Sony ရဲ့ Touchscreen Projector နည်းပညာအသစ်

date_range 14 March 2017

Sony ရဲ့ Touchscreen Projector နည်းပညာအသစ်

visibility 620 Views

                အခု Sony က မိတ်ဆက်လိုက်တဲ့ Touchscreen Projector နည်းပညာအသစ်ဟာ ကျနော်တို့၊ ခင်ဗျားတို့နဲ့ မရင်းနှီးတဲ့ နည်းပညာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီနည်းပညာအသုံးပြုထားတဲ့ ပစ္စည်းလေးတစ်ခုကို ဒီကလူတွေမြင်ဘူးကြမှာပါ။ 

                ဒီပစ္စည်းလေးဟာလည်း Touchscreen Projecor နည်းပညာကို အသုံးပြုထားပြီး ဖုန်းတွေ၊ Tablet တွေမှာ စာရိုက်ရတာ အဆင်မပြေတဲ့သူတွေအတွက် မျက်နှာပြင်ပြားတဲ့ မည်သည့်နေရာမှာ မဆိုစာရိုက်လို့ရတဲ့ Virtual Keyboard လေးတစ်ခု ထုတ်ပေးတာဖြစ်ပါတယ်။

                အခု Sony က SXSW ပွဲမှာ မိတ်ဆက်လိုက်တဲ့ Touchscreen Projector နည်းပညာအသစ်ကတော့ Virtual Keyboard ထုတ်ပေးတာထက်ကို အများကြီးသာပါတယ်။ ဒီနည်းပညာကို အသုံးပြုပြီး မျက်နှာပြင်ပြားတဲ့ မည်သည့်နေရာကိုမဆို Touchscreen အဖြစ်ပြောင်းလဲပေးမှာ ဖြစ်သလို အသုံးပြုသူရဲ့လက်လှုပ်ရှားမှုတွေကိုတော့ Motion Detector နဲ့ဖမ်းယူမှာဖြစ်ပါတယ်။

                ဒီ့ထက်ပိုပြီး အံ့သြဖို့ကောင်းတာကတော့ ဒီနည်းပညာအသစ်မှာ မိမိအနီးအနားမှာရှိတဲ့ ဘယ်အရာဝထ္ထုပစ္စည်းကိုမဆို Augmented Reality Version အဖြစ်ပြောင်းလဲပေးနိုင်မယ့် Funtion လေးတစ်ခုပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။

                Sony ကဒီ Function အသစ်ကို Touchscreen Projector ကထွက်လာတဲ့ အလင်းတန်းကိုပဲ အသုံးပြုပြီး အဖြူရောင်ဆေးသုတ်ထားတဲ့ သစ်သားတုံးလေးတစ်ခုကို အသုံးပြုကာ အိမ်တစ်လုံးရဲ့ အဆောက်အဦးပုံစံငယ်ဖြစ်သွားအောင် လုပ်ပြကာမိတ်ဆက်လိုက်ပါတယ်။ ရှင်းရှင်းပြောရရင် Iron Man ကြီး သူရဲ့ Iron Man Suit တွေကို Design ဆွဲတဲ့ ပုံစံအတိုင်းလုပ်ပြသွားတာပါ (အောက်ကပုံမှာ ကြည့်ရှုပါ)။


                ဒီနည်းပညာကို မနှစ်က SXSW မှာမိတ်ဆက်ခဲ့ပေမယ့် အခုလောက်ထိအောင် လူကြိုက်များခဲ့ပါဘူး။ ဒီနှစ်မှာတော့ Sony က သူတို့ရဲ့ Touchscreen Projector နည်းပညာအသစ်ကို အသုံးပြုထားတဲ့ ရှေ့ပြေးပုံစံနှစ်ခုကို ပြသခဲ့ပါတယ်။

                တစ်ခုကတော့ မနှစ်ကထဲက မိတ်ဆက်ထားတဲ့ ပစ္စည်းလေးဖြစ်ပြီး သူကတော့ အလင်းတန်းကို ကိုယ့်ရဲ့ခေါင်းပေါ်ကနေထိုးမှာဖြစ်ပြီး သူကတော့ လက်ရဲ့လှုပ်ရှားမှုတွေ၊ အရာဝထ္ထုတွေရဲ့ ပုံစံတွေကို 3D Tracking နည်းပညာနဲ့ ဖမ်းယူပြသပေးမှာဖြစ်တဲ့အပြင် လက်ရဲ့လှုပ်ရှားမှုတွေ၊ အရာဝထ္ထုတွေရဲ့ အတိမ်အနက်ကို ဖမ်းယူပြသပေးမယ့် Depth Sensing နည်းပညာလည်း ပါဝင်ပါတယ် (အောက်ကပုံမှာ ကြည့်ရှုပါ)။


                ဒုတိယပစ္စည်းလေးကတော့ ဒီနှစ်ကျမှ မိတ်ဆက်တာဖြစ်ပြီး ဒီကောင်လေးကတော့ အလင်းတန်းကို အသုံးပြုရဲ့ မျက်နှာခြင်းဆိုင်ဘက်အခြမ်းကနေ ထိုးပေးမှာဖြစ်ပါတယ်။ သူကတော့ ပထမပစ္စည်းနဲ့ အရမ်းကွာပါတယ်။ သူကဘယ်မျက်နှာပြင်ကိုပဲဖြစ်ဖြစ် ဂီတတူရိယာ တစ်ခုအဖြစ်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ Drum Set တစ်ခုအဖြစ်ပြောင်းလဲဖို့အတွက်ကတော့ အသုံးပြုသူဟာ စက်ဝိုင်းလေးတွေဆွဲပေးဖို့လိုအပ်မှာ ဖြစ်ပါတယ် (အောက်ကပုံသုံးပုံကို ကြည့်ရှုပါ)။




                ပစ္စည်းနှစ်ခုလုံးဟာ Sony က ပြန်လည်ပြုပြင်ထားတဲ့ Android OS ကိုပဲ အသုံးပြုထားပြီး၊ ဒီလို ပြုပြင်လိုက်ခြင်းကြောင့် Touchscreen Display ကပေးတဲ့ Input မဟုတ်ပဲ Display မပါလဲပဲ User ပေးလိုက်တဲ့ Input ကိုယူပြီး Process လုပ်နိုင်တာပဲဖြစ်ပါတယ်။

                Sony က Live Music App ကိုပါမိတ်ဆက်လိုက်ပြီး၊ ဒီ App လေးကိုအသုံးပြုပြီး ပလပ်စတစ်ချောင်းလေးတွေကို အသုံးပြုကာ Beethoven ရဲ့ ဂန္တဝင်တီးလုံးတွေကို တီးပြသွားပါတယ်။ ဆက်လက်ပြီး Sony က သူတို့ရဲ့ Touchscreen Projector အတွက် အသုံးပြုထားတဲ့ Software က ဘယ်လောက်ကောင်းလဲဆိုတာကို လက်ဖက်ရည်ပန်းကန်လုံးနဲ့ ဖဲချပ်တွေကို ခွဲခြားပြသွားပါတယ် (အောက်ကပုံမှာ ကြည့်ရှုပါ)။ 


                ကျွမ်းကျင်သူတွေကတော့ Sony ရဲ့ Touchscreen Projector နည်းပညာအသစ်ဟာ အနာဂါတ်မှာ Computer နဲ့ လူသားတွေကြားက Interactivity ကိုမြှင့်တင်ပေးမယ့် နည်းပညာအသစ်လို့တောင် ပြောနေကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း မျက်လုံးပြူးမိပါတယ်။ သိပ္ပံဇာတ်ကားတွေမှာ မြင်နေရတဲ့အရာတစ်ခုက တကယ်ဖြစ်လာပြီဆိုတော့ နည်းပညာရဲ့ အနာဂါတ်ဟာ ရင်ခုန်စရာတော့ကောင်းတာ အမှန်ပါပဲ။

References
The Verge
About Author
Assinged Tags
Augmented Reality Sony Touchscreen Projector SXSW
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed