OnePlus 5 အတွက် Face Unlock Feature ပါဝင်လာတဲ့ OxygenOS Open Beta 3 ထွက်ရှိ

date_range 02 January 2018

OnePlus 5 အတွက် Face Unlock Feature ပါဝင်လာတဲ့ OxygenOS Open Beta 3 ထွက်ရှိ

visibility 540 Views

                OnePlus 5 မှာ Android 8.0 Oreo ကို Support ပေးမယ့် OxygenOS Open Beta 3 ကို Download ဆွဲလို့ ရနိုင်ပြီလို့ OnePlus Forum ကနေတစ်ဆင့် သိရပါတယ်။ မကြာသေးမီ အချိန်က ကတိပေးထားခဲ့တဲ့အတိုင်း OnePlus ကုမ္ပဏီအနေနဲ့ OnePlus 5T မှာ ထည့်သွင်းပေးခဲ့တဲ့ Face Unlock Feature ကို ယခု OxygenOS Open Beta 3 နဲ့အတူ OnePlus 5 မှာလည်း ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

                OnePlus 5 မှာ Face Unlock Feature ရရှိဖို့အတွက် Front Camera ကို အသုံးပြုမှာပါ။ Front Camera ကနေ ပေးပို့လိုက်တဲ့ အသုံးပြုသူရဲ့ Facial Data ကို မှန်ကန်မှု ရှိ၊ မရှိ သိရှိစေဖို့အတွက် သီးသန့် Software တစ်ခုကို အသုံးပြုပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                OnePlus 5 အတွက် OxygenOS Open Beta 3 မှာ Face Unlock အပြင် အခြား ပါ၀င်လာတဲ့ Feature အသစ်တစ်ခုကတော့ Recorder App အတွက် Shortcut ကို ဖုန်းရဲ့ Launcher မှာ ထည့်သွင်း ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Vibration ကို ပိုပြီး ကောင်းမွန်အောင် ပြုလုပ် ပေးထားသလို 5G Wi-Fi မှာ ဖြစ်ပေါ်နေတဲ့ ကော်နက်ရှင် ပြဿနာကိုလည်း ပြင်ဆင် ပေးထားပါတယ်။ အခြား Bug fix တွေနဲ့ ပြင်ဆင်မှုတွေလည်း ပါဝင်မှာဖြစ်သလို December 2017 Android Security Patches တွေလည်း ယခု Open Beta မှာ ပါ၀င်လာပြီ ဖြစ်ပါတယ်။

                အသစ်ထွက်ရှိလာတဲ့ OxygenOS Open Beta 3 ကို Install လုပ်ချင်တယ် ဆိုရင်တော့ ဒီမှာ ရယူ နိုင်ပါတယ်။ အခုထွက်ရှိလာတာ Open Beta ဖြစ်တဲ့ အတွက်ကြောင့် Bugs တွေ Error တွေတော့ ရှိနိုင်ပါတယ်။ OnePlus 3 နဲ့ 3T အတွက် Official Oreo Update ကို ၂၀၁၇ နိုဝင်ဘာလတုန်းက ထုတ်ပေးခဲ့တဲ့ OnePlus ဟာ OnePlus 5 နဲ့ OnePlus 5T အတွက် Official Android Oreo Update ကို ၂၀၁၈ အစောပိုင်းမှာ ထုတ်ပေးမယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Android Authority OnePlus Forum
About Author
Assinged Tags
OnePlus 5 OnePlus OxygenOS Oxygen OS Open Beta
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed