Galaxy Note 8, S8 နဲ့ S8+ အချို့မှာ ဖြစ်ပေါ်နေတဲ့ Battery ပြဿနာကို Samsung ဖြေရှင်း

date_range 02 January 2018

Galaxy Note 8, S8 နဲ့ S8+ အချို့မှာ ဖြစ်ပေါ်နေတဲ့ Battery ပြဿနာကို Samsung ဖြေရှင်း

visibility 1820 Views

                Galaxy Note 8, S8 နဲ့ S8+ အချို့မှာ Battery 0% ဖြစ်ပြီးနောက်ပိုင်း အားပြန်သွင်းရင်တောင် ဖုန်းက ပါဝါပြန်မတက်လာတော့တဲ့ ပြဿနာတစ်ခုရှိနေတယ်ဆိုတာ အရင်တစ်ပါတ်က သိရှိခဲ့ရပါတယ်။ ဒီနေ့မှာတော့ အခုဖြစ်နေတဲ့ Battery ပြဿနာအတွက် Samsung ဘက်က တာဝန်ရှိသူတွေက ဖြေရှင်းချက် ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

                Engadget ကနေ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက

                “အခုဖြစ်နေတဲ့ Battery ပြဿနာက Device အနည်းငယ်မှာပဲ ဖြစ်ပေါ်နေတာပါ။ နောက်ပြီး ဒီပြဿနာကလည်း Power Management Circuit နဲ့ သက်ဆိုင်မယ်လို့ ခန့်မှန်းရပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

                ဆက်လက်ပြီး

                “Samsung အနေနဲ့ အခုဖြစ်နေတဲ့ Battery ပြဿနာနဲ့ ပက်သက်ပြီး အသုံးပြုနေသူတွေ ပေးပို့ထားတဲ့ Report တွေကိုလည်း ကြည့်ရှုစစ်ဆေးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာနဲ့ ပက်သက်ပြီး အချက်အလက်တွေက အရမ်းနည်းနေသေးတာဆိုတော့ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုဖြေရှင်းသွားမယ် ဆိုတာတွေနဲ့ ပက်သက်ပြီး အတိအကျ ပြောလို့မရသေးပါဘူး”

လို့ ဂျာမဏီ Samsung Customer Service က ပြောကြားခဲ့ပါသေးတယ်။

                လက်ရှိအနေအထားမှာတော့ အခု Battery ပြဿနာဟာ Galaxy Note 8, S8 နဲ့ S8+ အချို့မှာတင် မဟုတ်ပဲ Galaxy Tab S3 မှာလည်း ဖြစ်နေတယ်လို့ သိရပါတယ်။ အခုပြဿနာက Note 7 တုန်းကလောက် မဆိုးရွားသလို ဒီလိုပြဿနာမျိုး တခြားဖုန်းတွေမှာလည်း ရှိတတ်တယ်လို့ ကျွမ်းကျင်သူအချို့က ပြောထားပါတယ်။ ဒါပေမယ့် ပြဿနာအရင်းခံကို Samsung ဘက်က သေသေချာချာ စစ်ဆေးဖို့ လိုအပ်ပြီး အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့လည်း လိုအပ်မယ်လို့လည်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

                အခုလောလောဆယ်မှာတော့ Battery ပြဿနာတက်နေတဲ့ Device အရေအတွက် နည်းနေသေးတယ် ဆိုပေမယ့် ကျွမ်းကျင်သူတွေကတော့ လက်ရှိအသုံးပြုသူတွေကို Back Up လုပ်ထားကြဖို့နဲ့ Battery 0% အထိ မသုံးကြဖို့ အကြံပေးထားကြပါတယ်။

References
Gadgets NDTV Engadget CNET
About Author
Assinged Tags
Samsung Battery Lithium-Ion Battery Galaxy S8 Galaxy Note 7 Galaxy S8 and S8+ Galaxy Note 8 Battery Issue
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed