Face Unlock ကိုပဲ အသုံးပြုထားပြီး Fingerprint Sensor မပါဝင်တော့တဲ့ Oppo A83

date_range 27 December 2017

Face Unlock ကိုပဲ အသုံးပြုထားပြီး Fingerprint Sensor မပါဝင်တော့တဲ့ Oppo A83

visibility 1440 Views

                Oppo ဟာ ပြီးခဲ့တဲ့ နို၀င်ဘာလတုန်းက Oppo F5 Youth ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့ပြီး မနေ့တုန်းကလည်း ထိုင်ဝမ်မှာ Oppo A75 နဲ့ A75s တို့ကို မိတ်ဆက်ပေးခဲ့သလို ဒီနေ့မှာတော့ Oppo A83 ကို တရုတ်နိုင်ငံမှာ ထပ်မံမိတ်ဆက် ပေးလိုက်ပါတယ်။

                Oppo A83 မှာ သိသိသာသာ ပြောင်းလဲသွားတာကတော့ Face Unlock Feature နဲ့ 18:9 Display တို့ပဲ ဖြစ်ပါတယ်။ Oppo A83 က Face Unlock နည်းပညာဟာ ၀.၁၈ စက္ကန့်အတွင်း ဖုန်းကို Unlock လုပ်ပေးနိုင်မယ်လို့ Oppo ရဲ့ အဆိုအရ သိရပါတယ်။ နောက်ပြီး Oppo A83 မှာ Fingerprint Sensor လည်း မပါဝင်တော့ပါဘူး။


                Display ကတော့ ၅.၇ လက်မ ရှိတဲ့ HD+ LCD 720 x1440 Pixels Display ဖြစ်ပြီး 18:9 Aspect Ratio ရှိမှာ ဖြစ်ပါတယ်။ Camera အပိုင်းမှာတော့ 13-megapixel Camera နဲ့ LED Flash တို့ကို ကျောက်ဘက်မှာ တပ်ဆင်ထားပြီး ရှေ့မျက်နှာပြင်ဘက်မှာတော့ Selfie ရိုက်ဖို့အတွက် 8-megapixel Camera ကို တပ်ဆင်ထားပါတယ်။

                CPU အတွက် 2.5GHz Octa-core Processor ကို အသုံးပြုထားပြီး RAM 4GB ပါ၀င်ပါမယ်။ Internal Storage 32GB နဲ့ မော်ဒယ်လ် တမျိူးထဲ ထွက်ရှိလာမှာ ဖြစ်ပြီး microSD 256GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

                Connectivity ပိုင်းမှာတော့ 4G Network, Wi-fi 802.11 /b/g/n, GPS, Micro-USB, Bluetooth 4.2, 3.5mm Headphone jack, နဲ့ Wi-fi Direct တို့ ပါ၀င်မှာဖြစ်ပြီး၊ Sensor တွေအနေနဲ့ Proximity Sensor, Accelerometer နဲ့ Compass Sensor တို့ ပါဝင်ပါတယ်။ Dimensions 150.5x73.1x7.7mm ရှိပြီး အလေးချိန်ကတော့ 143 grams ရှိမှာပါ။ Battery သိုလှောင်မှု ပမာဏ 3090 mAh ပါ၀င်မှာ ဖြစ်ပြီး Dual SIM Support ပေးမှာ ဖြစ်ပါတယ်။ OS ကတော့ Oppo ရဲ့ Color OS 3.2 ဖြစ်ပါတယ်။


                Oppo A83 ကို Champagne, Black စတဲ့ အရောင်နှစ်မျိုး ရရှိနိုင်ပြီး စျေးနှုန်းကတော့ တရုတ်ယွမ် ၁၃၉၉ (မြန်မာငွေ ၃သိန်း ၀န်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ Pre-Order မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့ကျရင်လည်း တရုတ်နိုင်ငံမှာပဲ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV GizMoChina
About Author
Assinged Tags
Smartphones OPPO Face Unlock Oppo A83
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed