OnePlus 5T အတွက် Android Oreo ကိုအခြေခံထားတဲ့ OxygenOS Open Beta 1 ထွက်ရှိ

date_range 02 January 2018

OnePlus 5T အတွက် Android Oreo ကိုအခြေခံထားတဲ့ OxygenOS Open Beta 1 ထွက်ရှိ

visibility 280 Views

                OnePlus အနေနဲ့ OnePlus 5 အတွက် Face Unlock Feature ပါဝင်လာတဲ့  OxygenOS Open Beta 3 ကို Release လုပ်ပေးခဲ့ပြီ ဖြစ်သလို အခုအခါမှာလည်း မကြာသေးခင်အချိန်က ကြေငြာထားခဲ့တဲ့အတိုင်း OnePlus 5T အတွက် OxygenOS Open Beta 1 ကိုလည်း ထပ်မံ Release လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                Android 8.0 ကို အခြေခံထားတဲ့ OnePlus 5T အတွက် OxygenOS Open Beta 1 မှာ Feature အသစ်တွေရရှိမှာ ဖြစ်သလို လက်ရှိအသုံးပြုနေတဲ့ Feature တွေကိုလည်း ပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခု Open Beta မှာဆိုရင် Android Oreo ပါဝင်လာတဲ့ Feature တွေဖြစ်တဲ့ Picture-In-Picture Mode, Smart Text Selection, Auto-Fill စတဲ့ Feature တွေကို အသုံးပြုလာနိုင်မှာ ဖြစ်သလို Quick Setting ဒီဇိုင်းအသစ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ December 2017 Android Security Patch တွေလည်း  ယခု Open Beta မှာ ပါ၀င်လာပြီ ဖြစ်ပါတယ်။

                ဖုန်း Launcher ပိုင်းကိုလည်း ယခု Beta မှာ Update လုပ်ပေးထားပြီး OnePlus 5T ကို အသုံးပြုသူတွေ အနေနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို "Shot On OnePlus" မှာ Upload လုပ်လို့ ရနိုင်တော့ မှာပဲ ဖြစ်ပါတယ်။ OxygenOS Open Beta 1 ကို Install လုပ်ချင်တယ်ဆိုတော့ ဒီမှာ ရယူနိုင်ပါတယ်။ Open Beta Version ဖြစ်တဲ့အတွက် Bugs တွေ Error တွေတော့ ရှိနိုင်ပါတယ်။

                OxgenOS Open Beta 1 နဲ့ ပတ်သတ်တဲ့ UI/UX Survey လုပ်ချင်တယ်ဆိုရင် ဒီမှာ သွားလုပ်နိုင်သလို OxygenOS Open Beta 1 နဲ့ ပတ်သတ်တဲ့ Bugs Report တွေလုပ်ချင်တယ် ဆိုရင်တော့ ဒီမှာ  လုပ်နိုင်ပါတယ်။ OnePlus 5T အတွက် Official Android Oreo Update ကိုတော့ ၂၀၁၈ အစောပိုင်းမှာ ထုတ်ပေးနိုင်မယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Android Authority OnePlus Forum
About Author
Assinged Tags
OnePlus 5 OnePlus OxygenOS OnePlus 5T Oxygen OS Open Beta
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed