Android Oreo Edition အတွက် သီးသန့် Chipset တွေထုတ်လုပ်သွားမယ့်် MediaTek

date_range 08 December 2017

Android Oreo Edition အတွက် သီးသန့် Chipset တွေထုတ်လုပ်သွားမယ့်် MediaTek

visibility 660 Views

                Google ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက Android 8.1 ကို Stable Version အနေနဲ့ ထုတ်ပေးလိုက်တဲ့အပြင်၊ Android Oreo ကိုမှ RAM 1GB အောက် စမတ်ဖုန်းတွေမှာ အဆင်ပြေပြေအသုံးပြုနိုင်အောင် Optimized လုပ်ထားတဲ့ Android Oreo (Go Edition) ကိုပါ ထုတ်ပေးခဲ့ပါတယ်။


                Mobile Processors ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ အမေရိကန်အခြေစိုက် Qualcomm နဲ့ ထိုင်ဝမ် အခြေစိုက် MediaTek ကုမ္ပဏီတို့ကလည်း Google နဲ့ ပူးပေါင်းကာ Android Oreo Go Edition တွေအတွက် အထူး Optimized လုပ်ထားတဲ့ Chipset တွေကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ 

                Qualcomm ဟာ Snapdragon 835 သုံး Windows 10 ARM Laptops တွေကို မိတ်ဆက်ရင်းနဲ့ Android Oreo Go Edition အတွက် Google နဲ့ ပူးပေါင်းလုပ်ဆောင်မယ့်အကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။ Qualcomm ရဲ့ အဆိုအရ ကုမ္ပဏီရဲ့ Mid နဲ့ Low-tier Mobile Platform (Snapdragon Processors) တွေဟာ Google ဘက်က Android 8.1 ကို Open Source Project မှာ တင်ပေးလိုက်ပြီဆိုတာနဲ့ ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေ အဆင်သင့်သုံးနိုင်မှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

                အခုလည်း MediaTek ကုမ္ပဏီက Android Oreo (Go Edition) အတွက် Processors အသစ်တွေကို ထုတ်လုပ်သွားတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပြန်ပါတယ်။ Android Oreo Go Edition အတွက် ထုတ်လုပ်မယ့် MediaTek Chipset တွေကတော့ MT6739, MT 6737 နဲ့ MT6580 Processor တွေဖြစ်ပြီး RAM 512MB နဲ့ RAM 1GB ပဲ ပါဝင်တဲ့ Android စမတ်ဖုန်းတွေမှာ Android Oreo Go Edition OS နဲ့ အကောင်းဆုံးယှဉ်တွဲလုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရါပတယ်။

                MediaTek ရဲ့ General Manager ဖြစ်တဲ့ TL Lee ရဲ့ ပြောကြားချက်အရတော့ အခု Chipsets တွေနဲ့ Android Oreo Go Edition OS တို့ဟာ "Memory နည်းတဲ့ စမတ်ဖုန်းတွေရဲ့  စွမ်းဆောင်ရည်ပိုင်းအားနည်းချက်တွေကို ဖြေရှင်းပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ နေရာယူနိုင်လိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။ ဒီ့အပြင် တန်ဖိုးနည်းဖုန်းတွေ တွင်ကျယ်တဲ့  India, Middle East, Africa, Latin America နဲ့ South East Asia စျေးကွက်တွေမှာလည်း အဆိုပါတန်ဖိုးနည်းစမတ်ဖုန်းတွေရဲ့ User Experiences ကို ပိုမိုကောင်းမွန်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

References
Android Authority
About Author
Assinged Tags
Smartphones Qualcomm MediaTek Processors Chipset Android Oreo Android Oreo (Go Edition) MediaTek MT6739 MediaTek MT6737 MediaTek MT6580
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed