OnePlus 5T မှာ Android Oreo Open Beta Version ကို မကြာမီ အချိန်အတွင်း အသုံးပြုနိုင်တော့မည်

date_range 28 December 2017

OnePlus 5T မှာ Android Oreo Open Beta Version ကို မကြာမီ အချိန်အတွင်း အသုံးပြုနိုင်တော့မည်

visibility 260 Views

                မကြာသေးမီ အချိန်ကမှ OnePlus 5 မှာလည်း OnePlus 5T ကလို Face Unlock Feature ကို ထည့်သွင်းပေးမယ် လို့ အတည်ပြုပေးပြီး နောက်မှာတော့ OnePlus 5T မှာလည်း Android Oreo Open Beta Version ကို အသုံးပြုလို့ ရနိုင်တော့မယ်လို့ OnePlus Germany ရဲ့ Twitter Page ကနေတစ်ဆင့် သိရပါတယ်။

                စတင်ထွက်ရှိခဲ့တဲ့ အချိန်တုန်းက Android 7.1.1 (Nougat) ကိုပဲ အသုံးပြုထားတဲ့ OnePlus 5T ဟာ သူ့ရဲ့ ပြိုင်ဘက် အခြား Flagship ဖုန်းတွေလို Android Oreo Stable Version ကို အသုံးမပြုနိုင်သေးပေမယ့် Android Oreo Open Beta Version ကို အသုံးပြုနိုင်တော့မှာပါလို့ OnePlus Germany က သူတို့ရဲ့ Twitter Page မှာ

                “Christmas ကတော့ ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ လက်ဆောင်တစ်ခု ပေးစရာ ကျန်နေပါသေးတယ်။ အဲ့ဒါကတော့ OnePlus 5T အတွက် Android Oreo Open Beta Version ပါပဲ”

လို့ Tweet လုပ်ထားပါတယ်။

                ဒီ Tweet ထဲမှာကတော့ Open Beta Program အခုချက်ချင်းစပြီလို့ ဆိုထားပေးမယ့် OnePlus ရဲ့ Official Forum မှာ တရား၀င် ကြေငြာထားခြင်း မရှိသေးသလို OnePlus Germany ရဲ့ Twitter Page မှာကလွဲပြီး OnePlus နဲ့သက်ဆိုင်တဲ့ အခြား Official Social Media Page တွေမှာလည်း ဒီသတင်းကို တရား၀င် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

                ဒါပေမယ့် သိပ်ပြီးတော့လည်း စိတ်မပျက်လိုက်ပါနဲ့။ ကြည့်ရတာ OnePlus Germany က ို OnePlus 5T အသုံးပြုသူတွေ ကြိုပျော်လို့ရအောင်လို့ ဒီသတင်းကို Official Forum မှာ မတင်ခင် တင်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ မကြာမီ အချိန်အတွင်းမှာတော့ OnePlus က တရား၀င် ကြေငြာသွားနိုင်ပါတယ်။ တကယ်လို့ မကြေငြာခဲ့ဘူး ဆိုရင်လည်း  ၂၀၁၈ အစပိုင်း လောက်ဆိုရင် OnePlus 5T မှာ Android Oreo Open Beta Version ကို စပြီး အသုံးပြုနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Android Authority
About Author
Assinged Tags
OnePlus 5 OnePlus Android Oreo OnePlus 5T Android Oreo Beta
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed