18:9 Bezel-Less Display အပြင် AI Face Recognition စနစ်လည်း စတင်ပါဝင်လာတဲ့ Oppo A75 နဲ့ A75s

date_range 27 December 2017

18:9 Bezel-Less Display အပြင် AI Face Recognition စနစ်လည်း စတင်ပါဝင်လာတဲ့ Oppo A75 နဲ့ A75s

visibility 560 Views

                ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ ပါဝင်တဲ့ OPPO ဟာ အခုဆိုရင် သူတို့ရဲ့  မော်ဒယ်အသစ် စမတ်ဖုန်း ၂ လုံး ဖြစ်တဲ့ OPPO A75 နဲ့ A75s ကို မနေ့က ထိုင်၀မ်မှာ တရား၀င် မိတ်ဆက်ပေးခဲ့ပါတယ်။ OPPO A75 နဲ့ A75s ကြားမှာ Specifications ကွာခြားမှု များများစားစား ရှိမှာတော့ မဟုတ်ပါဘူး။ မော်ဒယ်လ်နှစ်မျိုးမှာ အဓိက ကွာခြားချက်ကတော့ Internal Storage ပါပဲ။ OPPO A75 မှာ Internal Storage 32 GB ပါ၀င်မှာဖြစ်ပြီး OPPO A75s မှာတော့ 64 GB Internal Storage ပါဝင်မယ်လို့ OPPO က ကြေညာထားပါတယ်။ မော်ဒယ်နှစ်မျိုးလုံးမှာ microSD Card Slot ပါ၀င်မှာ ဖြစ်ပြီး 256GB အထိ ထပ်စိုက်လို့ရမှာပဲ ဖြစ်ပါတယ်။


                A75 နဲ့ A75s မော်ဒယ်နှစ်မျိုးလုံး အတွက် ၆ လက်မအကျယ် 18:9 Display ကို အသုံးပြုထားပါတယ်။ Resolution ကတော့ Full HD+ 2160 x 1080 Pixels ဖြစ်ပြီး Bezel-Less Display ဖြစ်ပါတယ်။ Bezel-Less စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း Fingerprint Sensor ကိုတော့ ဖုန်းရဲ့ ကျောဘက်ခြမ်း OPPO တံဆိပ်ရဲ့ အပေါ်နားမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။


                Processor ပိုင်းမှာတော့ မော်ဒယ်နှစ်မျိုးလုံး အတွက် 2.5GHz MediaTek Helio P23 (MT6763T) SOC ကို အသုံးပြုထားပါတယ်။ RAM ကတော့ 4 GB ပါ၀င်မှာ ဖြစ်ပြီး Android 7.1 Nougat ကို အခြေခံထားတဲ့ ColorOs 3.2 ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာတော့ 16MP Rear Camera နဲ့အတူ OPPO ထုံးစံအတိုင်း Selfie အသားပေး  20MP Front Camera တို့ ပါ၀င်မှာပဲ ဖြစ်ပါတယ်။ OPPO A75၊ OPPO A75s တို့နဲ့အတူ နောက်ထက် ထပ်ပြီး မိတ်ဆက် ပေးလိုက်တဲ့ Feature အသစ်တစ်ခုကတော့ AI Face Recognition Feature ပဲ ဖြစ်ပါတယ်။ 


                OPPO A75 နဲ့ A75s နဲ့ပတ်သတ်ပြီး နောက်ထပ်သိထားသင့်တဲ့ အချက်လေးတွေကတော့ Dual SIM (GSM + GSM) စမတ်ဖုန်းဖြစ်မယ်။ 156.5 x 76 x 7.5 mm အရွယ်အစားရှိမယ်။ အလေးချိန် ၁၅၂ ဂရမ် လေးမယ်။ 3.5mm Headphone Jack ပါမယ်။ 3200 mAh Battery ကို အသုံးပြုထားမယ်။ Connectivity ပိုင်းအတွက် WiFi 2.4/5GHz 802.11 a/b/g/n, GPS Support, Bluetooth 4.2, OTG Function တွေပါ၀င်ပါတယ်။ ဒါ့အပြင် Accelerometer, Ambient Light Sensor, Proximity Sensor တွေလည်း ပါ၀င်ပါသေးတယ်။


                OPPO A75 နဲ့ A75s ကို Champagne, Black စတဲ့ အရောင်နှစ်မျိုးနဲ့ ရောင်းချသွားမှာပါ။ စျေးနှုန်း အနေနဲ့ OPPO A75 ကို ၃၆၅ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ဝန်းကျင်)၊ OPPO A75s ကို ဒေါ်လာ ၄၀၀ (မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ OPPO ရဲ့ Taiwan Online Store ကနေ တစ်ဆင့်ပဲ ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို ဖြန့်ချီမယ့်နေ့ကိုတော့ OPPO က တရားဝင် ကြေညာထားခြင်း မရှိသေးပါဘူး။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV GizmoChina
About Author
Assinged Tags
OPPO Smartphones Oppo A75 Oppo A75s
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed