Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေကို Performance လျော့ပစ်ခဲ့တဲ့အတွက် အစ္စရေးနိုင်ငံမှာ ထပ်မံတရားစွဲဆိုခြင်း ခံရပြန်တဲ့ Apple

date_range 28 December 2017

Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေကို Performance လျော့ပစ်ခဲ့တဲ့အတွက် အစ္စရေးနိုင်ငံမှာ ထပ်မံတရားစွဲဆိုခြင်း ခံရပြန်တဲ့ Apple

visibility 400 Views

                ပန်းသီးတစ်ခြမ်းပဲ့လေးအတွက် အခုလကတော့ ပြဿဒါးပါပဲ။ Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေကို Performance လျော့ချပေးတဲ့ Fix တစ်ခု တိတ်တဆိတ် ထည့်ပေးခဲ့ကြောင်း ဝန်ခံပြီးနောက်ပိုင်းမှာပဲ တရားစွဲဆိုမှုတွေလည်း ဆက်တိုက်ဆိုသလို လိုက်လာခဲ့ပါတယ်။

                အရင်တစ်ပါတ်ကမှ အမေရိကန်နိုင်ငံမှာ တရားစွဲဆိုမှု နှစ်ကြိမ်ခံရပြီးဖြစ်တဲ့ ပန်းသီးတစ်ခြမ်းပဲ့လေးဟာ ဒီတစ်ပါတ် တနင်္လာနေ့တုန်းကလည်း နောက်ထပ်တစ်ကြိမ် အစ္စရေးနိုင်ငံမှာ တရားစွဲဆို ခံခဲ့ရပြန်တယ်လို့ သိရပါတယ်။ ဒီသတင်းကို အစ္စရေးနိုင်ငံ သတင်းစာ Haaretz မှာ ဖော်ပြခဲ့ပြီး ကန်ဒေါ်လာ သန်း ၁၂၀ တန်ကြေးရှိတဲ့ တရားစွဲဆိုမှုလည်းဖြစ်တယ်လို့ သိရပါတယ်။

                တရားစွဲဆိုသူတွေကတော့ အစ္စရေးနိုင်ငံသား နှစ်ယောက်လို့ပဲ သိရပါတယ်။ နာမည်နဲ့ အလုပ်အကိုင်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ Haaretz သတင်းစာမှာ ရေးသားထားပုံအရ Apple ဘက်က အခုလိုမျိုး ပြုလုပ်တာဟာ နည်းပညာကုမ္ပဏီတစ်ခု အနေနဲ့ သုံးစွဲသူတွေအပေါ်မှာ ရှိသင့်တဲ့ တာဝန်ဝတ်တရားတွေကို ချိုးဖောက်ခဲ့တဲ့အတွက် တရားစွဲဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

                တရားစွဲဆိုထားတဲ့ စာရွက်စာတမ်းတွေထဲမှာတော့

                “Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေကို Performance လျော့ပစ်တဲ့ Fix ပါလာတဲ့ Software Update အကြောင်းကို အသုံးပြုတဲ့သူတိုင်း သိသင့်၊ သိထိုက်သလို လိုအပ်မယ်ဆိုရင် Apple ဆီကနေ Information အတိအကျကို တရားဝင် လှမ်းတောင်းနိုင်တဲ့ သုံးစွဲသူအခွင့်အရေး ဆိုတာလည်း ရှိပါတယ်။ ဒါမှလည်း သုံးစွဲသူအနေနဲ့ ထွက်လာတဲ့ Software Update ကို တင်သင့်၊ မတင်သင့် ဆုံးဖြတ်နိုင်မှာပါ”

လို့ ရေးထားပါတယ်။

                အခု တရားစွဲဆိုမှုဟာ သာမာန်လို့ ပြောလို့မရပါဘူး။ ကန်ဒေါ်လာ သန်း ၁၂၀ တန်ကြေးရှိတဲ့ တရားစွဲဆိုမှုပါ။ အမေရိကန်နိုင်ငံက တရားစွဲဆိုမှုနှစ်ခုကလည်း အတူတူပါပဲ။ တန်ကြေး ဘယ်လောက်ရှိလည်း ဆိုတာကို အတိအကျ မသိရပေမယ့် ကန်ဒေါ်လာ သိန်း၊ သန်းနဲ့ချီပြီး တန်ကြေးရှိမှာတော့ အသေအချာပါပဲ။

                ဒီတော့ Apple အနေနဲ့ ဒီကိစ္စကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ မရတော့တာ အသေအချာပါပဲ။ အခုအချိန်ထိအောင်တော့ တရားစွဲဆိုမှု သုံးခုလုံးအတွက် သက်ဆိုင်ရာ တရားရုံးတွေက ဘယ်လိုစီရင်ချက်ချမလဲ ဆိုတာကို မသိရသေးပေမယ့် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
iOS Battery Lithium-Ion Battery Fix Battery Issue iOS Update Software Update Lawsuit Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed