နောက်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကျရင် Chrome မှာ Built-In Ad Blocker ပါဝင်လာတော့မည်

date_range 21 December 2017

နောက်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကျရင် Chrome မှာ Built-In Ad Blocker ပါဝင်လာတော့မည်

visibility 220 Views

                Internet အသုံးပြုသူတွေ အနေနဲ့ Website တစ်ခုခုကို စိတ်ဝင်စားလို့ ဝင်ကြည့်လိုက်တယ်။ ဒါပေမယ့် အရင်ဆုံး Full Page Ads ကြီး တက်လာတယ်။ နောက်ပြီးရင် Website တစ်ခုလုံးမှာလည်း Autoplay Video Ads တွေရော၊ Flash Ads တွေရော၊ Pop-Up Ads တွေရော၊ Timer Ads တွေရော ပွထနေတယ်ဆိုရင် အဲ့ဒီ့ Website အတွက်လည်း ဝင်ရောက်ကြည့်ရှုသူ နည်းသွားမှာ ဖြစ်သလို ဝင်ရောက်ကြည့်ရှုမိတဲ့ User ကလည်း ပထမဆုံးအကြိမ်မှာတင် စိတ်ပျက်သွားနိုင်ပါတယ်။

                Google အနေနဲ့ Internet အသုံးပြုသူတွေကို အဲ့ဒီလိုမျိုး စိတ်အနှောင့်အယှက်ပေးစေမယ့် Ads အမျိုးအစားတွေကို ပိတ်ထားနိုင်မယ့် Built-In Ad Blocker တစ်ခုကို Chrome မှာ ထည့်သွင်းပေးသွားမယ်လို့ ဒီနှစ် အစောပိုင်းလောက်က ကြေငြာခဲ့တာဖြစ်ပြီး Google ကိုယ်တိုင်လည်း အဖွဲ့ဝင်ဖြစ်တဲ့ Coalition for Better Ads ဆိုတဲ့ အဖွဲ့အစည်းက ပညာရှင်တွေစုပေါင်းပြီး ဒီ Built-In Ad Blocker အတွက် ခေါင်းချင်းဆိုင် တိုင်ပင်ခဲ့ကြပါတယ်။

                အဲ့ဒီလို ပြင်ဆင်မှုတွေအပြီးမှာတော့ Google အနေနဲ့ Coalition for Better Ads အဖွဲ့အစည်းက ချမှတ်ထားတဲ့ Standard တွေနဲ့ မကိုက်ညီတဲ့ Ads အမျိုးအစားတွေကို ပိတ်ထားနိုင်မယ့် Built-In Ad Blocker ကို Chrome မှာ နောက်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကျရင် စတင်ထည့်သွင်းပေးသွားမယ် ဆိုတာကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

                ပထမဆုံးအနေနဲ့ Google ရဲ့ Ad Experience Report Tool ကနေပြီး Coalition for Better Ads အဖွဲ့အစည်းက ချမှတ်ထားတဲ့ Standard တွေနဲ့ မကိုက်ညီတဲ့ Ads အမျိုးအစားတွေ ထည့်သွင်းကြေငြာနေတဲ့ Website တွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။ အသိပေးစာ ပေးပို့ပြီး ရက် ၃၀ ကြာတဲ့အထိ ပြောင်းလဲမှုတွေ မပြုလုပ်ဘူးဆိုရင်တော့ Google ကနေ အဲ့ဒီ့ Ads တွေကို Block သွားမှာ ဖြစ်ပါတယ်။ 

                Block မယ်ဆိုတဲ့ နေရာမှာလည်း Google Adsense ကပိုင်တဲ့ Ads တွေပဲ ဖြစ်နေပါစေ၊ Block သွားမယ်လို့လည်း Google က ပြောထားပါတယ်။ Block ထားတာကို ပြန်ဖြည်ပေးစေချင်တယ် ဆိုရင်တော့ Coalition for Better Ads အဖွဲ့အစည်းက ချမှတ်ထားတဲ့ Standard တွေနဲ့ မကိုက်ညီတဲ့ Ads အမျိုးအစားတွေကို မိမိ Website ကနေ ဖယ်ထုတ်ပစ်ပြီး Manual Review ပြန်လုပ်ပေးဖို့အတွက် Google ကို စာပို့ပေးရမှာဖြစ်ပါတယ်။

                ဒီ Ad Blocker ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း Internet အသုံးပြုသူတွေကို ကောင်းမွန်တဲ့ Web Browsing Expreience တွေ ပေးနိုင်ဖို့ဖြစ်သလို Website တွေ၊ Puslisher တွေအတွက်လည်း ကြည့်ရှုသူ ပိုမိုများပြားလာစေဖို့၊ စတာတွေအတွက်ဖြစ်တယ်လို့ Google က ပြောထားပါတယ်။ Google အနေနဲ့ အခုလိုမျိုး User တွေကို စိတ်အနှောင့်အယှက် ပေးနေတဲ့ Ads အမျိုးအစားတွေကိုပဲ Block သွားဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ အခုလောလောဆယ်မှာ Auto-Play Video တွေ ထည့်သွင်းထားတဲ့ Website တွေPage Redirect လုပ်လွန်းတဲ့ Website တွေကို ပိတ်ပင်သွားဖို့လည်း ကြိုးစားနေပါတယ်။

References
The Verge Fossbytes
About Author
Assinged Tags
Chrome Ad-Blocking Tool Ad-Blocker Google Chrome
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed