AR Headset ကုမ္ပဏီ Vrvana ကို ဒေါ်လာ သန်း (၃၀) နဲ့ ဝယ်ယူလိုက်တဲ့ Apple

date_range 25 November 2017

AR Headset ကုမ္ပဏီ Vrvana ကို ဒေါ်လာ သန်း (၃၀) နဲ့ ဝယ်ယူလိုက်တဲ့ Apple

visibility 740 Views

                Apple က AR Headset တစ်ခုကို (၂၀၁၉) ခုနှစ်မှာ အပြီးသတ် ပြင်ဆင်ပြီး၊ (၂၀၂၀) မှာ မိတ်ဆက်ပေးသွားဖွယ် ရှိတယ် ဆိုတဲ့ ကောလာဟလတွေ ဒီလအစောပိုင်းတုန်းက ထွက်ပေါ်ခဲ့ပါတယ်။ အခုလည်း Apple ဟာ ကနေဒါ အခြေစိုက် AR Headset ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Vrvana ကို ဒေါ်လာ သန်း (၃၀) နဲ့ ဝယ်ယူလိုက်ပြီ လို့ TechCrunch က ဖော်ပြခဲ့ပြီး၊ ဒီ သတင်းအရ ဆိုရင် Apple က AR Headset တစ်ခုကို သေချာပေါက် ဖန်တီးနေပြီလို့ ပြောလို့ရပါတယ်။

                Vrvana ကို ဝယ်ယူလိုက်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး Apple ကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ ထုံးစံအတိုင်း မှတ်ချက် တစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိပေမယ့် ဒီ သတင်း မဟုတ်မှန်ကြောင်း ငြင်းဆန်တာမျိုးလည်း မရှိဘူး လို့ သိရပါတယ်။ Vrvana ကို ဆက်သွယ်ရာမှာလည်း အကြောင်းမပြန်ပေမယ့်၊ ကုမ္ပဏီ ဝယ်ယူမှုမှာ ပါဝင် ပက်သက်ခဲ့တဲ့ သတင်းအရစ်အမြစ်တွေကတော့ ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။

                အခုဆိုရင် Vrvana ရဲ့ ပညာရှင် တချို့ဟာ California က Apple ရုံးချုပ်မှာ ပြောင်းရွှေ့ လုပ်ကိုင်နေပြီ လို့ သိရပါတယ်။ Vrvana ရဲ့ Website က အခုထိ ရှိနေသေးပေမယ့် Social Media နဲ့ ကုမ္ပဏီ သတင်းတွေ ကိုတော့ ဩဂုတ်လ ကတည်းက Update မလုပ်တော့တာကို တွေ့ရပါတယ်။

                Vrvana ဟာ Valve, Tesla နဲ့ Audi လို ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့ပြီး၊ ၎င်းတို့ရဲ့ Website မှာ ပြသထားတဲ့ တစ်ခုတည်းသော Product ကတော့ Totem လို့ ခေါ်တဲ့ AR Headset ပဲ ဖြစ်ပါတယ်။ Totem ဟာ AR နဲ့ VR နည်းပညာတွေကို ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပြီး AR/VR Experience နှစ်ခုလုံးကို Headset တစ်ခုတည်းမှာ ရရှိနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Built-in 1440p OLED Display, Position Tracking တို့နဲ့ အတူ အသုံးပြုသူရဲ့ လက်ကို Detect လုပ်နိုင်မယ့် Infrared Camera တွေ ပါဝင်တဲ့ Totem ဟာ Tech Media တွေရဲ့ Positive Feedback ကိုလည်း ရရှိခဲ့ပါတယ်။ Dedicated Display, Built-in Processor, သီးသန့် Operating System တို့ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Apple ရဲ့ AR Headset မှာလည်း Totem ရဲ့ နည်းပညာတွေကို ပေါင်းစပ် ထည့်သွင်းသွားဖွယ် ရှိနေပါတယ်။

                မိတ်မဆက်ရသေးတဲ့ Product အသစ်တွေနဲ့ ပက်သက်လာရင် Apple ဟာ အရမ်း လျှို့ဝှက်လွန်းတာ အားလုံး သိကြပါလိမ့်မယ်။ ဒါပေမယ့် အခုလို AR Headset ကုမ္ပဏီ တစ်ခုကို ဝယ်ယူလိုက်တဲ့ သတင်းတွေ ကတော့ Apple ဘာတွေ ပြင်ဆင်နေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ Vrvana တစ်ခု တည်းတင် မဟုတ်ဘဲ SMI, Flyby Media, metaio, Emotient နဲ့ Faceshift တို့လို့ AR/VR ကုမ္ပဏီတွေကိုလည်း Apple က ဝယ်ယူထားပါတယ်။

                iPhone/iPad တွေမှာ Augmented Reality (AR) Experience တွေ ကောင်းမွန်စွာ ရရှိနိုင်ဖို့ iOS 11 မှာ မိတ်ဆက်ခဲ့တဲ့ ARKit က စပြီး Apple ဟာ AR အတွက် တစိုက်မတ်မတ် ကြိုးစားနေတာကို တွေ့ရပါတယ်။ CEO ဖြစ်သူ Tim Cook ကလည်း Augmented Reality ဟာ “အရာအားလုံးကို ပြောင်းလဲပစ်နိုင်မယ်” လို့ ယုံကြည်ကြောင်း ပြောခဲ့ဖူးတာကြောင့် Apple ရဲ့ AR Headset ကို မကြာခင် တွေ့မြင်ရလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

References
Tech Crunch Mac Rumors
About Author
Assinged Tags
Augmented Reality Apple Acquisitions Apple Apple AR Headset AR Headset Vrvana
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed