OnePlus 5T မှာ Face Unlock အတွက် Assistive Lighting ဆိုတဲ့ Feature သစ်ပါဝင်လာတဲ့ OxygenOS 4.7.6 OTA Update စတင်ရရှိ

date_range 29 December 2017

OnePlus 5T မှာ Face Unlock အတွက် Assistive Lighting ဆိုတဲ့ Feature သစ်ပါဝင်လာတဲ့ OxygenOS 4.7.6 OTA Update စတင်ရရှိ

visibility 600 Views

                မော်ဒယ်လ်အဟောင်း OnePlus 5 မှာလည်း OnePlus 5T ကလို Face Unlock Feature ထည့်သွင်းပေးတော့မှာ ဖြစ်သလို OnePlus 5T မှာလည်း Android Oreo Open Beta Version ကို မကြာမီ အသုံးပြုနိုင်တော့မယ်လို့ ကောလဟာလ သတင်းလွှင့်ခဲ့တဲ့ OnePlus ကုမ္ပဏီ အနေနဲ့ မနေ့ကပဲ OnePlus 5T အတွက် OxygenOS 4.7.6 Update ကို Over-The-Air (OTA) Update အနေနဲ့ ထုတ်ပေးလိုက်ပါတယ်။

                OnePlus 5T ကို Smartphone Reviewer တွေနဲ့ နည်းပညာ မီဒီယာတွေက Camera ကလွဲရင် အကုန်ကောင်းတဲ့ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ထားသလို OnePlus 5T မှာ စတင်ပါဝင်လာတဲ့ Face Unlock Feature ကိုလည်း Secure အရမ်းကြီး မဖြစ်ပေမယ့် သုံးရအဆင်ပြေတဲ့ Feature တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။

                ဒီတော့ OnePlus အနေနဲ့ Face Unlock ကို သုံးရတာ အရင်ကထက်ပိုပြီး အဆင်ပြေလာဖို့အတွက် Assistive Lighting ဆိုတဲ့ Feature သစ်ကို OxygenOS 4.7.6 Update မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Feature သစ်ကို အသုံးပြုချင်တယ် ဆိုရင်တော့ Face Unlock Settings အောက်က Face Unlock Assistive Lighting ဆိုတဲ့ Option ကို ဖွင့်ပေးရမှာပါ။

                ဒီ Option ဖွင့်သွားပြီ ဆိုရင်တော့ အမှောင်ထဲမှာတောင် Face Unlock ကို အသုံးပြုလို့ရမယ်လို့ သိရပါတယ်။ Assistive Lighting အလုပ်လုပ်ပုံက ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ အမှောင်ထဲမှာ Face Unlock အသုံးပြုခဲ့မယ်ဆိုရင် OnePlus 5T ရဲ့ Display ကလင်းလာမှာဖြစ်ပြီး Face Unlock လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့အလင်းရောင်ကို ပေးသွားမှာ ဖြစ်ပါတယ်။

                OnePlus Official Forum မှာတော့ OxygenOS 4.7.6 Update မှာ Assistive Lighting အပြင် Stability ပိုင်း၊ Third-Party Camera Apps တွေအတွက် Performance ပိုင်း၊ Low-Light Portrait ပိုင်းတွေကို Enhance လုပ်ပေးထားတဲ့အပြင် December Android Security Patch လည်း ပါဝင်တယ်လို့ ရေးသားထားပါတယ်။

                မိမိ OnePlus 5T အတွက် Update ရပြီလားဆိုတာ သိချင်ရင်တော့ Settings ထဲက System Updates မှာ သွား Check ကြည့်လို့ရပါတယ်။

References
Gadgets NDTV OnePlus Forum
About Author
Assinged Tags
OnePlus 5 OnePlus OxygenOS Face Unlock Oxygen OS Update Assistive Lighting
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed