လာမယ့် iPhone မှာ AR နည်းပညာကို ထည့်သွင်းသွားမှာဖြစ်ပြီး၊ Smart မျက်မှန်ကိုလည်း ထုတ်လုပ်ဦးမယ့် Apple

date_range 21 March 2017

လာမယ့် iPhone မှာ AR နည်းပညာကို ထည့်သွင်းသွားမှာဖြစ်ပြီး၊ Smart မျက်မှန်ကိုလည်း ထုတ်လုပ်ဦးမယ့် Apple

visibility 560 Views

                Tim Cook ကြီးက AR နည်းပညာကို အရမ်းကြီးအရေးပေးလွန်းတယ် ဆိုတော့လည်း သတင်းဌာနတွေ၊ မီဒီယာတွေ၊ Apple အကြောင်းလေ့လာသူတွေက လာမယ့် iPhone မျိုးဆက်သစ်မှာ AR နည်းပညာကို စတင်ထည့်သွင်းမယ်လို့ ခန့်မှန်းကြတာ မဆန်းပါဘူး။ ဆန်းတာက Smart မျက်မှန်ပါ။ 

                ခန့်မှန်းသူတွေကတော့ iPhone မျိုးဆက်သစ်ကို မိတ်ဆက်ပြီးတာနဲ့ Smart မျက်မှန်ကို မိတ်ဆက်သွားမှာဖြစ်ပြီး ဒီမျက်မှန်မှာလည်း AR နည်းပညာကို ထည့်သွင်းသွားမှာဖြစ်တယ်လို့လည်း ဆိုကြပြန်ပါတယ်။ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာဆိုတော့လည်း တကယ်ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

                Tim Cook ကြီး AR နည်းပညာအပေါ် ဘယ်လောက်တောင် အရေးပေးလည်းဆိုရင် AR နည်းပညာနဲ့ပက်သက်ပြီး Apple မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း ရာနဲ့ချီပြီးရှိပါတယ်လို့ အဲ့ဒီ့မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီကနေ သတင်းပေါက်ကြားထားပါတယ် (ဒီအကြောင်းရေးသားထားတဲ့ ဆောင်းပါးလေးကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်)။ 

                အဲ့ဝန်ထမ်းပြောပုံအရဆိုရင် Apple က AR နည်းပညာကို အသုံးပြုပြီး iPhone Camera နဲ့ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြီးရင် အဲ့ဒီ့ဓာတ်ပုံထဲမှာပါရှိတဲ့ အရာဝထ္ထု၊ လူ၊ အဆောက်အဦးစတာတွေကို တစ်ခုခြင်းစီခွဲထုတ်လို့ရအောင် စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်တဲ့။ ဒီ့အပြင်နောက်ထပ် စမ်းသပ်မှုတစ်ခုမှာလည်း ရိုက်ပြီးသားဓာတ်ပုံထဲကို Virtual Effects တွေထည့်လို့ရအောင် ပြုလုပ်နေပါတယ်တဲ့ (တကယ်ကြီးပါလာရင်တော့ တော်တော်ကြီးမိုက်မှာပါ)။

                Apple ရဲ့ AR နည်းပညာကို အရေးပေးမှုက ဒီမှာတင်မပြီးသွားပါဘူး။ အရင် Dolby Laboratories တွေရဲ့ အမှုဆောင်အရာရှိချုပ်ကိုယ်တိုင် ဦးဆောင်ပြီး Oculus တို့ HoloLens တို့မှာ အလုပ်လုပ်ဖူးတဲ့ အင်ဂျင်နီယာတွေပါဝင်တဲ့ အဖွဲ့ကိုလည်း Apple က ခေါ်ယူလိုက်ပါသေးတယ် (ဒီအကြောင်းရေးသားထားတဲ့ သတင်းလေးကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်)။ ဒီတော့ ကန့်လန့်ကာနောက်ကွယ်မှာ Apple က ဘာတွေလုပ်နေသလဲဆိုတာကိုတော့ မသိပေမယ့် Apple ဘာဆက်လုပ်မလဲ ဆိုတာကတော့ သေချာသွားပါပြီ။

                Google ရဲ့ Smart မျက်မှန်တုန်းက အောင်မြင်မှုမရရှိခဲ့ပေမယ့် ဒီဇိုင်းမိုက်၊ ပါးလွှာပြီး၊ ပေါ့ပါးတဲ့ ပစ္စည်းတွေထုတ်တဲ့နေရာမှာ ဆရာကျတဲ့ Apple က ထုတ်မယ့် Smart မျက်မှန်ကိုတော့ ကျွမ်းကျင်သူအားလုံးက ထင်ကြေးတွေလည်းပေးကြသလို၊ မျှော်လည်း မျှော်လင့်နေကြပါတယ်။

References
9to5Mac
About Author
Assinged Tags
Google Microsoft Facebook Augmented Reality iPhone Tim Cook Oculus Smart Glasses HoloLens
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed