Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ် အဟောင်းတွေကို Performance လျော့ပစ်ခဲ့တာကြောင့် Apple တရားစွဲ ခံရပြီ

date_range 22 December 2017

Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ် အဟောင်းတွေကို Performance လျော့ပစ်ခဲ့တာကြောင့် Apple တရားစွဲ ခံရပြီ

visibility 1780 Views

                မနေ့ကပဲ ပန်းသီးတစ်ခြမ်းပဲ့ အနေနဲ့ Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ် အဟောင်းတွေအတွက် ရုတ်တရက် Shutdown ကျသွားတာမျိုး မဖြစ်စေဖို့အတွက် ထွက်ရှိလာတဲ့ iOS Update တွေမှာ သက်ဆိုင်ရာ iPhone မော်ဒယ်လ်အတွက် Fix တစ်ခု တိတ်တဆိတ် ထည့်ပေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

                ဒီ Fix ကြောင့်ပဲ iPhone မော်ဒယ်လ် အဟောင်းတွေ အသုံးပြုနေသူတွေ အနေနဲ့ Device က လေးသွားပြီး Performance ကျသွားတာမျိုးတွေ ကြုံလာရပါတယ်။ Apple ဘက်ကလည်း ဝန်ခံချင်လွန်းလို့ ဝန်ခံခဲ့တာတော့ မဟုတ်ပါဘူး။ Geekbench က Developer တစ်ယောက်ရဲ့ စမ်းသပ်မှုက Social Media တွေနဲ့ နည်းပညာ Website တွေမှာ ပလူပျံသွားခဲ့လို့ ဖြစ်ပါတယ်။

                အခုတော့ iPhone မော်ဒယ်လ်အသစ်ကို မဝယ်၊ ဝယ်အောင် တိတ်တဆိတ် လုပ်ချင်ခဲ့တဲ့ ပန်းသီးတစ်ခြမ်းပဲ့ အနေနဲ့ မကျေနပ်တဲ့ Customer တွေရဲ့ တရားစွဲဆိုမှုကို ခံနေရပြီ ဖြစ်ပါတယ်။ ပထမဆုံး တရားစွဲဆိုသူကတော့ အမေရိကန်နိုင်ငံ L.A မြို့က Stefan Bogdanovich ဆိုသူဖြစ်ပြီး ဒုတိယအကြိမ် အမေရိကန်နိုင်ငံ Chicago တရားရုံးကနေ ထပ်မံတရားစွဲဆိုသူတွေကတော့ Illinois ပြည်နယ်၊ Ohio ပြည်နယ်၊ Indiana ပြည်နယ်နဲ့ North Carolina ပြည်နယ်တို့က iPhone 5, iPhone 6, iPhone 7 တို့ အသုံးပြုနေကြသူတွေ ဖြစ်ပါတယ်။

                ပထမဆုံး တရားစွဲဆိုသူ Stefan Bogdanovich ကတော့ iPhone 7 ကိုပဲ အဓိကထား တရားစွဲဆိုထားပြီး 

                “ဒီလို Fix မျိုးကို ဘယ် Customer ကမှ မတောင်းဆိုခဲ့သလို သဘောလည်း မတူခဲ့ပါဘူး။ Apple ဘက်က အခုလိုမျိုး လုပ်ခဲ့တာဆိုတာ iPhone မော်ဒယ်လ်သစ်ကိုပဲ မဝယ်၊ ဝယ်အောင် လုပ်နေတာပါပဲ”

လို့ ပြောထားပါတယ်။

                ဒုတိယအကြိမ် ထပ်မံတရားစွဲဆိုသူတွေကတော့ တော်တော်လေး ဒေါသထွက်နေကြတဲ့ ပုံပါပဲ။ 

                “အခုလိုလုပ်တာဟာ အမေရိကန်နိုင်ငံရဲ့ Consumer ကာကွယ်ရေး ဥပဒေကို ချိုးဖောက်လိုက်တဲ့အပြင် အသုံးပြုသူတွေကို မစာနာတဲ့ လုပ်ရက်တစ်ခုပါပဲ”

လို့ ပြောခဲ့ကြပါတယ်။

                သူတို့ကို အမှုလိုက်ပေးမယ့် ရှေ့နေ James Vlahakis ကလည်း Apple ဟာ အမေရိကန်နိုင်ငံရဲ့ Consumer ကာကွယ်ရေး ဥပဒေကို ချိုးဖောက်ခဲ့တာ မှန်ကန်သလို Customer တွေဆီက ငွေညှစ်နေတာနဲ့ အတူတူပဲ ပြောကြားခဲ့ပါတယ်။ သူကပဲ ဆက်လက်ပြီး

                “Apple တို့လို့ ကုမ္ပဏီကြီးတွေ သိသင့်တဲ့အချက်တစ်ချက်က အသုံးပြုနေသူတွေဆိုတာ သူတို့ခက်ခက်ခဲခဲ ရှာထားရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပစ္စည်းတစ်ခုက သူတို့ပေးရတာနဲ့ တန်တဲ့ Performance ကို လိုချင်ကြမှာပါပဲ။ ဒီအချက်ကို လစ်လျူရှုခဲ့တဲ့ Apple ကတော့ Battery လဲလိုက်ရင် Performance နဂိုအတိုင်း ပြန်ဖြစ်သွားမှာကို သိရဲ့သားနဲ့ iPhone မော်ဒယ်လ်အဟောင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ Performance လျော့ပစ်ခဲ့ပါတယ်”

လို့ ထပ်မံပြောကြားခဲ့ပါတယ်။

                အခုအချိန်ထိတော့ တရားရုံးတွေက ဘယ်လို စီရင်ချက်ချမလဲဆိုတာကို သေချာသတင်းမရရှိသေးပေမယ့် တရားစွဲဆိုထားသူတွေ အနေနဲ့ Apple ဘက်က အခုလုပ်နေတာကို ရပ်တန့်ပေးဖို့နဲ့ ပျက်စီးသွားတာတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးပြန်ရဖို့ကို မျှော်လင့်နေကြတယ်လို့တော့ သိရှိရပါတယ်။

References
9to5Mac TMZ Chicago Suntimes
About Author
Assinged Tags
iPhone iPad Battery Technology Customer Service Lawsuit Smartphone Battery Apple Battery Capacity
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed