Google Policy နဲ့အညီ ပြင်ဆင်ပြီး Play Store ပေါ် ပြန်လည်ရောက်ရှိလာတဲ့ UC Browser

date_range 23 November 2017

Google Policy နဲ့အညီ ပြင်ဆင်ပြီး Play Store ပေါ် ပြန်လည်ရောက်ရှိလာတဲ့ UC Browser

visibility 1040 Views

                လွန်ခဲ့တဲ့တစ်ပတ်က Google ဟာ UC Browser App ကို စည်းကမ်းချက်တွေနဲ့ မညီတာကြောင့် Play Store ကနေ ဖယ်ရှားပစ်ခဲ့ပေမယ့်၊ ယနေ့မှာတော့ UC Browser ကို Play Store ပေါ်မှာ ပြန်လည်မြင်တွေ့ရပြီ ဖြစ်ပါတယ်။

                နေ့စဉ်အသုံးပြုသူ သန်း ၄၂၀ ကျော်ရှိပြီး၊ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဒုတိယမြောက်သုံးစွဲမှုအများဆုံး Mobile Browser တစ်ခုဖြစ်တဲ့ UC Browser ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သဘောတူညီမှုမရဘဲ တရုတ်မှာရှိတဲ့ Server တစ်ခုဆီ ပြန်ပို့နေတာကြောင့် Play Store ကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။

                အခုတော့ UC Browser ကို ရေးဆွဲထားတဲ့ Alibaba Group လက်အောက်ခံ UCWeb ကုမ္ပဏီက သူတို့ Browser ကို ဗားရှင်းအသစ်နဲ့ Play Store မှာ ပြန်တင်လိုက်ပြီး၊ Google ပေါ်လစီတွေနဲ့ ကိုက်ညီစွာ Technical Settings တွေကို ပြင်ဆင်ထားတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ Google Play ပေါ်ကနေ UC Browser ပျောက်သွားတဲ့အကြောင်းရင်းကတော့ UC Browser ထဲက တစ်ချို့ Setting လေးတွေကြောင့်ပါ။ Google ပေါ်လစီနဲ့ မကိုက်တာလေးတွေ ရှိလို့ပေါ့နော်။ အများပြောနေကြသလို ဒေတာလုံခြုံရေးချိုးဖောက်တာတွေ၊ မက်လုံးပေး App ကြော်ငြာတာတွေကြောင့် အထုတ်ခံရတာ မဟုတ်ရပါဘူးဗျာ”

လို့ UCWeb ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

                ဒီ့အပြင် UC Browser ကို Play Store ကနေ စ,ထုတ်ခံရတုန်းက “Mike Ross” ဆိုသူတစ်ဦးက သူဟာ UC Browser မှာ အလုပ်လုပ်နေတဲ့သူဖြစ်ပြီး၊ UC Browser ကို Install အကြိမ်အရေအတွက်များအောင်လို့ မသမာတဲ့နည်းတွေသုံးနေတာကြောင့် အထုတ်ခံခဲ့ရကြောင်း သူ့ဆီ Mail ရောက်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် UCWeb ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းထားပါတယ်။

“ သတင်းတစ်ချို့မှာ ရေးထားသလို ကျနော်တို့ဆီမှာ ‘Mike Ross’ ဆိုတဲ့ နာမည်နဲ့ အလုပ်လုပ်နေတဲ့လူ တစ်ယောက်မှ မရှိရပါဘူးဗျာ။ UC Browser မှာ အလုပ်လုပ်တယ်လို့ ဆိုတဲ့လူတစ်ယောက်ဟာ ကုမ္ပဏီနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိသလို၊ ကျနော်တို့ရဲ့ ခံယူချက်တွေနဲ့လည်း ဘာမှမဆိုင်ပါဘူး။ အဲဒီလူပြောသွားတာတွေက အခြေအမြစ်မရှိသလို၊ လုံးဝအလိမ်အညာတွေပါပဲ”

                UC Browser အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး Google ကို ဆက်သွယ်ကြည့်ရာမှာတော့ “ကျနော်တို့ ပေါ်လစီတွေက User တွေအတွက် လုံခြုံစိတ်ချရအောင် ရေးဆွဲထားတာပါ။ ဒီပေါ်လစီတွေနဲ့ ညိစွန်းတဲ့ Apps တွေကို ကျနော်တို့ ဖယ်ရှားပစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

                ဒီတော့ ဘယ်သူ့စကားကို ယုံရမှန်း မသိပေမယ့်၊ Google Play ကပဲ ဖြစ်ဖြစ်၊ တခြား Third-party App Stores တွေကပဲ ဖြစ်ဖြစ် Apps တွေကို ကိုယ့်ဖုန်းထဲ Install လုပ်ပြီဆိုရင် သူတို့တောင်းတဲ့ Permissions တွေကို သေချာစစ်ဆေးပြီးမှ Allow လုပ်ပေးသင့်ပြီး၊ မလိုအပ်တဲ့ Permissions တွေ စွတ်တောင်းထားတဲ့ Apps မျိုးတွေကို ရှောင်ရှားတာက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မှာပါ။

References
Gadgets 360
About Author
Assinged Tags
Security Browser User Privacy Mobile Security App Privacy Google Play UC Browser
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed