိနေပြီဆိုတာကို ခန့်မှန်းလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Samsung အနေနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို သေသေချာချာ စုံစမ်းပြီး Note 7 လိုမျိုး Battery မကောင်းတဲ့ ဖုန်းတွေကို ထပ်ပြီး ရောင်းချနေတယ်လို့ လူတွေမထင်လာအောင် အမြန်ဆုံး ဖြေရှင်းချက် ပေးသင့်တယ်”

လို့ သုံးသပ်ထားပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Android Authority
About Author
Assinged Tags
Samsung Battery Lithium-Ion Battery Galaxy S8 Galaxy Note 7 Galaxy S8 and S8+ Galaxy Note 8 Battery Issue
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed