Digital Advertising မှာ နေရာအများဆုံးရယူထားတဲ့ ကုမ္ပဏီကြီးတွေက Ad Blocking ကို တင်းတင်းကျပ်ကျပ်လုပ်သွားဖို့အတွက် စီစဉ်နေ

date_range 21 April 2017

Digital Advertising မှာ နေရာအများဆုံးရယူထားတဲ့ ကုမ္ပဏီကြီးတွေက Ad Blocking ကို တင်းတင်းကျပ်ကျပ်လုပ်သွားဖို့အတွက် စီစဉ်နေ

visibility 100 Views

                Digital Advertising မှာ တစ်ချို့ Ad အမျိုးစားတွေက Website ဝင်ရောက်ကြည့်ရှုသူ User ကို စိတ်အနှောင့်အယှက်မပေးပေမယ့် တစ်ချို့၊ တစ်ချို့ အမျိုးအစားတွေကတော့ User ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အပြင် User အသုံးပြုနေတဲ့စက်ကိုပါ တိုက်ခိုက်နိုင်တဲ့ Malware တွေ၊ Adware တွေပါ ပါရှိတတ်ပါတယ်။

                ဒီလိုအခြေအနေတွေကို နားလည်တဲ့ User တစ်ချို့က သူတို့ကိုယ်တိုင် Web Browsing လုပ်ပြီဆိုရင် အသုံးပြုနေတဲ့ Browser မှာ Third-Party Ad-Blocking Tool တွေသုံးပြီး Ad တွေအကုန်လုံးကို ပိတ်ပစ်လေ့ရှိကြပါတယ်။ ဒီလိုမျိုး User ဘက်က ပိတ်ပစ်ပြန်တော့လည်း Digital Advertising ပေါ်မှီခိုနေရတဲ့ Website တွေ၊ Agency တွေအကုန်လုံး ဆုံးရှုံးနှစ်နာမှုတွေကလည်း ရှိလာပြန်ပါတယ်။

                ဒီတော့ Digital Advertising မှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ Google အနေနဲ့ ဖြေရှင်းချက်တစ်ခုခု ထုတ်ရပါပြီ။ User ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး၊ Malware တွေ၊ Adware တွေပါဝင်တဲ့ Ad တွေအကုန်လုံးကို ရွေးချယ်ပြီးပိတ်ပေးနိုင်မယ့် Ad-Blocking Tool ကို Chrome မှာ Built-In အနေနဲ့ ထည့်သွင်းပေးခြင်းအားဖြင့် ဒီပြဿနာကို ဖြေရှင်းတော့မှာ ဖြစ်ပါတယ် (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ)။

                Google ကတောင် ဒီလိုမျိုး ဖြေရှင်းချက်ထုတ်ပြီဆိုတော့ Goolge ကိုယ်တိုင်အဖွဲ့ဝင်ဖြစ်ပြီး၊ Digital Advertising မှာ နေရာအများဆုံးယူထားတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook, Microsoft အပြင် နာမည်ကြီး Publisher တွေဖြစ်တဲ့ The Washington Post, Reuters တို့နဲ့အတူဖွဲ့စည်းထားတဲ့ Coalition for Better Ads ဆိုတဲ့ အဖွဲ့ကလည်း ဒီတိုင်းမနေတော့ပါဘူး။

                ဒီလိုကုမ္ပဏီကြီးတွေအားလုံးက ပညာရှင်တွေအကုန်လုံး ခေါင်းချင်းဆိုင်တိုင်ပင်ပြီး ဒီပြဿနာကို ဖြေရှင်းကြတော့မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာပါဝင်တဲ့ Stu Ingis ကတော့

“Internet အသုံးပြုသူတွေကို ဒုက္ခပေးနေတဲ့ Ad အမျိုးအစားတွေကို အဓိကထားပြီး ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီ Ad အမျိုးအစားတွေဟာ Internet Experience ကိုလည်း အကြီးအကျယ် ဒုက္ခပေးနေတယ်ဆိုတာ မလွဲမသွေပါပဲ”

လို့ ပြောကြားသွားပါတယ်။

                ဒီနှစ်အစပိုင်းလောက်မှာ Coalitaion for Better Ads အဖွဲ့က အမေရိကန်နဲ့ Europe မှာနေထိုင်ကြတဲ့ Internet အသုံးပြုသူ ၂၅,၀၀၀ ကို Ads အမျိုးအစား ၁၀၄ မျိုးကို ပြသပြီး စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုက ထွက်ရှိလာတဲ့ရလာဒ်ဟာ ဒီနှစ်မတ်လထဲမှာ ထွက်ရှိလာခဲ့ပြီး User တွေဟာ Autoplay တဲ့ဗီဒီယို Ads တွေ၊ Screen အပြည့်ပေါ်တဲ့ Ads တွေ၊ Pop-Up Ads တွေ၊ Timer ပြီးမှ ပိတ်လို့ရတဲ့ Ads တွေကို စိတ်အနှောင့်အယှက်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

                ဒီလေ့လာမှုအပြီးမှာတော့ အဖွဲ့အစည်းအနေနဲ့ ဒီလို Ads အမျိုးအစားတွေကို တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး အစီအစဉ်တွေလည်း ဆွဲခဲ့ပါတယ်။ လောလောဆယ်အနေနဲ့ ဒီလို Ads တွေကို စောင့်ကြည့်သွားမယ့် မည်သူနဲ့မှမသက်ဆိုင်တဲ့ စောင့်ကြည့်အဖွဲ့တစ်ဖွဲ့ရှိမှာဖြစ်ပြီး တွေ့ရှိသမျှ Ads တွေကို စာရင်းသွင်းသွားမှာ ဖြစ်ပါတယ်။

References
9to5Google Ad Age
About Author
Assinged Tags
Google Microsoft Facebook Ad-Blocking Tool
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed